Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့နယ်တွင် စစ်ရှောင်ပြည်သူ ၄ ဦးကို PDFဟုစွပ်စွဲပြီး စစ်ကောင်စီဖမ်းဆီး

စစ်ကောင်စီတပ်သည် မုံရွာမြို့နယ်တောင်ပိုင်းရှိ ကျေးရွာများအား စစ်ကြောင်းထိုးနေပြီး ကျေးရွာ ၇ရွာခန့်မှ ပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရသည်။

(အာဏာသိမ်းအစောပိုင်းကာလက မုံရွာမြို့ပေါ်၌ ဆန္ဒပြပြည်သူများအား စစ်သားများက ဖြိုခွင်းဖမ်းဆီးနေစဉ်။ ဓာတ်ပုံ - RNA)
(အာဏာသိမ်းအစောပိုင်းကာလက မုံရွာမြို့ပေါ်၌ ဆန္ဒပြပြည်သူများအား စစ်သားများက ဖြိုခွင်းဖမ်းဆီးနေစဉ်။ ဓာတ်ပုံ - RNA)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် အမျိုးသမီးတစ်ဦးအပါအဝင် စစ်ရှောင်ပြည်သူ ၄ ဦးအား PDFဟု စွပ်စွဲကာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။

နိုဝင်ဘာ ၁၉ ရက် နေ့လည်ပိုင်းက မုံရွာမြို့နယ်၊ နိဗ္ဗာန်ဝကျေးရွာ ရွှေမြင်တင်တောင်ပေါ်ရှိ ဘုန်းကြီးကျောင်းအား စစ်ကောင်စီတပ်စစ်ကြောင်း ရောက်ရှိလာပြီး အဆိုပါကျောင်း၌ ခိုလှုံနေသော စစ်ဘေးရှာင်ပြည်သူ မချောစု၊ ကိုဝင်းဇော်၊ ပန်းရံလုပ်သားတစ်ဦးနှင့် တောင်ယာလုပ်သားတစ်ဦး စုစုပေါင်း စစ်ရှောင်ပြည်သူ ၄ ဦးအား ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။

“သူတို့က ကြေးမုံရွာအဝင်မှာနေတာဆိုတော့ ခဏခဏ ရွာမှာ စစ်ကြောင်း ထိုးခံနေရတော့

Public Service Announcement

Public Service Announcement

ဘေးလွတ်ရာ ရွှေမြင်တင်တောင်ပေါ်ကိုသွားနေကြတာ။ အဲ့ဒါကို လက်နက်ကိုင်ဆိုပြီး အမည်တပ် ဖမ်းသွားတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပြည်သူ ၄ ဦးအား PDFဟုစွပ်စွဲပြီး လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိခဲ့သည်ဟု စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရန်ချန်နယ်များတွင် ရေးသားကြသည်။

စစ်ကောင်စီတပ်သည် မုံရွာမြို့နယ်တောင်ပိုင်းရှိ ကျေးရွာများအား စစ်ကြောင်းထိုးနေပြီး ကျေးရွာ ၇ရွာခန့်မှ ပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။