Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်တွင် တိုက်ပွဲမရှိဘဲ စစ်ကောင်စီ နှစ်ရက်ဆက် လေကြောင်းတိုက်ခိုက်

စစ်ကောင်စီတပ်သည် ယမန်နေ့ကလည်း မင်းတပ်မြို့အနီးတစ်နေရာကို လေကြောင်း ဗုံးကြဲခဲ့ပြီး စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံက အသိပေးသည်။

(ပြီးခဲ့သည့် အောက်တိုဘာ ၁၅ရက်က မင်းတပ်မြို့တနေရာကို စစ်ကောင်စီတပ်သားများက မီးရှို့ဖျက်ဆီးနေစဉ်။ ဓာတ်ပုံ - Hkl-Mindat)
(ပြီးခဲ့သည့် အောက်တိုဘာ ၁၅ရက်က မင်းတပ်မြို့တနေရာကို စစ်ကောင်စီတပ်သားများက မီးရှို့ဖျက်ဆီးနေစဉ်။ ဓာတ်ပုံ - Hkl-Mindat)

ထားမြတ်/People’s Spring

ချင်းပြည်နယ် မင်းတပ်မြို့အနီး ပြည်သူများနေထိုင်ရာ ကျေးရွာအချို့ကို စစ်ကောင်စီက ယနေ့(နိုဝင်ဘာ ၆ရက်) လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက ပြောသည်။

နိုဝင်ဘာ ၆ရက် နံနက်စော ၂နာရီ ၁၁ မိနစ်မှစ၍ မင်းတပ်မြို့ တိုက်နယ်(၃)တစ်နေရာကို စစ်ကောင်စီက ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံး အသုံးပြုပြီး နှစ်ကြိမ်တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

ထို့ပြင် ရော့ကစ်များ၊ ပွိုင့်ဖိုက်များဖြင့်လည်း ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဒေသခံက အသိပေးသည်။

Public Service Announcement

Public Service Announcement

” အိမ်တွေ ဘုရားကျောင်းတွေ ပျက်တယ်။ လူက (လူထိခိုက်မှုရှိမရှိ ) မသိရသေးဘူး။ ပြည်သူတွေ နေတဲ့ရွာ ။တိုက်ပွဲမရှိဘူး။ မင်းတပ်မြို့နဲ့တော့ အရမ်းနီးကပ်တဲ့ရွာ”ဟု မင်းတပ်ဒေသခံက ပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၇လုံး၊ ဘုရားရှစ်ခိုးကျောင်း၂ကျောင်းထိခိုက်ပျက်စီးခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့ကလည်း မင်းတပ်မြို့အနီးတစ်နေရာကို လေကြောင်း ဗုံးကြဲခဲ့ပြီး စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံက အသိပေးသည်။

စစ်ကောင်စီအနေဖြင့် မင်းတပ်မြို့နယ်ကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခြင်း၊ မင်းတပ်မြို့ပေါ်ရှိ ပြည်သူလူထုနေအိမ်များကို မီးရှို့ခြင်း၊ မင်းတပ်အခြေစိုက် ခလရ(၂၇၄) တပ်ရင်းကို လေကြောင်းမှ ရိက္ခာခဲယမ်းဖြည့်တင်းခြင်းများ ပြုလုပ်လျက်ရှိသည်။

မင်းတပ် ချင်းဒေသကာကွယ်ရေးတပ်(CDF)၏ ထုတ်ပြန်ချက်အရ အောက်တိုဘာအတွင်း စစ်ကောင်စီက မင်းတပ်မြို့နယ်ကို ဗုံးသီး ၇၇ လုံး ကြဲချ တိုက်ခိုက်ခဲ့ပြီး နေအိမ် ၃၀ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။