Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားရောက် ​မြောက်ကိုရီးယားတပ်တွေ ယူကရိန်း လက်နက်ကြီးဒဏ် ခံစားခဲ့ရပြီး ဖြစ်တယ်လို့ဆို

ရုရှားနိုင်ငံ ပိုင်နက်ထဲကို ရောက်နေတဲ့ မြောက်ကိုရီးယား တပ်ဖွဲ့တွေကို စတင် တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းက အတည်ပြုခဲ့ပါတယ်။

ရုရှားရောက် ​မြောက်ကိုရီးယားတပ်တွေ ယူကရိန်း လက်နက်ကြီးဒဏ် ခံစားခဲ့ရပြီး ဖြစ်တယ်လို့ဆို
ရုရှားရောက် ​မြောက်ကိုရီးယားတပ်တွေ ယူကရိန်း လက်နက်ကြီးဒဏ် ခံစားခဲ့ရပြီး ဖြစ်တယ်လို့ဆို

People’s Spring

ဒါဟာ ရုရှားကို စစ်ကူပေးဖို့ မြောက်ကိုရီးယားတပ်တွေ ရုရှားပိုင်နက်ထဲ ရောက်ရှိနေပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တဲ့နောက်ပိုင်း ယူကရိန်းက အဲဒီတပ်တွေက ပထမဆုံးအကြိမ် တိုက်ခိုက်မှုလို့လည်း ယူဆရပါတယ်။

ယူကရိန်း လုံခြုံရေးဆိုင်ရာ ထိပ်တန်း အရာရှိ တစ်ဦးက ရုရှားပိုင် ကာ့စ်ခ်ဒေသထဲမှာ ရောက်နေတဲ့ မြောက်ကိုရီးယား တပ်တွေကို ယူကရိန်းက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ နိုဝင်ဘာ ၅ ရက်နေ့တုန်းက Instagramမှာ ရေးသားထားခဲ့တာ ဖြစ်ပါတယ်။

ကာ့စ်ခ်ဒေသထဲကို အစောဆုံး ရောက်လာတဲ့ မြောက်ကိုရီးယား တပ်တွေဟာ လက်နက်ကြီးဒဏ် စတင်ခံစားထားရပြီး ဖြစ်တယ်လို့ ယူကရိန်း လုံခြုံရေး ကောင်စီရဲ့ သတင်းမှား တိုက်ဖျက်ရေးဌာန အကြီးအကဲ အန်ဒရီ ကိုဗာလန်ကိုက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားရောက် ​မြောက်ကိုရီးယားတပ်တွေ ယူကရိန်း လက်နက်ကြီးဒဏ် ခံစားခဲ့ရပြီး ဖြစ်တယ်လို့ဆို
ရုရှားရောက် ​မြောက်ကိုရီးယားတပ်တွေ ယူကရိန်း လက်နက်ကြီးဒဏ် ခံစားခဲ့ရပြီး ဖြစ်တယ်လို့ဆို

အမေရိကန်၊ တောင်ကိုရီးယားနဲ့ ယူကရိန်း စစ်ထောက်လှမ်းရေးတွေက မြောက်ကိုရီးယား တိုက်ခိုက်ရေး တပ်ဖွဲ့ဝင် ၁၂၀၀၀ လောက်ထိ ရုရှားကို စစ်ကူပေးဖို့ စေလွှတ်ဖွယ် ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

ရုရှား အစိုးရက မြောက်ကိုရီးယားတပ်တွေ ပြည်တွင်းကို ရောက်ရှိနေပြီး စစ်သင်တန်း တက်နေကြောင်း သတင်းတွေကို ငြင်းဆိုထားခြင်း မရှိပါဘူး။

မြောက်ကိုရီးယား တပ်တွေဟာ ရုရှားနိုင်ငံ အနောက်ပိုင်းမှာရှိတဲ့ ကာ့စ်ခ်ဒေသမှာ စတင်ဖြန့်ကျက်နေပြီး အဲဒီဒေသကို ယူကရိန်းက ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် ထိပ်တိုက်တွေ့မှုတွေ ဖြစ်လာနိုင်ကြောင်း အရင်ကတည်းက ခန့်မှန်းမှုတွေ ရှိခဲ့ပြီးသားပါ။

ကိုဗာလန်ကိုက မြောက်ကိုရီးယား တပ်တွေကို ယူကရိန်းက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ် ဆိုတာနဲ့ ပတ်သက်ပြီး အသေးစိတ်ကိုတော့ မှတ်ချက် မပေးခဲ့ပါဘူး။

လက်ရှိ စစ်မြေပြင် အနေအထားအရ ရုရှားဟာ ပြုန်းတီးအင်အားကို နည်းလမ်းမျိုးစုံနဲ့ ပြန်လည် ဖြည့်တင်းနိုင်စွမ်း ရှိနေခြင်းနဲ့အတူ ယူကရိန်း အရှေ့ပိုင်း၊ ဒွန်းညက်စ်ခ်ဒေသမှာ အခြေအနေ အသာစီး ရနေပြီး ယူကရိန်း ကာကွယ်ရေးတပ်တွေ ဖြည်းဖြည်းချင်းစီ ဆုတ်ခွာနေရတယ်လို့လည်း သိရပါတယ်။

ကိုးကား-Sky News

ဓါတ်ပုံ-ရိုက်တာ ၊အယ်လ်ဂျာဇီးယား

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။