Connect with us

Hi, what are you looking for?

News

PDF (က​လေး)ကစစ်​ကောင်စီတပ်ကားနှစ်စီးကို မိုင်းခွဲတိုက်ခိုက် ငါးဦးထပ်မနည်း​သေဆုံးဟု ထုတ်ပြန်

“ဒီလမ်းတွေကို အသုံးမပြုဖို့ သတိပေးစာထုတ်ထားတာကို ဂရုပြုစေချင်တယ်။ အကြမ်းဖက်စစ်တပ်က အရပ်သားဟန်ဆောင်ပြီးလာနိုင်တာမို့ လူထုအနေနဲ့ PDFတွေကို ကူညီတဲ့အနေနဲ့ သတိပေးချက်တွေကိုလိုက်နာပေးဖို့လို့ပါတယ်”ဟု ကလေးမြို့ခံတစ်ဦးကပြောသည်။

ကလေးမြို့နယ် မှန်တောနှင့် ကမ်းပါးနီကျေးရွာနှစ်ခုကြားတွင် အာဏာသိမ်းစစ်ကောင်စီ၏စစ်ကားနှစ်စီးကို ဆွဲမိုင်းဖြင့် တိုက်ခိုက်ရာ စစ်ကားတစ်စီးပျက်စီးပြီး အကြမ်းဖက်စစ်သား ငါးဦးထက်မနည်းသေဆုံးကြောင်း PDF(ကလေး) ကအောက်တိုဘာ ၂၃ ရက်တွင် သတင်းထုတ်ပြန်သည်။

ထိုသို့တိုက်ခိုက်မူကြောင့် စစ်​ကောင်စီတပ်သားများက ရမ်းသမ်းပစ်ခတ်မူများရှိသော်လည်း PDF(ကလေး) တပ်ဖွဲ့ဝင်များက အထိမခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

ညနေပိုင်းတွင်လည်း အကြမ်းဖက်စစ်ကောင်တပ်ဖွဲ့ဝင်များသည် အိမ်စီးကားငယ်တစ်စီးဖြင့် ကလေးမြို့မှ ထွက်ခွာလာရာတွင် PDF(ကလေး)တပ်ဖွဲ့ဝင်များကစစ်ဆေးရန် တားဆီးခဲ့ရာ အိမ်စီးကားမှာ လှည့်မောင်းပြေးခဲ့သည်။ထိုကြောင့် PDF(ကလေး)တပ်ဖွဲ့ဝင်များကို လိုက်လံပစ်ခတ်ရာ အိမ်စီးကားမှာ လမ်းဘေးချောက်အတွင်းပြုတ်ကျသွားသည်ဟု PDF(ကလေး)ကထုတ်ပြန်ထားသည်။

ယနေ့တွင် ရန်ကုန်မှ ကလေးမြို့သို့ High Class ခရီးသည်တင်ယာဉ်တစ်စီး မိုင်း ၆လုံးဖြင့် ဖောက်ခွဲခံရပြီး ကားမှန်များကြေမွပျက်စီးခဲ့သည်။ ထိုကားတွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများပါဝင်သည့်ဟုသော သတင်းအရ တိုက်ခိုက်ခြင်းဖြစ်သော်လည်း ကားပေါ်တွင် ကားသမား၊ ယာဉ်အကူနှင့်ခရီးသည်နှစ်ဦး စုစုပေါင်း ၄ဦးသာပါဝင်သည်။

Public Service Announcement

Public Service Announcement

“ဒီလမ်းတွေကို အသုံးမပြုဖို့ သတိပေးစာထုတ်ထားတာကို ဂရုပြုစေချင်တယ်။ အကြမ်းဖက်စစ်တပ်က အရပ်သားဟန်ဆောင်ပြီးလာနိုင်တာမို့ လူထုအနေနဲ့ PDFတွေကို ကူညီတဲ့အနေနဲ့ သတိပေးချက်တွေကိုလိုက်နာပေးဖို့လို့ပါတယ်”ဟု ကလေးမြို့ခံတစ်ဦးကပြောသည်။

တိုက်ပွဲအခြေအနေများကြောင့် ကလေး-ဂန့်ဂေါလမ်းကိုဖြတ်သန်းသွားလာခြင်းမပြုရန် PDF(ကလေး)က ထုတ်ပြန်ထားသည်။ အချိန်မ​ရွေးတိုက်ပွဲဖြစ်ပွားနိုင်၍ လုံခြုံရေးအတွက် ထုတ်ပြန်သတိပေးချက်အပေါ် အထူးလေးစားလိုက်နာပေးပါရန် PDF(ကလေး)က မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook