Connect with us

Hi, what are you looking for?

သတင်း

ရွေး​ကောက်ပွဲအနိုင်ရ​ ထရမ့်အားNUG ယာယီသမ္မတ ဂုဏ်ပြု

NUGယာယီသမ္မတ ဒူဝါလရှီးလက သူ၏ X(ယခင် twitter)လူမှုကွန်ရက်အကောင့်မှတဆင့် ဒေါ်နယ်ထရန့်အကောင့်ကို Tag တွဲကာ ရေးသားထားခြင်းဖြစ်သည်။

ရွေး​ကောက်ပွဲအနိုင်ရ​ ထရမ့်အားNUG ယာယီသမ္မတ ဂုဏ်ပြု
ရွေး​ကောက်ပွဲအနိုင်ရ​ ထရမ့်အားNUG ယာယီသမ္မတ ဂုဏ်ပြု

-အိမ်သွင်/ People’s Spring

သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရခြင်းအတွက် ဂုဏ်ယူကြောင်းနှင့်ခိုင်မြဲသည့်ဆက်ဆံရေး ဆက်လက်တည်ဆောက်သွားမည်ဟု အမေရိကန်သမ္မတဒေါ်နယ်လ်ထရမ့် အား အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ယာယီသမ္မတ ဒူဝါလရှီးလက လူမှုကွန်ရက်မှတဆင့် ချီးကျူးဂုဏ်ပြုလိုက်သည်။

NUGယာယီသမ္မတ ဒူဝါလရှီးလက သူ၏ X(ယခင် twitter)လူမှုကွန်ရက်အကောင့်မှတဆင့် ဒေါ်နယ်ထရန့်အကောင့်ကို Tag တွဲကာ ရေးသားထားခြင်းဖြစ်သည်။

” အမေရိကန်သမ္မတအဖြစ် ပြန်လည် ရွေးကောက် အနိုင်ရရှိမှု အပေါ် ဂုဏ်ယူပြီး ဒေါ်နယ်ထရမ့်၏ ခေါင်းဆောင်မှုအောက်တွင် အရေးကြီးပြီး ခိုင်မာသောဆက်ဆံရေး ဆက်လက်ထူထောင်သွားရန်မျှော်လင့်သည်ဟု ” အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည်။

Public Service Announcement

Public Service Announcement

အမေရိကန်နိုင်ငံတွင် နိုဝင်ဘာ ၅ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ၌ ‌ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်း ဒေါ်နယ်ထရမ့်က ပြိုင်ဘက် ကာမာလာဟားရစ်ကို အနိုင်ယူပြီး ၄၇ဦးမြောက် သမ္မတအဖြစ်တင်မြောက်ခံရသည်။ ဒေါ်နယ်ထရမ့်အတွက် ဂုဏ်ယူကြောင်း နိုင်ငံတကာအစိုးရများကလည်း သတဏ်လွှာပေးပို့ခြင်း၊ ဖုန်းဆက်ဂုဏ်ပြုခြင်းများ ပြုလုပ်နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဦးဆောင်မှု ၊အနစ်နာခံမှုကို ကျေးဇူးဆပ်ဖို့ သူ့ရဲ့ လမ်းညွှန်ချက်တွေလိုက်နာဖို့လိုအပ်သလို သမီးဖြစ်သူကိုကာကွယ်ဖို့ တာဝန်ရှိဟုဆို