Connect with us

Hi, what are you looking for?

News

မန္တလေးက မြရည်နန္ဒအိမ်ယာ တိုက်ခန်းတွေကို အခန်းနံပါတ်တပ်ထားကြဖို့စစ်ကောင်စီခြိမ်းခြောက်

အဲဒီအိမ်ရာက တိုက်ခန်းတွေကို မနေ့က တစ်ခန်းဝင်တစ်ခန်းထွက် မွေနှောက်ပြီးတဲ့နောက် တစ်ရက်အကြာ ဒီနေ့မှာစစ်ကောင်စီက ဆော်သြတာလည်းဖြစ်ပါတယ်။

ဝင်ပေါက်ထွက်ပေါက်တွေကို ပိတ်ဆို့ပြီး နာရီနဲ့ချီကာ တစ်ခန်းဝင် တစ်ခန်းထွက် စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်ဆေးခဲ့တဲ့ မန္တလေးက မြရည်နန္ဒာ အိမ်ရာက တိုက်ခန်းတွေကို တိုက်ခန်းနံပါတ်တွေ တပ်ထားကြဖို့ စစ်ကောင်စီက လိုက်လံဆော်သြနေပါတယ်။

အဲဒီအိမ်ရာက တိုက်ခန်းတွေကို မနေ့က တစ်ခန်းဝင်တစ်ခန်းထွက် မွေနှောက်ပြီးတဲ့နောက် တစ်ရက်အကြာ ဒီနေ့မှာစစ်ကောင်စီက ဆော်သြတာလည်းဖြစ်ပါတယ်။

” အခုညပိုင်း ကားနဲ့လိုက်အော်နေတာ တိုက်နံပါတ်တွေပြန်ရေးဖို့ဆိုပြီး၊တိုက်အမှတ် ၂၈က ယောကျာ်းလေးတွေအကုန်ဆင်းလို့အော်ပြီး တိုက်နံပါတ်ပြန်ရေးခိုင်းတယ်လို့ပြောတယ်”လို့အိမ်ရာမှာနေသူ အမျိုးသမီးတစ်ဦးကပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြရည်နန္ဒအိမ်ရာဝင်းက တိုက်ခန်းတွေကိုဝင်ရှာတာတွေရှိတာကြောင့်တိုက်ခန်းအများစုက တိုက်ခန်းနံပါတ်တွေကို ဖျက်ထားတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရှာရာမှာ အခက်အခဲတွေလို့ တိုက်အမှတ်တွေပြန်ရေးဖို့ အခုလိုလိုက်လံအော်နေတာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလ ၂၃ ရက် မြရည်နန္ဒာအိမ်ရာအနီး ဘောလုံးကွင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လုံခြုံရေးကင်းပေါက်ကွဲမှုဖြစ်ကာ ၁ ဦးသေပြီး ၂ ဦးဒဏ်ရာရသွားပါတယ်။

အဲဒီနောက်မြရည်နန္ဒအိမ်ရာကိုပစ်မှတ်ထားကာ နာရီနဲ့ချီပြီး စစ်ဆေးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ မီးသတ်ကယ်ဆယ်ရေးယာဉ်ရဲ့ စက်သုံးဆီဝယ်ယူခွင့် QR ကို ပွားကာ စက်သုံးဆီ လိမ်လည်ထုတ်ယူသွားကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

Facebook