Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးပူးပေါင်းတပ်များ ပုလဲမြို့မှပြန်ဆုတ်ခွာ

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုများအတွင်း ထွေအုပ်ရုံးမှ Non CDM ဝန်ထမ်းအချို့နှင့် ဒေသခံအချို့သေဆုံးခဲ့သည်ဟု ဆိုသည်။

(ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ခေါင်းဆောင် ဗိုလ်နဂါးက အပတ်စဥ် - ၁ သင်တန်းဆင်းပွဲ၌ ရဲဘော်တစ်ဦးအား လက်နက်ပေးအပ်နေစဉ်။ ဓာတ်ပုံ - BNRA)
(ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ခေါင်းဆောင် ဗိုလ်နဂါးက အပတ်စဥ် - ၁ သင်တန်းဆင်းပွဲ၌ ရဲဘော်တစ်ဦးအား လက်နက်ပေးအပ်နေစဉ်။ ဓာတ်ပုံ - BNRA)

မိထက်/People’s Spring

အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)နှင့် မိုင်(၄၀)နီးပါးကွာဝေးသော ပုလဲမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန်တိုက်ခိုက်ပြီး အင်အားဖြည့်တင်းလာ၍ တိုက်ပွဲလေးရက်မြောက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်များ မြို့မှ ပြန်လည်ဆုတ်ခွာခဲ့ရသည်။

တိုက်ခိုက်ရေးအဖွဲ့တွေရော၊ ဖြတ်တောက်ရေးအဖွဲ့တွေပါ ပြန်ဆုတ်ခဲ့ရပါပြီ။ မြို့ပေါ်ကို စစ်တပ်က ထိုင်ထားပါတယ်။ ဒေသခံတွေကတော့ တိမ်းရှောင်နေရတုန်းပါပဲ”ဟု ပုလဲမြို့ခံတစ်ဦးက ပြောသည်။

ပုလဲမြို့မရဲစခန်းနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ တပ်စွဲထားသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)ကဦးဆောင်ပြီး ဂျန်ဇီလူငယ်မျိုးဆက်တပ်တော်(GZA)နှင့် Southern YSO PDF ပူးပေါင်းတပ်တို့က ပြီးခဲ့သည့် တနင်္လာနေ့ နံနက်တွင် အပြင်းအထန် စတင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ သို့သော် နိုဝင်ဘာ ၁၁ရက်တွင် စတင်တိုက်ခိုက်ခြင်းမျိုးမဟုတ်ဘဲ အစောပိုင်းကတည်းက တိုက်ခိုက်နေပြီး ထိုနေ့မှသာ အပြင်အထန်စတင်ခဲ့ခြငးဟု BNRA ခေါင်းဆောင် ဗိုလ်နဂါးက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

မြို့နယ်ထွေအုပ်ရုံး စီးနင်းတိုက်ခိုက်မှုတွင် စစ်သုံ့ပန်းအချို့ ဖမ်းမိခဲ့သည်ဟု ပုလဲမြို့ခံက ဆိုသည်။

စစ်ကောင်စီက တိုက်ပွဲ ပထမနေ့ နံနက်ပိုင်းမှစတင်၍ လေကြောင်းမှအပြင်းအထန်တိုက်ခိုက်ခဲ့သည်။

တော်လှန်ရေးပူးပေါင်းတပ်များသည် ယနေ့(နိုဝင်ဘာ ၁၄ရက်)ညနေတွင် ပြန်လည်ဆုတ်ခွာခဲ့ကြရသည်။ ပထမနေ့တိုက်ပွဲများအတွင်း ပုလဲမြို့ကို အတိုင်းအတာတစ်ခုအထိထိန်းချုပ်နိုင်ပြီဟု BNRA ခေါင်းဆောင် ဗိုလ်နဂါး ပြောသည်။ နောက်ဆုံးအခြေအနေနှင့်ပတ်သက်၍ BNRAက သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

ယနေ့ (နိုဝင်ဘာ ၁၄ရက်) နေ့လည်ပိုင်းတွင် စစ်ကောင်စီက ပုလဲမြို့ပေါ်သို့ Mi17 ဖြင့် ၄ခေါက် စစ်ကူပို့လာသောကြောင့် တိုက်ပွဲဝင်ရဲဘော်များ ပုလဲမြို့ပေါ်မှ ဆုတ်ခွာပေးလိုက်ရသည်ဟု သိရကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုများအတွင်း ထွေအုပ်ရုံးမှ Non CDM ဝန်ထမ်းအချို့နှင့် ဒေသခံအချို့သေဆုံးခဲ့သည်ဟု ဆိုသည်။

” ရုပ်အလောင်းတွေက မကောက်နိုင်သေးတော့ ဘယ်ရွာကဘယ်သူတွေသေတယ်ဆိုတာ မသိရသေးဘူး။ အရပ်သားသေဆုံးမှုကတော့ရှိတယ်”ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

စစ်ကောင်စီသည် တိုက်ပွဲ၄ရက်အတွင်း ဂျက်ဖိုက်တာဖြင့် ၂၁ကြမ် Mi 35ဖြင့် ၆ကြိမ် ဗုံးကြဲတိုက်ခိုက်ခြင်း၊မီးလောင်ဗုံးဖြင့်ကြဲချခြင်းတို့ဖြင့် အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့ကြောင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားများ ထိခိုက်သေဆုံးပြီး ပြည်သူပိုင်နေအိမ်များ၊ ဌာနဆိုင်ရာ အဆောက်အဦးများလည်း ပြိုကျပျက်စီး မီးလောင်ခဲ့သည်ဟု ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ယနေ့ညနေပိုင်းတွင် ပုလဲမြို့ မင်းတိုင်ပင်ရွာနှင့် လက်ပုကန်ကျေးရွာကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် စစ်ကောင်စီက မြကုန်းကျေးရွာကိုလည်း မီးရှို့ဖျက်ဆီးနေသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ခန့်ကိုလည်း ရဟတ်ယာဉ်များဖြင့် အင်အားဖြည့်တင်းထားပြီး အဆိုပါစစ်ကြောင်းက ကျေးရွာအချို့ကို စစ်ကြောင်းထိုးနေကြောင်း သတင်းရရှိသည်။

ထို့ကြောင့် ပုလဲမြို့ပေါ်နှင့် အနီးကျေးရွာ ၁၂ရွာခန့်မှ ဒေသခံပြည်သူ တစ်သောင်းခန့်မှာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရပြီး စစ်ဘေးရှောင်များအား ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာများအပြင် မြိုင်မြို့နယ်၊ဆားလင်းကြီးမြို့နယ်၊ ယင်းမာပင်မြို့နယ် တို့ရှိကျေးရွာများ၌ သွားရောက် ခိုလှုံနေကြရကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးရဲဘော်အချို့ကျဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်း ရှိခဲ့သည်။

လက်ရှိတွင် ပုလဲမြို့သို့ရောက်ရှိနေသည့်စစ်ကောင်စီစစ်ကြောင်းက ကျေးရွာများအတွင်း စစ်ကြောင်းထိုးဝင်ရောက်မည့်အန္တရာယ်ကြောင့် ဒေသခံများစိုးရိမ်ပူပန်နေကြသည်။ ပုလဲမြို့တွင် မြို့ပေါ်ရှိစစ်ကောင်စီစခန်းအချို့အပြင် အင်းမထီးရွာ၊ ဇီးကုန်းရွာ၊ ကမ်းထောင့်ရွာတို့၌ စစ်ကောင်စီအမာခံစခန်းများရှိနေသည်။

ပြီးခဲ့သည့် ဇူလိုင်အတွင်းကလည်း ပုလဲမြို့ကို ကာ​ကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သော်လည်း လက်နက်ခဲယမ်းမလုံလောက်၍ဆိုကာ ပြန်လည်ဆုတ်ခွာပေးခဲ့သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန နည်းဗျူဟာ(၃၃)က တပ်သားသစ် ခေါ်ယူကြောင်း ဒီကနေ့ ဇူလိုင် ၂၃ရက်မှာ ထုတ်ပြန်ခဲ့ပြီး တပ်သားသစ်အဖြစ် ပါဝင်လိုသူတွေ အတွက် သတ်မှတ်ချက်တွေ ဖော်ပြထားပါတယ်။

ဆောင်းပါး

စစ်တပ်အာဏာသိမ်းတာကို လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်တပ်ကတိုက်ပွဲသုံးလက်နက်​တွေနဲ့ အကြမ်းဖက်သတ်ဖြတ်မှု တွေအပြီး မန္တလေးမြို့မှာ ၂၀၂၁ ခုနှစ်က စစ်တပ်ကို ထိတ်လန့် အောင်ပြုလုပ်နိုင်ခဲ့သူတွေ​ပေါ်လာခဲ့ပါတယ်။