Connect with us

Hi, what are you looking for?

သတင်း

ပွင့်ဖြူမြို့နယ်တောင်ပိုင်းရှိ ကျေးရွာများကိုစစ်ကောင်စီတပ် စစ်ကြောင်းထိုး

စစ်ကောင်စီတပ်က မဲဇလီရဲစခန်းကနေလက်နက်ကြီးနှင့် ပစ်ခတ်မှုကြောင့် ကျွဲခြံရွာသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း ၎င်းကဆက်ပြောသည်။

(စစ်တပ်စစ်​ကြောင်းတခုကို​တွေ့ရစဥ်(ပုံ​ဟောင်းဖြစ်ပါသည်) ဓါတ်ပုံ-စစ်​ကောင်စီ )
(စစ်တပ်စစ်​ကြောင်းတခုကို​တွေ့ရစဥ်(ပုံ​ဟောင်းဖြစ်ပါသည်) ဓါတ်ပုံ-စစ်​ကောင်စီ )
▪︎စစ်တပ်ကမဲဇလီရဲစခန်းမှ ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်နေ

တာရာ/People’s Spring

မ​​ကွေးတိုင်း ၊ပွင့်ဖြုမြို့နယ်တောင်ပိုင်းရှိကျေးရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေ၍ ဒေသခံကာကွယ်ရေးတပ်များနှင့် စစ်ရေးတင်းမာနေပြီး စစ်တပ်က ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများက​ပြောသည်။

နိုဝင်ဘာ ၉ ရက်မနက်ပိုင်းမှစ၍ စစ်ကောင်စီတပ်က မဲဇလီရဲစခန်းကို အင်အားဖြည့်တင်းပြီး အနီးအနားရှိကျေးရွာကို လက်နက်ကြီးများပစ်ခတ်နေခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။

“ဒီနေ့ မနက် ၇နာရီခွဲလောက်ထဲက မဲဇလီကို အင်းအားဖြည့်နေတာ အင်းအား ၁၀၀ လောက်ရှိတယ်။ ကာကွယ်ရေးတပ်တွေရှိတဲ့ ဘက်ကို စစ်ကြောင်းထိုးမယ့်ဖို့လုပ်နေကြတာပါ”ဟု ပွင့်ဖြူမြို့နယ်မှ ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က မဲဇလီရဲစခန်းကနေလက်နက်ကြီးနှင့် ပစ်ခတ်မှုကြောင့် ကျွဲခြံရွာသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း ၎င်းကဆက်ပြောသည်။

မဲဇလီရဲစခန်းကို ပွင့်ဖြူမြို့နယ်အတွင်းရှိ ဝါတပ်စစ်စခန်းမှ နိုဝင်ဘာ ၉ ရက်မနက်ပိုင်းက စ၍ အင်အားဖြည့်တင်းနေခြင်းဖြစ်သည်ဟု ဒေသခံကာကွယ်ရေးတပ်များနှင့် နီးစပ်သူတစ်ဦးကပြောသည်။

ဝါတပ်ဆိုသည်မှာ ပွင့်ဖြူနယ်ထဲ စစ်တပ်ချည်မျှင်နှင့်အထည်ချုပ်စက်ရုံအတွက် စက်ရုံ အလုပ်လုပ်ရသည့် စစ်တပ်စခန်းတခုဖြစ်သည်။

စစ်ကောင်စီက စစ်ကြောင်းထိုးမည်စိုး၍ ​ဒေသခံ​ကျေးရွာများမှ ပြည်သူအချို့လည်း ထွက်ပြေးတိမ်းရှောင်နေရသည့်ဟုသိရသည်။

စစ်ရေးတင်းမာနေမှုကြောင့် မင်းဘူး နှင့် ပွင့်ဖြူကို ဆက်သွယ်ထားသည့် ပုသိမ်-မုံရွာကားလမ်းကိုလည်း ယာယီအသုံးပြုခွင့်ရပ်ဆိုင်းထားကြောင်း ဒေသခံကာကွယ်ရေးတပ်များထံမှသိရသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးနေရာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူအင်အား ၁,၅၀၀ ခန့်ရောက်ရှိပြီး တပ်ဖြန့်ကာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် တန်ပြန်ထိုးစစ်ဆင်ဖို့ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းတွေပြင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။