Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်ဟာ သတ္တိရှိသူ တစ်ယောက်လို ပူတင် ချီးကျူး

ထရမ့်ဟာ ရွေးကောက်ပွဲကြို မဲဆွယ်မှုတွေမှာ သူသမ္မတဖြစ်လာရင် ယူကရိန်း စစ်ပွဲကို ရပ်တန့်စေမယ်လို အကြိမ်ကြိမ် ပြောခဲ့ဖူးပေမယ့် အသေးစိတ်ကိုတော့ မှတ်ချက် မပေးခဲ့ပါဘူး။

ထရမ့်ဟာ သတ္တိရှိသူ တစ်ယောက်လို ပူတင် ချီးကျူး
ထရမ့်ဟာ သတ္တိရှိသူ တစ်ယောက်လို ပူတင် ချီးကျူး

ရွေးကောက်ပွဲမှာ တကျော့ပြန် ယှဉ်ပြိုင်ခဲ့ခြင်းက ဒေါ်နယ်လ်ထရမ့်ဟာ အင်မတန် သတ္တိရှိတယ်ဆိုတာကို ညွှန်ပြနေပြီး ထိုက်ထိုက်တန်တန် အနိုင်ရခဲ့တာလည်း ဖြစ်တယ်လို ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ပြောကြားခဲ့ပါတယ်။

ရုရှားနိုင်ငံ၊ ဆိုချီမြိုမှာ နိုဝင်ဘာ ၇ ရက်နေ့က ပြုလုပ်တဲ့ အခမ်းအနား တစ်ခုမှာ ပူတင်က ထရမ့်ရဲ့ ရွေးကောက်ပွဲ အောင်မြင်မှုနဲ့ ပတ်သက်လို အခုလို ချီးကျူးစကား ဆိုခဲ့တာ ဖြစ်ပါတယ်။ ရုရှားအစိုးရဟာ ထရမ့်ရဲ့ ရွေးကောက်ပွဲ အောင်မြင်မှုကို တရားဝင် အကြောင်းကြား ဂုဏ်ပြုမှုမျိုး မရှိခဲ့ပေမယ့် ပူတင်က အခုလိုမျိုး ချီးကျူးစကား ဆိုခဲ့တာပါ။

၂၀၁၇ ကနေ ၂၀၂၁ ခုနှစ်ထိ တာဝန်ယူခဲ့တဲ့ ထရမ့်ရဲ့ ပထမ သမ္မတသက်တမ်း ၄ နှစ်တာအတွင်း သူ့ကို ဘက်ပေါင်းစုံကနေ ဝိုင်းဝန်း ထိုးနှက်မှုတွေ အများကြီး ရှိခဲ့ကြောင်း၊ အဲဒါကို မမှုဘဲ ရွေးကောက်ပွဲ တစ်ကြိမ် ရှုးနိမ့်ဖူးပြီးတာတောင် ပြန်ရုန်းထပြခဲ့တဲ့ ထရမ့်ဟာ တကယ်သတ္တိရှိကြောင်း ပူတင်က ဆိုပါတယ်။

သူက ထရမ့်အနေနဲ့ ယူကရိန်းစစ်ပွဲ ရပ်စဲရေးအတွက် ကူညီသွားမယ်လို ပြောဖူးတဲ့ စကားတွေကို စိတ်ဝင်စားပြီး အနည်းဆုံးတော့ အလေးထား စောင့်ကြည့်ဖို ထိုက်တန်တယ်လို ယူဆကြောင်းလည်း မှတ်ချက်ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်ဟာ ရွေးကောက်ပွဲကြို မဲဆွယ်မှုတွေမှာ သူသမ္မတဖြစ်လာရင် ယူကရိန်း စစ်ပွဲကို ရပ်တန့်စေမယ်လို အကြိမ်ကြိမ် ပြောခဲ့ဖူးပေမယ့် အသေးစိတ်ကိုတော့ မှတ်ချက် မပေးခဲ့ပါဘူး။

ပူတင်က သူ့အမြင်မှာတော့ ထရမ့်ရဲ့ လုပ်ရပ်တွေဟာ သင့်တော်မှန်ကန်ပြီး ယောက်ျားပီပီ သတ္တိရှိတယ်လို ယူဆမိကြောင်း ဆိုပါတယ်။ ရုရှားဟာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် လက်ထက်မှာ ယူကရိန်း ပဋိပက္ခကို အကြောင်းပြုပြီး ဆက်ဆံရေး အတင်းမာဆုံး ဖြစ်ခဲ့ပါတယ်။

သတင်းထောက်တွေက ပူတင်အနေနဲ့ ထရမ့်အာဏာရလာရင် သူနဲ့ ဆွေးနွေးဖို အသင့်ရှိနေသလားလို မေးမြန်းခဲ့တဲ့အခါ ပူတင်က အမြဲတမ်း အသင့်ဖြစ်နေကြောင်း ဖြေကြားသွားပါတယ်။ ထရမ့်ကိုယ်တိုင်ကလည်း နိုဝင်ဘာ ၇ ရက်နေ့တုန်းက NBCနဲ့ အင်တာဗျူးမှာ သူဟာ ပူတင်နဲ့ စကားပြောဖြစ်လိမ့်မယ်လို ယူဆကြောင်း ပြောထားခဲ့ပါတယ်။

ရုရှားရဲ့ ရန်ဘက် ယူကရိန်းဖက်မှာတော့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက သူဟာ ရွေးကောက်ပွဲ အနိုင်ရသူ ထရမ့်နဲ့ နွေးထွေးပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုမျိုး လုပ်ဆောင်ထားပြီး ဖြစ်တယ်လို သံတမန်ဆန်ဆန် မှတ်ချက်ပေးထားပါတယ်။ ဒါပေမဲ့ ယူကရိန်းနဲ့ အမေရိကန်ကြား၊ ဥရောပနဲ့ အမေရိကန်ကြားက ပူးပေါင်းဆောင်ရွက်မှုတိုင်းဟာ အပြုသဘောဆောင်ပြီး အပေါင်းလက္ခဏာဆန်တာ သေချာဖိုတော့ လိုအပ်တယ်လို ဇီလန်စကီးက ဆိုပါတယ်။

ယူကရိန်းနဲ့ ဥရောပ နိုင်ငံတွေမှာတော့ ဇန်နဝါရီလကစလို ထရမ့် အာဏာရလာချိန်မှာ အမေရိကန် အစိုးရဟာ ယူကရိန်းဆီ ပေးပိုနေတဲ့ စစ်ရေး အထောက်အပံ့တွေကို သိသိသာသာ လျှော့ချပစ်မှာ၊ ဒါမှမဟုတ် ရပ်တန့်ပစ်လိုက်မှာ စိုးရိမ်နေကြကြောင်းလည်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လောလောဆယ်တော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံဖို့ မဖြစ်နိုင်လောက်သေးကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က မှတ်ချက်ပေးခဲ့ပါတယ်။

နိုင်ငံတကာ

၂၀၃၆ ခုနှစ်ထိ သမ္မတ ရာထူးကို ဆက်လက် တာဝန်ယူမလားဆိုတဲ့ မေးခွန်းကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ရှောင်လွှဲ ဖြေဆိုသွားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ မျက်နှာစုံညီ တွေ့ဆုံချင်ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အတိအလင်း တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

တရုတ်နဲ့ ရုရှားတို့ကြားက ဆက်ဆံရေးနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို နှစ်နိုင်ငံ သမ္မတတွေက အပြန်အလှန် ချီးကျူးခဲ့ကြပါတယ်။