Connect with us

Hi, what are you looking for?

News

ရွှေ​စျေး ၁၈သိန်းမ​ကျော်​အောင် ထိန်းချုပ်​နေဟုဆို

“ရန်ကုန်ရွှေအသင်းက အခုလိုထိန်းချုပ်ပေးနေတာကို စစ်ခေါင်းဆောင်တွေက သဘောကျမှာပေါ့။ ဒါပေ့မယ် ဈေးကွက်မှ အများကြီး ထိခိုက်နစ်နာရတယ်”ဟု ​ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ရွှေဈေးကို ၁၈သိန်းထက် မကျော်အောင် ထိန်းချုပ်နေကြောင်း ပြည်တွင်းရွှေလုပ်ငန်းရှင်များက ပြောသည်။

ပြင်ပပေါက်ဈေးတွင် အခေါက်ရွှေတစ်ကျပ်သားကို ၁၈သိန်းကျော်နေချိန်တွင် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက စစ်ကောင်စီအလိုကျ ပြည်တွင်းရွှေဈေးကို ၁၈သိန်းထက် မကျော်အောင် ဈေးဖွင့်နေသည်ဟု ပြည်တွင်းရွှေလုပ်ငန်းရှင်များက ပြောသည်။

ထိုအကျိုးဆက်အနေဖြင့် ရွှေမှောင်ခိုရောင်းဝယ်သည့်ဈေးကွက်ပေါ်ပေါက်နေကြောင်း ပြည်တွင်းဈေးကွက်အတွင်းမှ သိရသည်။

“ရန်ကုန်ရွှေအသင်းက အခုလိုထိန်းချုပ်ပေးနေတာကို စစ်ခေါင်းဆောင်တွေက သဘောကျမှာပေါ့။ ဒါပေ့မယ် ဈေးကွက်မှ အများကြီး ထိခိုက်နစ်နာရတယ်”ဟု ​ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ရန်ကုန်မြို့လယ် ရွှေဘုံသာလမ်းရှိ ရွှေအရောင်းအဝယ်လုပ်နေသည့် ဈေးကွက်မှတစ်ဆင့် ရွှေဈေးကို ထိန်းချုပ်ကန့်သတ်ဖို့ လုပ်ဆောင်နေခြင်းဖြစ်ပြီး ပြင်ပဈေးကွက်တွင် အမှန်တကယ် လက်တွေ့ကျသည်ဈေးနှုန်းဖြစ်မလာဟု ၎င်းကဆိုသည်။

“စစ်ဗိုလ်တွေက သူတို့လက်ထက်မှာ ရွှေဈေးကို တက်လာတာမလိုချင်ဘူး။ အရင်အစိုးရလက်ထက်မှာ ရွှေဈေးဘယ်၊ သူတို့လက်ထက်မှာ ဘယ်လောက်ရှိတယ်ဆိုတာမျိုး နှိုင်းယှဉ်တာကို စစ်တပ်ကမကြိုက်ဘူး။ ဒါကြောင့် မရရအောင် လိုက်ကန့်သတ်နေတာ”ဟု ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

နိုဝင်ဘာ ၁၇ ရက်က ပြင်ပပေါက်ဈေးတွင် အခေါက်ရွှေတစ်ကျပ်သားကို ၁၈၀၅၀၀၀ကျပ် ပေါက်ဈေးရှိသော် လည်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ၁၇၉၇၅၀၀ကျပ် ဈေးဖွင့်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

“ဒေါ်လာဈေးကတစ်သောင်းဖြစ်လည်းတည်ငြိမ်နေရင် စီးပွားရေးလုပ်လိုရတယ်၊တစ်သိန်းဖြစ်လည်းလုပ်လို့ရတယ်။ ဒီနေ့မှာ ၅၀၀၀ဖြစ်ပြီး နောက်နေ့မှာ ၄၀၀၀ဖြစ်သွားရင် စီးပွားရေးလုပ်မရဘူး။ ဒီသဘောကိုနားမလည်ဘဲ ဒေါ်လာဈေးကျအောင် ဇွတ်အတင်းဆွဲချနေတာမြင်ရတာသူတို့စီး

News

လက်ရှိတွင် အခေါက်ရွှေတစ်ကျပ်သားကို ၁,၈၁၂,၀၀၀ကျပ်ဖြင့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက သတ်မှတ်ခဲ့ပြီး ပြင်ပပေါက်စျေးတွင် ရွှေ တစ်ကျပ်သားကို ၁,၈၃၀,၀၀၀ကျပ်အထိ ရှိနေခြင်းဖြစ်သည်။

News

ကမ္ဘာ့ရွှေဈေးကျဆင်းနှင့် ဒေါ်လာဈေးကျဆင်းလာခြင်းကြောင့် ပြည်တွင်းရွှေဈေး ယခုလိုကျဆင်းလာခြင်းဖြစ်သည်ဟု ပြည်တွင်းရွှေလုပ်ငန်းရှင်များက ဆိုသည်။

ဆောင်းပါး

နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမူဥပဒေကို အကြမ်း ဖက်စစ်ခေါင်းဆောင်အမိန့်နဲ့ အောက်တိုဘာ ၆ရက်မှာပြင်ဆင်ခဲ့ပါတယ်။ဒီပြင်ဆင်ချက်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ထုတ်ပြန်သမျှ မလိုက်ရင် ထောင်ဒဏ်တစ်နှစ်၊ ငွေဒဏ်တွေကို ချမှတ်မယ်လို့ ဆိုပါတယ်။