Connect with us

Hi, what are you looking for?

သတင်း

ပုလဲမြို့နယ်၊ မင်းတိုင်ပင်ရွာကို စစ်ကောင်စီ ဗုံးကြဲ

​ ပုလဲမြို့​ပေါ်တွင် တိုက်ပွဲများပြင်းထန်​နေဆဲဖြစ်ပြီးစစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်​နေသလို ရဟတ်ယာဉ်ဖြင့် စစ်ကူများပို့ဆောင်နေကြောင်း ဒေသခံအချို့ကပြောသည်။

ပုလဲမြို့နယ်၊ မင်းတိုင်ပင်ရွာကို စစ်ကောင်စီ ဗုံးကြဲ
ပုလဲမြို့နယ်၊ မင်းတိုင်ပင်ရွာကို စစ်ကောင်စီ ဗုံးကြဲ

အိမ်သွင်/People’s Spring

ပုလဲမြို့ပေါ်မှ စစ်ကောင်စီစခန်းများကို ​တော်လှန်​ရေးတပ်များကတိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေချိန်တွင် ယနေ့ (နိုဝင်ဘာ ၁၄ ရက်)ညနေပိုင်း၌ ပုလဲမြို့မင်းတိုင်ပင်ရွာအား စစ်ကောင်စီက လေကြောင်းမှဗုံးကြဲခဲ့ကြောင်း ​ဒေသခံအချို့က​ပြောသည်။

ပုလဲမြို့ရဲစခန်းနှင့် အထကကျောင်း၌ တပ်စွဲထားသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA) နှင့် မဟာမိတ်တပ်များက န်ိုဝင်ဘာလ ၁၁ရက် မနက်တွင်စတင်တိုက်ခိုက်ခဲ့ပြီး ယနေ့အထိတိုက်ပွဲဆက်ဖြစ်နေသည်။

စစ်ကောင်စီသည် ပုလဲမြို့ပေါ်အပြင် ဘေးပတ်ဝန်းကျင်မှ ရွာများကိုပါ လေကြောင်းမှဗုံးကြဲတိုက်ခိုက်နေပြီး နိုဝင်ဘာ ၁၄ ရက်ညနေသုံးနာရီခန့်တွင် မင်းတိုင်ပင်ရွာအား ဂျက်ဖိုက်တာဖြင့်ဗုံးကြဲခြင်းဖြစ်​ကြောင်း ဒေသခံတဦးကပြောသည်။

Public Service Announcement

Public Service Announcement

“ကျမတို့တွေ ချောင်းတွေထဲမှာ ပုန်းနေရတယ်။ လေကြောင်းကနေဆက်တိုက်လာပစ်နေတယ်” ဟု ဒေသခံအမျိုးသမီးတဦးကပြောသည်။

အဆိုပါအမျိုးသမီးကပြောဆိုနေစဉ် ​ပေါက်ကွဲသံများနှင့် ကလေးငယ်များ၏ ငိုကြွေးသံအချို့ကိုပါ ကြားရသည်။

တိုက်ပွဲကြောင့် မင်းတိုင်ပင်ရွာအပါအဝင် ကျေးရွာဆယ်ရွာထက်မနည်းမှ ဒေသခံများ စစ်ဘေးတိမ်းရှောင်နေကြရသည်။ အရပ်သားများကို ကာကွယ်ရေးတပ်ဖွဲ့များနှင့်အတူ ဘေးလွတ်ရာသို့ပို့ဆောင်ပေးနေကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးကပြောသည်။

​ ပုလဲမြို့​ပေါ်တွင် တိုက်ပွဲများပြင်းထန်​နေဆဲဖြစ်ပြီးစစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်​နေသလို ရဟတ်ယာဉ်ဖြင့် စစ်ကူများပို့ဆောင်နေကြောင်း ဒေသခံအချို့ကပြောသည်။

ပုလဲမြို့တွင် မြို့ပေါ်ရှိစစ်ကောင်စီစခန်းအချို့အပြင် အင်းမထီးရွာ၊ ဇီးကုန်းရွာ၊ ကမ်းထောင့်ရွာတို့၌ စစ်ကောင်စီအမာခံစခန်းများရှိနေသည်။တိုက်ပွဲအတွင်း၌ အရပ်သားအချို့ ထိခိုက်သေဆုံးမှုရှိကြောင်း သတင်းများထွက်ပေါ်နေသည်။ မြို့သိမ်းတိုက်ပွဲဆက်လက်တိုက်ခိုက်နေဆဲဟု BNRAက ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။