Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အင်ဒိုနီးရှား မီးတောင်ပေါက်ကွဲပြီး လူ ၆ ဦးထက်မနည်း သေဆုံး၊ အရေးပေါ် ကြေညာချက် အမြင့်ဆုံး ထုတ်ပြန်ထား

နိုဝင်ဘာ ၄ ရက် မနက်အစောပိုင်း အရုဏ်မတက်ခင်ကစပြီး ကမ္ဘာလှည့် ခရီးသွားတွေကြား ရေပန်းစားရာ ဖလောရက်စ် ကျွန်းပေါ်က လူဝေါ့တိုဘီ လာကီလာကီ မီးတောင်ဟာ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပြီး ချော်ပြာနဲ့ ချော်ရည်တွေကို မှုတ်ထုတ်ခဲ့ပါတယ်။

အင်ဒိုနီးရှား မီးတောင်ပေါက်ကွဲပြီး လူ ၆ ဦးထက်မနည်း သေဆုံး၊ အရေးပေါ် ကြေညာချက် အမြင့်ဆုံး ထုတ်ပြန်ထား
အင်ဒိုနီးရှား မီးတောင်ပေါက်ကွဲပြီး လူ ၆ ဦးထက်မနည်း သေဆုံး၊ အရေးပေါ် ကြေညာချက် အမြင့်ဆုံး ထုတ်ပြန်ထား

အင်ဒိုနီးရှား နိုင်ငံ အရှေ့ပိုင်းမှာ မီးတောင်တစ်လုံးက ညပိုင်း ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားပြီး လူအသေအပျောက်တွေပါ ရှိခဲ့တဲ့နောက် အာဏာပိုင်တွေက အမြင့်ဆုံးအဆင့် အရေးပေါ် သတိပေးချက်တွေ ထုတ်ပြန်ထားရပါတယ်။

နိုဝင်ဘာ ၄ ရက် မနက်အစောပိုင်း အရုဏ်မတက်ခင်ကစပြီး ကမ္ဘာလှည့် ခရီးသွားတွေကြား ရေပန်းစားရာ ဖလောရက်စ် ကျွန်းပေါ်က လူဝေါ့တိုဘီ လာကီလာကီ မီးတောင်ဟာ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပြီး ချော်ပြာနဲ့ ချော်ရည်တွေကို မှုတ်ထုတ်ခဲ့ပါတယ်။

အရှိန်နဲ့ တွန်းထွက်လာတဲ့ ချော်ခဲတွေဟာ အနီးတဝိုက် ကျေးရွာတွေဆီ ကျရောက်ပြီး မီးလောင်ကျွမ်းမှုတွေပါ ဖြစ်ပွားခဲ့တာကြောင့် ဒေသခံတွေကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ လက်ရှိ အချိန်ထိတော့ မီးတောင် ပေါက်ကွဲမှုတွေကြောင့် အသေအပျောက် အနည်းဆုံး ၆ ဦး စာရင်းရထားပြီး ပျောက်ဆုံးနေသူတွေလည်း ရှိနိုင်တယ်လို့ ဆိုပါတယ်။

ဒေသတွင်းမှာတော့ အာဏာပိုင်တွေဟာ မီးတောင်ပေါက်ကွဲမှု သတိပေးချက် အဆင့် ၄ ခု ရှိတဲ့အနက် အမြင့်ဆုံး အဆင့် သတ်မှတ် ထုတ်ပြန်ထားလိုက်ပါတယ်။ အသေအပျောက် ၆ ဦးထိ အတည်ပြုထားနိုင်ပြီး အရေးပေါ် ရွှေ့ပြောင်းရေးတွေ လုပ်ဆောင်နေဆဲလို့ အင်ဒိုနီးရှား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အေဂျင်စီ ပြောရေးဆိုခွင့်ရ အရာရှိ အက်ဘ်ဒူလ် မူဟာရီက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဗီဒီယို မှတ်တမ်းတွေအရ မီးတောင်တဝိုက် ကျေးရွာတွေမှာ ပြာမှုန်တွေ ထူထူထပ်ထပ် ဖုံးလွှမ်းနေပြီး တချို့နေရာတွေ မီးလောင်နေတာကို တွေ့ရပါတယ်။ အင်ဒိုနီးရှားမှာ ရှိနေတဲ့ AFP သတင်းထောက်ကတော့ အနည်းဆုံး ကျေးရွာ ၅ ခုကို အရေးပေါ် ရွှေ့ပြောင်းထားရတယ်လို့ သတင်းပေးပို့ထားပါတယ်။

နောက်ဆက်တွဲ မီးတောင်ပေါက်ကွဲမှုတွေ ဖြစ်လာရင် ချော်ပြာနဲ့ ချော်ခဲတွေ ကျဆင်းလာနိုင်တာကြောင့် မီးတောင်နား တဝိုက်ကနေ အမြန်ဆုံး စွန့်ခွာဖို့၊ နှာခေါင်းစည်းတွေ ဝတ်ဆင်ထားကြဖို့ အာဏာပိုင်တွေက အရေးပေါ် နှိုးဆော်နေပါတယ်။

ဇန်နဝါရီလတုန်းကလည်း အခုမီးတောင်ဟာ အပြင်းစား ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တာကြောင့် မီးတောင်ပေါက်ကွဲမှု သတိပေး နှိုးဆော်ချက် အမြင့်ဆုံး ထုတ်ပြန်ပြီး ကမ္ဘာလှည့် ခရီးသည်တွေ အပါအဝင် လူ ၂၀၀၀ လောက်ကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရဖူးပါတယ်။

အင်ဒိုနီးရှားဟာ ပစိဖိတ် မီးကွင်းဒေသလို့ ခေါ်ဝေါ်တဲ့ ရေအောက် မီးတောင် ရပ်ဝန်းနဲ့ ဆက်စပ် တည်ရှိနေပြီး မီးတောင်ပေါက်ကွဲမှု၊ ငလျင်လှုပ်ခတ်မှုတွေနဲ့ မစိမ်းလှတဲ့ နိုင်ငံ ဖြစ်ပါတယ်။

မနှစ်က ဒီဇင်ဘာလတုန်းကလည်း အနောက်ဆူမားတြားမှာ တည်ရှိပြီး နိုင်ငံရဲ့ အနိုးကြား၊ အလှုပ်ရှားဆုံး မီးတောင်တစ်ခုဖြစ်တဲ့ မာရာပီ ပေါက်ကွဲခဲ့တာကြောင့် တက္ကသိုလ် ကျောင်းသားအများစု အပါအဝင် ခြေလျင်နဲ့ တောင်တက်သမား ၂၄ ဦး သေဆုံးခဲ့ပါတယ်။

အခုနှစ် မေလမှာတော့ မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေကြောင့် အဲဒီမီးတောင်တဝိုက် စုနေတဲ့ ချော်ခဲကြီးတွေ လူနေဧရိယာထဲ ပြိုဆင်းမှု ဖြစ်ပွားပြီး လူ ၆၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံမှာ ခရီးသည်တင် ကူးတို့ရေယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၅ ဦးသေ၊ ၄၀ ကျော် ပျောက်ဆုံးနေပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

အတွေးအမြင်

ကုန်ခဲ့တဲ့ ရွေရောင်တောက်ပခဲ့တဲ့ကာလတစ်ခုမှာ ကျွန်တော်တို့တတွေ ခရီးဝေးတစ်ခု သွားတော့မယ်ဆိုရင် ဖြစ်ဖြစ်၊ ညဘက် စာကျက်ရင်း ဗိုက်ဆာရင်ဖြစ်ဖြစ် အရင်ဆုံး ပြေးမြင်မိတာကတော့ ဝေဖာချိုချိဆိမ့်ဆိမ့်လေးတွေဖြစ်တဲ့ Nabati မုန့်ထုပ်လေးတွေပါပဲ။ အဝါရောင်အထုပ်ကလေးကတော့ လူကြိုက်အများဆုံးဖြစ်ပြီး ပန်းရောင်၊ အပြာ၊ ချောကလက်စတဲ့အထုပ်တွေလည်း ကြိုက်ကြတာပဲ။