Connect with us

Hi, what are you looking for?

သတင်း

ထိုင်းမှာကာလရှည်နေထိုင်ခဲ့တဲ့ရွှေ့ပြောင်းအခြေချသူ ၅ သိန်းနီးပါးကို နိုင်ငံသားဖြစ်ခွင့်ပေးမယ်

အစိုးရက NSCရဲ့ အဆိုပြုချက်ကို လက်ခံပေးပြီးတဲ့နောက် ရက်ပေါင်း ၃၀ ကနေ ၆၀ အတွင်း သတ်မှတ် လုပ်ထုံးလုပ်နည်း အစီအမံတွေကို ရေးဆွဲ ကြေညာပေးဖို့ ပြည်ထဲရေး ဝန်ကြီးဌာနကို တာဝန် အပ်နှင်းခဲ့ပါတယ်။

Khaosod English
Khaosod English

-People’s Spring

နိုင်ငံ စီးပွားရေး တိုးတက်မှုကို အထောက်အပံ့ ဖြစ်စေဖို့ ရည်ရွယ်ပြီး ထိုင်းအစိုးရဟာ ပြည်တွင်းမှာ ကာလရှည်ကြာ ရောက်ရှိနေခဲ့တဲ့ ရွှေ့ပြောင်းအခြေချသူ ၅ သိန်းနီးပါးကို ထိုင်းနိုင်ငံသား ခံယူခွင့် ပေးသွားမယ်လို့ သိရပါတယ်။

ထိုင်းအစိုးရဟာ အဲဒီကိစ္စကို လက်ခံ ခွင့်ပြုလိုက်တဲ့နောက် ရက်ပေါင်း ၆၀ အတွင်း အကောင်အထည်ဖော်ဖို့ ပြည်ထဲရေး ဝန်ကြီးဌာနကို ညွှန်ကြားလိုက်ပါတယ်။ အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဂျီရာယူ ဟွန်ဆပ်က အမျိုးသား လုံခြုံရေး ကောင်စီ (NSC)က တင်ပြခဲ့တဲ့ ကာလရှည်ကြာ ရွှေ့ပြောင်းအခြေချသူ နိုင်ငံခြားသား ၄၈၃၀၀၀ ကို ထိုင်းနိုင်ငံသားဖြစ်ခွင့်ပေးရေး အဆိုပြုချက်ကို အောက်တိုဘာ ၂၉ ရက်နေ့၊ အစိုးရအဖွဲ့ အစည်းအဝေးမှာ လက်ခံ အတည်ပြုခဲ့တာလို့ ပြောကြားခဲ့ပါတယ်။

အဲဒီ အစီအစဉ်အရ ထိုင်းမှာ နှစ်ရှည်လများ ရောက်ရှိနေတဲ့ ရွှေ့ပြောင်း အခြေချသူတွေ၊ ရွှေ့ပြောင်းလုပ်သားတွေ၊ ထိုင်းနိုင်ငံမှာ မွေးဖွားတဲ့ သူတို့ရဲ့ သားသမီးတွေကို နိုင်ငံသား ခံယူခွင့်ရရေး လျင်မြန် ချောမွေ့အောင် ကူညီသွားမယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းမှာ နှစ်ရှည်လများ ရွှေ့ပြောင်း အခြေချ နေထိုင်သူတွေနဲ့ ပတ်သက်လို့ နှစ်အပိုင်းအခြားအလိုက် အုပ်စုတွေ ခွဲခြား သတ်မှတ်ထားရာမှာ ၁၉၈၄ ကနေ ၁၉၉၉ ထိ အတောအတွင်း ရောက်ရှိနေသူ ၁၂၀၀၀၀ ဝန်းကျင်၊ ၂၀၀၅ ကနေ ၂၀၁၁ ထိ အတောအတွင်း ရောက်ရှိနေသူ ၂၁၅၀၀၀ ဝန်းကျင် ရှိကြပါတယ်။

တတိယ အုပ်စုအနေနဲ့ ထိုင်းနိုင်ငံမှာ မွေးဖွားတဲ့ လူနည်းစု တိုင်းရင်းသား အနွယ်ဝင် ကလေးတွေဖြစ်ပြီး အရေအတွက် ၂၉၀၀၀ ဝန်းကျင်လောက် ဖြစ်ပါတယ်။ စတုတ္ထ အုပ်စုကတော့ ထိုင်းမှာ မှတ်တမ်းမှတ်ရာ၊ မွေးစာရင်း တိတိကျကျ မှတ်ပုံ တင်မထားနိုင်ခဲ့တဲ့ ကလေး ၁၁၃၀၀၀ လောက် အကျုံးဝင်ပြီး စုစုပေါင်း အရေအတွက်က ၄၈၃၀၀၀ လောက်ထိ များပြားနေပါတယ်။

ပုံမှန် လုပ်ထုံးလုပ်နည်းတွေအတိုင်းဆိုရင် အဲဒီ လူ ၅ သိန်းနီးပါးကို စိစစ်ပြီး နိုင်ငံသားအဖြစ် ခွင့်ပြုလက်ခံဖို့ ၄၄ နှစ်လောက် အချိန်ယူရမယ့်သဘော ဖြစ်ပေမယ့် ထိုင်းအစိုးရကတော့ အလျင်အမြန် ပြီးပြတ်စေမယ့် နည်းလမ်းတွေကို စဉ်းစားနေပါတယ်။

အစိုးရက NSCရဲ့ အဆိုပြုချက်ကို လက်ခံပေးပြီးတဲ့နောက် ရက်ပေါင်း ၃၀ ကနေ ၆၀ အတွင်း သတ်မှတ် လုပ်ထုံးလုပ်နည်း အစီအမံတွေကို ရေးဆွဲ ကြေညာပေးဖို့ ပြည်ထဲရေး ဝန်ကြီးဌာနကို တာဝန် အပ်နှင်းခဲ့ပါတယ်။

အခု လျာထားတဲ့ လူပုဂ္ဂိုလ် ၄၈၃၀၀၀ ဟာ ထိုင်းနိုင်ငံမှာ အချိန်ကြာကြာ နေထိုင်ခဲ့ပြီး ပုံမှန် အလုပ်လုပ်နိုင်သလို ရှိသင့်တဲ့ အရေးကြီးတဲ့ စာရွက်စာတမ်းတွေလည်း ရှိနေပြီလို့ ဂျီရာယူက ပြောပါတယ်။ ဒါကြောင့်လည်း အဲဒီ လူပုဂ္ဂိုလ်တွေရဲ့ လွတ်လပ်စွာ ခရီးသွားခွင့်၊ သူတို့ရဲ့ အခြေချ နေထိုင်မှုနဲ့ တည်နေရာတွေကို သိရှိမှုတွေ တရားဝင် ဖြစ်လာမယ်ဆိုရင် နိုင်ငံ စီးပွားရေး အပါအဝင် ကဏ္ဍအများအပြားမှာ ကောင်းကျိုး ဖြစ်စေလိမ့်မယ်လို့ သူက မှတ်ချက်ပေးသွားခဲ့ပါတယ်။

ကိုးကား/ ဓါတ်ပုံ- Khaosod English

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုမှာ ဒဏ်ရာပြင်းထန်ခဲ့တဲ့ ကျောင်းသူတစ်ဦး ထပ်မံ သေဆုံးသွားခဲ့ပါတယ်။ ဒါကြောင့် သေနတ်သမား ကျောင်းသားရဲ့ လက်ချက်ကြောင့် သေဆုံးသူ စုစုပေါင်းဟာ ၉ ဦး ရှိလာခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က စိန့်ဂေဘရီရယ် ကောလိပ်မှာ ကျောင်းသား တစ်ဦးက သေနတ်ပြ ခြိမ်းခြောက်မှု ဖြစ်ပွားအပြီး လုံခြုံရေး တင်းကျပ်လိုက်သလို စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်နားက စာသင်ကျောင်း ပစ်ခတ်မှုမှာ အဓိက သံသယတရားခံ ကျောင်းသား လူငယ်ရဲ့ အဖိုးအဖွားတွေကိုပါ သေဆုံးလျက်သား ရှာတွေ့ခဲ့ကြောင်း ရဲတွေက ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ နေ့ကလေးထိန်း ကျောင်းအဆောက်အအုံကို ကားတစ်စီးက ဝင်တိုက်မိပြီး လူ ၁၀ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့ပါတယ်။