Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေနှင့်ဒေါ်လာဈေးကျဆင်းလာသော်လည်းအ​ရောင်းအဝယ်မဖြစ်၊ အ​ထွေ​ထွေကုန်​ဈေးနှုန်းမကျ

“ဒေါ်လာဈေးကတစ်သောင်းဖြစ်လည်းတည်ငြိမ်နေရင် စီးပွားရေးလုပ်လိုရတယ်၊တစ်သိန်းဖြစ်လည်းလုပ်လို့ရတယ်။ ဒီနေ့မှာ ၅၀၀၀ဖြစ်ပြီး နောက်နေ့မှာ ၄၀၀၀ဖြစ်သွားရင် စီးပွားရေးလုပ်မရဘူး။ ဒီသဘောကိုနားမလည်ဘဲ ဒေါ်လာဈေးကျအောင် ဇွတ်အတင်းဆွဲချနေတာမြင်ရတာသူတို့စီး

ရွှေနှင့်ဒေါ်လာဈေးကျဆင်းလာသော်လည်းအ​ရောင်းအဝယ်မဖြစ်၊ အ​ထွေ​ထွေကုန်​ဈေးနှုန်းမကျ
ရွှေနှင့်ဒေါ်လာဈေးကျဆင်းလာသော်လည်းအ​ရောင်းအဝယ်မဖြစ်၊ အ​ထွေ​ထွေကုန်​ဈေးနှုန်းမကျ

ပြည်တွင်းရွှေဈေးနှင့်ဒေါ်လာဈေးကျဆင်းလာသော်လည်း ဈေးကွက်အတွင်း အရောင်းအဝယ်မရှိကြောင်း ပြည်တွင်းဈေးကွက်အတွင်းမှ သိရသည်။

လက်ရှိ ရွှေတစ်ကျပ်သားကို ၂၉ သိန်းနှင့် တစ်ဒေါ်လာကို ကျပ် ၃၂၀၀ အထိကျဆင်းလာသော်လည်း ဈေးကွက်အတွင်းအရောင်းအဝယ် မရှိကြောင်း ရွှေလုပ်ငန်းရှင်နှင့် ငွေလဲကောင်တာများကပြောသည်။

“ဒေါ်လာဈေးအတက်အကျများနေလို့ ဘယ်သူမှ မရောင်းကြဘူး၊ ဈေးကွက်ထဲမှာလည်း အရောင်းအဝယ်က မရှိသလောက်နည်းနေတယ်။”ဟုငွေလဲကောင်တာပိုင်ရှင်တစ်ဦးကပြောသည်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းက အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၁,၉၉၆,၀၀၀ သတ်မှတ်ထားသည်။ သို့သော်လည်း ပြင်ပပေါက်ဈေးတွင် တစ်ကျပ်သားကို ၂၉သိန်းဝန်းကျင်ရှိနေသည်။

“ဈေးတွေက တပါတ်နှစ်ပါတ်အတွင်းမှာ အတက်အကျက အရမ်းများနေတော့ ရောင်းမှားဝယ်မှားမဖြစ်အောင် ဂရုစိုက်နေကြတယ်”ဟု ရွှေဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။

ဩဂုတ်လကုန်ပိုင်းတွင် အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၃၅ သိန်းနှင့် တစ်ဒေါ်လာကို ကျပ် ၅၀၀၀ အထိမြင့်တက်ခဲ့ပြီးနောက် ယခုရက်ပိုင်းအတွင်း ဈေးပြန်ကျလာခြင်းဖြစ်သည်။

“အခုက ဈေးကွက်ပျက်တဲ့အခြေအထားပေါ့။ ရွှေနဲ့ဒေါ်လာဈေးကျပေ့မယ့် ကုန်ဈေးနှုန်းကမကျသေးဘူး၊ ဈေးက အတက်အကျများနေတော့ ကုန်သည်တွေလည်း အရောင်း

အဝယ်လုပ်လို့ရတဲ့ အနေအထားမဟုတ်ဘူး။”ဟု ရန်ကုန်အခြေစိုက်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

လက်ရှိတွင် အွန်လိုင်းမှ ဒေါ်လာအရောင်းအဝယ်သမားများကိုလည်း စစ်ကောင်စီ လော်ဘီများက ဖမ်းဆီးမည်ဟု လိုက်လံခြိမ်းခြောက်နေခြင်းကြောင့် အရောင်းအဝယ်ရပ်နားထားရသည်ဟု အွန်လိုင်းမှ ဒေါ်လာအရောင်း အဝယ်လုပ်သူတစ်ဦးကပြောသည်။

“ဒေါ်လာဈေးကတစ်သောင်းဖြစ်လည်းတည်ငြိမ်နေရင် စီးပွားရေးလုပ်လိုရတယ်၊တစ်သိန်းဖြစ်လည်းလုပ်လို့ရတယ်။ ဒီနေ့မှာ ၅၀၀၀ဖြစ်ပြီး နောက်နေ့မှာ ၄၀၀၀ဖြစ်သွားရင် စီးပွားရေးလုပ်မရဘူး။ ဒီသဘောကိုနားမလည်ဘဲ ဒေါ်လာဈေးကျအောင် ဇွတ်အတင်းဆွဲချနေတာမြင်ရတာသူတို့စီး

ပွားရေးပညာဘာမှ မတတ်ဘူးဆိုတာ မြင်သာတယ်”ဟုပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်တစ်ဦးကသူ၏အမြင်ကိုပြောသည်။

လက်ရှိတွင် ဒေါ်လာဈေးနှင့်ရွှေဈေးကျဆင်းလာသော်လည်း အခြေခံစားသောက်ကုန်ဈေးများနှင့် စက်သုံးဆီဈေးနှုန်းများမှာ ဆက်လက်မြင့်မားနေဆဲဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် ကျပ်ငွေတန်ဖိုးကျဆင်း​နေပြီးငွေကြေးဖောင်းပွနှုန်းသည်တစ်နှစ်အတွင်း ၁၂၇ ရာခိုင်နှုန်းရှိပြီး ကမ္ဘာ့ငွေကြေးဖောင်းပွမှုအဆိုးဆုံးနိုင်ငံမိားစာရင်းတွင်အဆင့် ၅ ၌ရပ်တည်​နေ​ကြောင်းအမေရိကန်အခြေစိုက် Johns Hopkins တက္ကသိုလ်က​ဖေည်ပြထားသည်။

You May Also Like

သတင်း

ဗြိတိန် အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး Anne-Marie Trevelyan သည် အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် တိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်များနှင့် ယမန်နေ့(မတ်လ ၂၀ရက်)တွေ့ဆုံမှုအပြီး ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။

သတင်း

ဒေါ်လာဝယ်ရောင်းဈေးသည် တစ်ဒေါ်လာကို ကျပ် ၅၀၀ခန့်ဈေးကွာနေပြီး ရွှေဈေးမှာလည်း တစ်ရက်အတွင်း ကျပ် ၁သိန်းခွဲကျော်အတက်ကျဖြစ်ခဲ့သည်။

သတင်း

“ဒေါ်လာက ဈေးဖွင့်တယ်ဆိုတာမရှိတော့မရှိတော့ဘူး။ ကြိုက်ရောင်းကြိုက်ဝယ်ပုံစံဖြစ်နေပြီ”ဟု ငွေလဲလုပ်ငန်းရှင်တစ်ဦးကပြောသည်။

သတင်း

“စစ်တပ်နဲ့ နီးစပ်တဲ့ သူဌေးတွေကိုက စစ်ကောင်စီမှာ ဒေါ်လာကော၊ရွှေကော ထိန်းချုပ်နိုင်တဲ့ စွမ်းရည်မရှိတော့ဘူးဆိုတာသိလာတယ်။ မြန်မာ့စီးပွားရေးဘာဆက်ဖြစ်မယ်ဆိုတာ ကြိုသိလာတော့ ရွှေနဲ့ ဒေါ်လာကို ရသလောက် ဝယ်စုနေတာပါ” ဟု လုပ်ငန်းရှင်တစ်ဦးကပြောသည်။