ပြည်တွင်းရွှေဈေးအခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၁၈သိန်းအောက် ပြန်လည်ကျဆင်းလာကြောင်း ရန်ကုန် တိုင်းရွှေလုပ်ငန်းရှင်များက အသင်းထုတ်ပြန်သည်။
စက်တင်ဘာ ၂၈ ရက်တွင် အခေါက်ရွှေတစ်ကျပ်သားကို ၂၂သိန်းကျော်ပေါက်ဈေးရှိခဲ့ပြီး တစ်လခွဲအတွင်း ကျပ်လေးသိန်းကျော်ပြန်လည်ကျဆင်းလာခြင်းဖြစ်သည်ဟု ရွှေလုပ်ငန်းရှင်များက ဆိုသည်။
ကမ္ဘာ့ရွှေဈေးကျဆင်းနှင့် ဒေါ်လာဈေးကျဆင်းလာခြင်းကြောင့် ပြည်တွင်းရွှေဈေး ယခုလိုကျဆင်းလာခြင်းဖြစ်သည်ဟု ပြည်တွင်းရွှေလုပ်ငန်းရှင်များက ဆိုသည်။
“ဒီနှုန်းက အခုချိန်မှာ ရွှေဝယ်စုထားဖို့အချိန်ကောင်းပဲ။ ဒီနှုန်းက ပုံမှန်ရှိသင့်တဲ့ ဈေးလို့ ဆိုရမယ်”ဟု ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

Public Service Announcement
ယခုကာလသည် ပုံမှန်ရွှေဈေးကျဆင်းတတ်သည့် ကာလဖြစ်ပြီး မကြာခင်ဈေးပြန်တက်ရန် မျှော်လင့်ကြောင်း ရွှေအရောင်းအဝယ်လုပ်ဆောင်နေသူတစ်ဦးကပြောသည်။
ဒေါ်လာငွေလဲနှုန်းတွင် တစ်ဒေါ်လာကို ၂,၀၀၀အောက်ကို ကျဆင်းခဲ့ပြီး အောက်တိုဘာ ၂၅ ရက်တွင် တစ်ဒေါ်လာကို ၁,၉၅၀ကျပ်ပေါက်ဈေးရှိသည်။
ဒေါ်လာဈေးကျဆင်းနေဆင်းက နိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းများ ရပ်တန့်နေခြင်းနှင့် ကုန်သွယ်မူရပ်ဆိုင်းနေခြင်းကြောင့်ဖြစ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။
“ဒီအချိန်မှာ ဘာလုပ်ငန်းမှ မလုပ်တော့ ဒေါ်လာအပါ အဝင် နိုင်ငံခြားငွေက မလိုကြဘူးပေါ့၊လုပ်ငန်းတွေပြန်လည်ပတ်လာရင်တော့ ဒေါ်လာဈေးက ပြန်တတ်လာမှာပါ။ ”ဟု ၎င်းကဆိုသည်။


















































