Connect with us

Hi, what are you looking for?

သတင်း

ပွင့်ဖြူမြို့နယ်ရှိ ကျေးရွာသုံးရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ပွင့်ဖြူမြို့နယ်တောင်ပိုင်း ကျေးရွာများမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ပွင့်ဖြူမြို့နယ်ရှိ ကျေးရွာသုံးရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်
ပွင့်ဖြူမြို့နယ်ရှိ ကျေးရွာသုံးရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

အိမ်သွင်/People’s Spring

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တောင်ပိုင်းရှိ ကျေးရွာအချို့၌ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက ယ‌နေ့( နိုဝင်ဘာ ၁၂ရက်)နေ့လယ်ပိုင်းတွင် ကျေးရွာ သုံးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

သုံးမိုင်ပေါက်၊ ကျွဲခြံနှင့် လယ်မကျေးရွာကို ဂျက်ဖိုက်တစ်စီးဖြင့် ဗုံးငါးလုံးကြဲချ တိုက်ခိုက်ခဲ့ခြင်းဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင်အမှတ်(၇) တပ်ရင်းက သတင်းထုတ်ပြန်သည်။

နေ့လယ် ၁နာရီတွင် လေကြောင်းမှတိုက်ခိုက်ခြင်းဖြစ်ပြီး ထိခိုက်မှုအခြေအနေကို မသိရှိရသေးပေ။

Public Service Announcement

Public Service Announcement

“နိမ့်နိမ့်လေးပျံတာဗျ။ အသံကျယ်တယ်။ ဖုန်းလိုင်းတွေ ဖြတ်ထားတော့ ဘာမှမေးမရဘူးဖြစ်နေတယ်ဗျ။ ဂျက်ဖိုက်တာတွေက ပတ်ပျံနေသေးတယ်။ ရွာဘက်တွေမှာ တိုက်ပွဲဖြစ်နေတာက မှန်တယ်။ သုံးလေးရက်လောက်ရှိနေပြီ”ဟု ပွင့်ဖြူမြို့ခံတစ်ဦးက ပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှုကို စုံစမ်းနေဆဲဖြစ်ကြောင်း မင်းဘူးခရိုင်အမှတ်(၇) တပ်ရင်းက ထုတ်ပြန်သည်။

စစ်ကောင်စီသည် နိုဝင်ဘာ ၉ ရက် နံနက်ကစ၍ ပွင့်ဖြူမြိုနယ်၊ မဲဇလီနယ်မြေရဲစခန်း၌ အင်အားဖြည့်တင်းပြီး အနီးရှိကျေးရွာများကို စစ်ကြောင်းထိုးကာ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်။

ထို့အပြင် စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ပွင့်ဖြူမြို့နယ်တောင်ပိုင်း ကျေးရွာများမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

စစ်ရေးတင်းမာနေမှုကြောင့် မင်းဘူးမြို့နှင့် ပွင့်ဖြူမြို့ ဆက်သွယ်ထားသည့် ပုသိမ် – မုံရွာကားလမ်းပိုင်းရှိ ဝန်လိုရွာ၊ခိုနန်းရွာ၊ သုံးမိုင်ပေါက်၊ ငါးမိုင်ပေါက် လမ်းပိုင်းများကို လုံးဝအသုံးမပြလည်း ကြရန် မင်းဘူးခရိုင်အမှတ်(၇) တပ်ရင်းက နိုဝင်ဘာ ၉ရက်တွင် သတိပေးထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်