Connect with us

Hi, what are you looking for?

News

ကော့ကရိတ်ဘက်မှာ စစ်​ကောင်စီတပ်ဖမ်းဆီးသွားတဲ့ မသန်စွမ်းရွာသားတစ်ဦးရဲ့အ​လောင်း​တွေ့

အောက်တိုဘာ ၁၉ ရက်က ရွာသစ်ကျေးရွာမှာ ဝင်ရောက်လာတဲ့ စစ်တပ်က ရွာသားတစ်ဦးဖြစ်တဲ့ အသက် ၄၀ ကျော် ဦးမြင့်အောင်ကို ဖမ်းဆီးလိုက်ပြီး သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ကော့ကရိတ်မြို့နယ် ရွာသစ်ကျေးရွာမှာ စစ်​ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ် မြုပ်နှံထားခဲ့တဲ့ မသန်စွမ်းတစ်ဦးရဲ့ အလောင်းကို ဒီကနေ့ မနက်ပိုင်းမှာ ရွာသားတွေက တူးဖော်တွေ့ရှိခဲ့ပါတယ်။

အောက်တိုဘာလ အစောပိုင်းကစပြီး ကရင်ပြည်နယ် ကော့ကရိတ်မြို့အနီး ကော့နွဲ့၊ မြို့ဟောင်း၊ ရွာသစ်စတဲ့ကျေး​ရွာ​တွေမှာ နယ်မြေခံ KNLA တပ်မဟာ ၆ နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ကျေးရွာတွေထဲကို စစ်တပ်က ဝင်ရောက်နေရာယူတပ်စွဲခဲ့တာပါ။

အောက်တိုဘာ ၁၉ ရက်က ရွာသစ်ကျေးရွာမှာ ဝင်ရောက်လာတဲ့ စစ်တပ်က ရွာသားတစ်ဦးဖြစ်တဲ့ အသက် ၄၀ ကျော် ဦးမြင့်အောင်ကို ဖမ်းဆီးလိုက်ပြီး သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

အသတ်ခံရတဲ့ ဦးမြင့်အောင်ဟာ ခြေတဖက်မသန်စွမ်းသူတစ်ဦးဖြစ်ပြီး စစ်တပ်ကရွာထဲ ဝင်ရောက်လာချိန်မှာ ဖမ်းဆီးခံခဲ့ရတာပါ။

Public Service Announcement

Public Service Announcement

စစ်တပ်က မြုပ်နှံထားတဲ့ ဦးမြင့်​အောင်ရဲ့အ​ဘောင်းကို ဒီကနေ့မနက်ပိုင်းမှာ ရွာသားတွေက ပြန်တူးဖော်ရှာတွေ့ခဲ့တာလို့ ဒေသခံတွေကဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ တိုက်ပွဲတွေဖြစ်ပွားနေချိန်ကာလအတွင်း လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာ၊ ဒေသခံလူနေအိမ် ဆိုင်ခန်းတွေကို မီးရှို့တာနဲ့ ဒေသခံရွာသားတွေကို ဓားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်တာစတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများစွာကို ကျူးလွန်လျက်ရှိနေတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။