Connect with us

Hi, what are you looking for?

သတင်း

၁၀၂၇တစ်နှစ်ပြည့်တွင် MNDAA ဌာနချုပ်လောက်ကိုင်မြို့ကို စစ်ကောင်စီလေကြောင်း တိုက်ခိုက်

ကိုးကန့်တပ်မတော်(MNDAA) တိုက်ခိုက် သိမ်းပိုက်ထားသည့်လောက်ကိုင်မြို့ကို ယမန်နေ့ညတွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လာကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

လောက်ကိုင်​ဆေးရုံ နှင့် အနီးတဝိုက် စစ်တပ်၏ ဗုံးကြဲခံရပြီး​နောက် သြဂုတ် ၂ ရက်နံနက်ပိုင်းတွင် အပျက်အစီးများကို ရှင်းလင်း​နေ​ကြစဥ်။ ဓာတ်ပုံ - CJ

ဟန်နွေ/People’s Spring

ကိုးကန့်တပ်မတော်(MNDAA) တိုက်ခိုက် သိမ်းပိုက်ထားသည့် လောက်ကိုင်မြို့ကို ယမန်နေ့ညတွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လာကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

“၁၀၂၇ တစ်နှစ်ပြည့်တဲ့နေ့မှာပဲ စစ်ကောင်စီက တော့ MNDAAဌာနချုပ်ရှိရာ လောက်ကိုင်မြို့ကို လေကြောင်း ဗုံးကြဲတယ်လို့ ကနဦးသတင်းရရှိတယ်။ မြေပြင်အခြေအနေ မသိသေးဘူး ဆက်လက်စုံစမ်းနေဆဲ”ဟု ရှမ်းမြောက်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ယမန်နေ့ည ၁၂နာရီ ၂၀ မိနစ်နှင့် ၁၂နာရီ ၂၆ မိနစ်တို့တွင် လောက်ကိုင်မြို့ကို ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး ထိခိုက်သေဆုံး အခြေအနေများ စုံစမ်းနေဆဲဖြစ်သည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့်ရက်ပိုင်းကလည်း MNDAA ထိန်းချုပ်ရာ လားရှိုးနှင့် သိန္နီမြို့ကို လေကြောင်း တိုက်ခိုက်ခဲ့၍ အရပ်သား ပြည်သူ သေဆုံးထိခိုက်မှုများ ရှိခဲ့သည်။

စစ်ကောင်စီအနေဖြင့် ၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်နေ့တွင် လေကြောင်းစစ်ဆင်ရေး အရှိန်မြှင့်လုပ်ဆောင်မည်ဟု သတင်းရကြောင်း လားရှိုးမြို့ဒေသ သတင်းရင်းမြစ်တစ်ဦးက ပြောပြထားသည်။

လောက်ကိုင်အပြင် ရှမ်းမြောက်ရှိအခြားမြို့ရွာများကို လေကြောင်း တိုက်ခိုက်မှုရှိ၊မရှိ ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

MNDAA ၊ တအာင်း(TNLA)၊ ရက္ခိုင်(AA) တို့သည် ၂၀၂၃ အောက်တိုဘာ ၂၇ရက် နံနက်အစောတွင် ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်စခန်းအများအပြားကို ၁၀၂၇စစ်ဆင်ရေး အမည်ဖြင့် တပြိုင်တည်း စတင်တိုက်ခိုက်ခဲ့ရာ လောက်ကိုင်၊ ကွမ်းလုံ၊သိန္နီ၊ ချင်းရွှေဟော်၊ မုံးကိုး၊ လားရှိုးမြို့များနှင့် ဖောင်းဆိုင်၊ ကုန်းကြမ်းအပါအဝင် ကိုးကန့်ဒေသ တစ်ခုလုံးနှင့် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အပါအဝင် တပ်စခန်းရာချီကို MNDAAက စစ်ဆင်ရေး တစ်နှစ်အတွင်း သိမ်းပိုက်ခဲ့သည်။

အလားတူ TNLAကလည်း စစ်ဆင်ရေးတစ်နှစ်အတွင်း နမ့်ဆန်၊ နမ့်ခမ်း၊မန်တုံ၊ မိုင်းလုံ၊ မိုင်းငေါ့၊ နမ္မတူ၊ ကွတ်ခိုင်၊ သီပေါ၊ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်၊ နောင်ချို စသည့် မြို့ပေါင်း ၁၂မြို့နှင့် တပ်စခန်းရာချီ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ထိုသို့ သိမ်းပိုက်ခံရသည့် စစ်ကောင်စီက အဆိုပါဒေသများကို မြေပြင်ထိုးစစ် မပြုလုပ်နိုင်ဘဲ လေကြောင်းစစ်ဆင်ရေးများကို အဓိက ပြုလုပ်လျက်ရှိရာ အရပ်သား ပြည်သူ ရာချီသေဆုံးထိခိုက်ဒဏ်ရာရခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် စစ်ကောင်စီတို့ ဩဂုတ်က တွေ့ဆုံပြီးနောက် စစ်ကောင်စီသည် MNDAAနှင့် TNLA ထိန်းချုပ်ရာ မြို့ရွာများကို လေကြောင်း တိုက်ခိုက်မှုများအရှိန်မြှင့်လုပ်ဆောင်နေသကဲ့သို့ တရုတ်အစိုးရကလည်း TNLAနှင့် MNDAA တို့ကို တိုက်ပွဲရပ်ရန် ဖိအားပေးခြင်း ခြိမ်းခြောက်ခြင်းများရှိခဲ့သည်ဟု စစ်ရေးသတင်းရင်းများက ပြောထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

တရုတ်နိုင်ငံမှာ ​သေဒဏ်​ပေးခံရတဲ့ကိုးကန့်ခေါင်းဆောင်ဟောင်းပယ်ဆောက်ချိန်နဲ့ မိသားစုတွေပိုင်ဆိုင်ခဲ့တဲ့ လောက်ကိုင်မြို့က အဆောက်အအုံတွေနဲ့ အိမ်ရာတွေကို MNDAA က ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲဝင် တပ်ဖွဲ့ဝင်တွေ၊ကျဆုံးရဲ​ဘော်​တွေရဲမိသားစုဝင်​တွေကိုမဲနှိုက်ပြီးခွဲဝေပေးနေပါတယ်။