Connect with us

Hi, what are you looking for?

သတင်း

ထိုင်းအစိုးရသစ် လူစာရင်းကို အခုသီတင်းပတ်မှာ အတည်ပြုနိုင်ဖွယ် ရှိတယ်လို့ ဝန်ကြီးချုပ် ပေတွန်တန်ပြော

အစိုးရ အဖွဲ့သစ်ကို အတည်ပြု ဆုံးဖြတ်ပြီး ဖြစ်ကြောင်း၊ အခုသီတင်းပတ်ထဲမှာ တရားဝင် စတင် အသက်ဝင် လည်ပတ်နိုင်ဖို့ မျှော်လင့်ထားကြောင်း ထိုင်းဝန်ကြီးချုပ်သစ်က ပြောပါတယ်။

ပေတွန်တန် ရှီနာဝပ်ထရာက သူဟာ အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေ နေရာကို တိတိကျကျ ရွေးချယ် ခန့်အပ်ထားပြီး ဖြစ်သလို အခုသီတင်းပတ်ထဲမှာ ထိုင်းဘုရင်ဆီက တော်ဝင် အမိန့်စာနဲ့ အသိအမှတ်ပြု အပ်နှင်းမှုကို လက်ခံရရှိမယ်လို့ မျှော်လင့်ထားကြောင်း ဆိုပါတယ်။

ထိုင်းအခြေခံ ဥပဒေ ခုံရုံးရဲ့ ဆုံးဖြတ်ချက်အရ ဝန်ကြီးချုပ်ဟောင်း ဆရက်သာ သာဗီဆန်ဟာ ရာထူးကနေ ဖယ်ရှား ခံခဲ့ရတဲ့နောက် လက်ရှိ ညွန့်ပေါင်း အစိုးရကို ဦးဆောင်နေတဲ့ ဖျူထိုင်းပါတီ (PTP) အကြီးအကဲ ပေတွန်တန်ကို လွှတ်တော်မှာ ဝန်ကြီးချုပ်သစ်အဖြစ် အဆိုပြု တင်မြှောက်နိုင်ခဲ့ပါတယ်။ သူဟာ ထိုင်းနိုင်ငံ သမိုင်းမှာ အသက်အငယ်ဆုံး ဝန်ကြီးချုပ်၊ ဒုတိယမြောက် အမျိုးသမီး ဝန်ကြီးချုပ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ ပေတွန်တန်ဟာ တရားဝင် အစိုးရအဖွဲ့ကို မဖွဲ့စည်းနိုင်သေးတာကြောင့် သူ့ရဲ့ ဦးဆောင်မှုဟာ ယာယီ အစိုးရ အနေနဲ့သာ ရှိနေဆဲပါ။ ပေတွန်တန်နဲ့ နီးစပ်သူတွေက အစောပိုင်းမှာ အစိုးရသစ်ကို စက်တင်ဘာ လလယ်လောက်မှာ အတည်ပြု ကြေညာနိုင်မယ်လို့ မှတ်ချက် ပေးခဲ့ဖူးပါတယ်။ ဒါပေမဲ့ ပေတွန်တန်ရဲ့ အဆိုအရ အခုသီတင်းပတ်မှာတင် အစိုးရသစ်က ရုပ်လုံးပေါ်လာတော့မယ့် အဓိပ္ပါယ်ပါပဲ။

အတွင်းသတင်း တချို့ရဲ့ အဆိုအရ နိုင်ငံခြားရေးနဲ့ ဘဏ္ဍာရေး ဝန်ကြီးတွေဟာ ဆရက်သာ လက်ထက်က လူဟောင်းတွေ ဆက်ရှိနေနိုင်ပြီး ဝန်ကြီးနဲ့ ဒုတိယ ဝန်ကြီးနေရာ ၁၁ ယောက်လောက်ကိုတော့ အပြောင်းအလဲ လုပ်ထားတယ်လို့ သိရပါတယ်။

PTPရဲ့ အတွင်းရေးမှူးချုပ် ဆိုရာဝေါင် သိန်သောင်က ညွန့်ပေါင်းအစိုးရသစ်ဟာ ဆရက်သာ လက်ထက်တုန်းကထက်တောင် လွှတ်တော်ထဲမှာ အမတ်နေရာတချို့ ပိုမို ထိန်းချုပ်နိုင်မယ်လို့ မျှော်လင့်ကြောင်း မှတ်ချက်ပေးခဲ့ပေမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်မပြောခဲ့ပါဘူး။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှီနာဝပ်ထရာရဲ့ သမီးလည်းဖြစ်တဲ့ ပေတွန်တန်ဟာ စစ်တပ်နဲ့ သဟဇာတဖြစ်တဲ့ ပါလန် ပရာချာရတ် ပါတီကို ညွန့်ပေါင်း အစိုးရ စုစည်းမှုကနေ လက်တွဲဖြုတ်ခဲ့ပြီး အဲဒီပါတီရဲ့ ခါးသီးပြိုင်ဘက် ဒီမိုကရက် ပါတီနဲ့ ပေါင်းစည်းခဲ့ကြောင်း သိရပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းမှာကိုယ်ပိုင်သင်္ချိုင်းနေရာရချင်နေတဲ့နိုင်ငံခြားသားတွေကိုယ့်နိုင်ငံကိုယ်ပြန်သေကြလို့ ထိုင်းဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။

သတင်း

စစ်တပ်ကို တရားဝင်မှုပေးနိုင်တဲ့လုပ်ရပ်တွေ ရှောင်ရှားဖို့နဲ့ ဒုက္ခသည်တွေကို အဓမ္မပြန်လည်ပို့ဆောင်တာတွေကနေကာကွယ်ပေးဖို့ ထိုင်းဝန်ကြီးချုပ်ဆီကို တောင်းဆိုတဲ့လှုပ်ရှားမှုကို ပြည်ပရောက် မြန်မာတွေက ဒီနေ့(စက်တင်ဘာ၂) သက်ဆိုင်ရာ ထိုင်းနိုင်ငံသံရုံးတွေရှေ့မှာ တပြိုင်နက်လုပ်ဆောင်ခဲ့ကြပါတယ်။

သတင်း

ထိုင်းအဆိုပြုတဲ့ ညှိနှိုင်းထိတွေ့ဆက်ဆံဗျူဟာအကျိုးမရှိဟု​ထောက်ပြ

ဆောင်းပါး

'မင်းအောင်လှိုင်' ရဲ့ ရက် ၁၀၀ မူဝါဒကြေညာချက်ကို ဖတ်ပြီးနောက် ကျွန်တော် ပိုမိုယုံကြည်လာတာက ထိုင်းနိုင်ငံအနေနဲ့ ဒီလူရဲ့ ခရီးစဉ်ကို ပယ်ဖျက်သင့်တယ်ဆိုတာပါ!!

Facebook