Connect with us

Hi, what are you looking for?

News

ရွှေနှင့် ဒေါ်လာစျေး ပြန်လည်မြင့်တက်လာ

လက်ရှိတွင် အခေါက်ရွှေတစ်ကျပ်သားကို ၁,၈၁၂,၀၀၀ကျပ်ဖြင့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက သတ်မှတ်ခဲ့ပြီး ပြင်ပပေါက်စျေးတွင် ရွှေ တစ်ကျပ်သားကို ၁,၈၃၀,၀၀၀ကျပ်အထိ ရှိနေခြင်းဖြစ်သည်။

ရွှေတစ်ကျပ်သား ၁၈သိန်းကျော်နှင့် တစ်ဒေါ်လာ ၂,၀၀၀ ကျပ်နီးပါးအထိ ပြန်လည်မြင့်တက်လာကြောင်း ပြည်တွင်းဈေးကွက်အတွင်းမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်က ရွှေတစ်ကျပ်သား ၁၇သိန်းနှင့် တစ်ဒေါ်လာ ၁,၈၀၀ကျပ်အောက်ကျဆင်းခဲ့သည့် ပြည်တွင်းရွှေဈေးနှင့် ဒေါ်လာဈေးသည် ယနေ့( နိုဝင်ဘာ ၅ ရက်)တွင် ပြန်လည်မြင့်တက်လာခြင်းဖြစ်သည်။

လက်ရှိတွင် အခေါက်ရွှေတစ်ကျပ်သားကို ၁,၈၁၂,၀၀၀ကျပ်ဖြင့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက သတ်မှတ်ခဲ့ပြီး ပြင်ပပေါက်စျေးတွင် ရွှေ တစ်ကျပ်သားကို ၁,၈၃၀,၀၀၀ကျပ်အထိ ရှိနေခြင်းဖြစ်သည်။

ထို့အပြင် စစ်ကောင်စီထိန်းချုပ်ထားသည့် ဗဟိုဘဏ်က တစ်ဒေါ်လာကို ၁,၇၆၀ကျပ် ဈေးဖွင့်ထားသော်လည်း ပြင်ပပေါက်ဈေးတွင် ၁,၉၉၀ ကျပ်ရှိလာခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“ဈေးက အချိန်တိုင်းပြောင်းလဲနေတယ်။ လုပ်ငန်းရှင်တွေလဲ ထိုင်ကြည့်နေရတယ် ”ဟု လုပ်ငန်းရှင်တစ်ဦးကပြောသည်။

ဒေါ်လာဈေးပြန်လည်မြင့်တက်လာနိုင်သောကြောင့် ထိုင်းနိုင်ငံအတွင် ဖမ်းဆီးမိခဲ့သော ဒေါ်လာအတုများ မြန်မာပြည်တွင်းကို ရောင်းချခဲ့ကြောင်း သတင်းအမှားများကို စစ်ကောင်စီဘက်က ဝါဒဖြန့်နေကြောင်း ဗိုလ်တထောင်မြို့နယ်မှ ငွေလဲကောင်တာ ပိုင်ရှင်တစ်ဦးက ပြောသည်။

“ငွေတုလုပ်တာ နှစ်စဉ် တစ်ကမ္ဘာလုံးမှာ မိနေတာ။ ထိုင်းမှာမိတဲ့သတင်းကို ရောချပြီး လူတွေဒေါ်လာမဝယ်ရဲအောင် သတင်းမှားဖြန့်နေတာ။ ထိုင်းက ဒေါ်လာတုမြန်မာရောင်းတယ်ဆိုတာ သတင်းမှားတွေပါ”ဟု ၎င်းကပြောသည်။

ထိုသတင်းအမှားများတွင် ထိုင်းနိုင်ငံမှာ ဒေါ်လာတုများသည် ကမ္ဘာ့ဘဏ်ကသာ စစ်ဆေးနိုင်ကြောင်းလည်းပါဝင်ပြီး ထိုအချက်သည့် ရယ်စရာဖြစ်ကြောင်း ကမ္ဘာရွတ်မြို့နယ်မှ ငွေလဲကောင်တာပိုင်ရှင်အမျိုးသမီးတစ်ဦးက ဆိုသည်။

“ကမ္ဘာ့ဘဏ် ဆိုတာ ဖွံ့ဖြိုးမှုနိမ့်ကျဆင်းရဲသော နိုင်ငံ များ သို့ ငွေကြေး နည်းပညာ ထောက်ပံ့အကူအညီပေးသည့် အဖွဲ့အစည်း၊ ဘဏ် လုပ်ငန်းလုပ်ကိုင်တဲ့ အဖွဲ့အစည်းမဟုတ်ဘူးဆို စစ်တပ်ဘက်ဝါဒဖြန့်တဲ့ လူတွေ မသိဘူး။ တကယ်ကို ဟာသပဲ”ဟု ၎င်းက ပြောသည်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံတွင် ဒေါ်လာအတုဝင်ရောက်မှုမရှိသေး၍ ဒေါ်လာအတုကို မတွေ့ရခြင်းဖြစ် သည်ဟု ၎င်းကဆိုသည်။

စစ်ကောင်စီက ဝါဒဖြန့်မှုများကြောင့် ဒေါ်လာဝယ်အား တန့်နေခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတော်အာဏာကို လုယူပြီးနောက် တစ်ဒေါ်လာကို ၂,၈၀၀ကျပ်နှင့် ရွှေတစ်ကျပ်သားကို ၂၂သိန်းကျော်အထိ စက်တင်ဘာလ ကုန်ပိုင်းမြင့်တက်ခဲ့လာခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လွှတ်တော်ဆီက ခွင့်ပြုချက်ရရင် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ပုံ ရိုက်နှိပ်ထားတဲ့ ဒေါ်လာ ၂၅၀ တန် ငွေစက္ကူ အသစ်တွေ ထုတ်ဝေလာနိုင်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောပါတယ်။

သတင်း

ပြည်တွင်းမှာ ဒေါ်လာစျေးနဲ့ အတူ နိုင်ငံခြားငွေလဲနှုန်းတွေပါ တပြိုင်တည်း ဈေးတက်နေတယ်လို့ ငွေကြေးစျေးကွက်ကတဆင့် သိရပါတယ်။

သတင်း

ပြည်တွင်း စက်သုံးဆီတစ်လီတာကျပ်၁၀၀ကျော်စျေးခုန်တက်ပြီးရွှေစျေးလည်းတစ်ကျပ်သား သိန်း ၈၀ ကျော်နေဆဲဖြစ်သည်။

သတင်း

ပြည်တွင်း ရွှေ နှင့် ဒေါ်လာ စျေးဆက်တက်နေပြီး စက်သုံးဆီစျေးပါ လိုက်ပါမြင့်တက်လာကြောင်း သတင်းရရှိသည်။