Connect with us

Hi, what are you looking for?

သတင်း

မန်းရွှေစက်တော်ရာအနီး တိုက်ပွဲဖြစ်

တိုက်ခိုက်မှုကို မင်းဘူးခရိုင်၊ အမှတ် (၆)တပ်ရင်း၊ မင်းဘူးခရိုင်၊ အမှတ်(၈)တပ်ရင်းနှင့် မင်းဘူးခရိုင် ပကဖ ဒရုန်းလက်ရုန်းတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(မင်းဘူးခရိုင်၊အမှတ်(၆)တပ်ရင်း)၏ တပ်သားသစ်များပါဝင်သော အခြေခံစစ်ပညာအပတ်စဉ် (၁)သင်တန်းဆင်းပွဲမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - မင်းဘူးခရိုင်၊အမှတ်(၆)တပ်ရင်း)
(မင်းဘူးခရိုင်၊အမှတ်(၆)တပ်ရင်း)၏ တပ်သားသစ်များပါဝင်သော အခြေခံစစ်ပညာအပတ်စဉ် (၁)သင်တန်းဆင်းပွဲမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - မင်းဘူးခရိုင်၊အမှတ်(၆)တပ်ရင်း)

တာရာ/People’s Spring

မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်းပေါ်ရှိ မန်းရွှေစက်တော်ရာအဝင် မုခ်ဝအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀ ဦးခန့်သေဆုံးခဲ့ကြောင်း မင်းဘူးခရိုင် အမှတ်(၆) တပ်ရင်းက ယနေ့(နိုဝင်ဘာ ၃၀ရက်) ထုတ်ပြန်လိုက်သည်။

ရွှေစက်တော်ရာစေတီသည် မင်းဘူးမြို့မှ အနောက်တောင်ဘက် (၂၆)မိုင်ကွာဝေးသော အနောက်ရိုးမ အရှေ့ဘက်ဆုံး တောင်စွယ်ပေါ်တွင် တည်ရှိသည်။ စစ်ကောင်စီတပ်က ရွှေစက်တော်ဘုရားအတွင်း၌ ပြည်သူလူထုအကာကွယ်ယူ စစ်ရေးလှုပ်ရှားမှုများပြုလုပ်နေပြီး ပြည်သူလူထုထံမှ ငွေကြေးနှင့် အဖိုးတန်ပစ္စည်းများ လုယက်ယူငင်နေသောကြောင့် နိုဝင်ဘာ ၂၇ ရက်နံနက်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါတပ်ရင်းက ထုတ်ပြန်သည်။

“သူတို့(စစ်ကောင်စီတပ်)က ပုသိမ် – မုံရွာလမ်းမအတိုင်းကို စစ်ကြောင်းထိုးလာတာကို ကျွန်တော်တို့က ဆီးကြိုပြီးတိုက်ခိုက်ခဲ့တာပါ”ဟု မင်းဘူးခရိုင် အမှတ်(၆)တပ်ရင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အင်အား ၆၀ခန့်ပါသည့် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ပုသိမ် – မုံရွာလမ်းမပေါ်တွင် နှစ်နေရာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အနီးကပ်တိုက်ပွဲဖြစ်ကာ သတင်းကြိုရသဖြင့် လက်ဦးမှုရယူတိုက်ခိုက်ခဲ့ခြင်းဟု အဆိုပါတပ်ရင်းတာဝန်ရှိသူက ပြောသည်။ စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုနှင့်ပတ်သက်ပြီး လူထုနွေဦးက သီခြားအတည်မပြုနိုင်သေးပေ။

စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူ အလွန်အကျွံအသုံးပြုသဖြင့် ကာကွယ်ရေးတပ်များဘက်က ဒရုန်းဖြင့် တိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ရသည်ဟုလည်း အဆိုပါတပ်ရင်းတာဝန်ရှိသူက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို မင်းဘူးခရိုင်၊ အမှတ် (၆)တပ်ရင်း၊ မင်းဘူးခရိုင်၊ အမှတ်(၈)တပ်ရင်းနှင့် မင်းဘူးခရိုင် ပကဖ ဒရုန်းလက်ရုန်းတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ​နိုဝင်ဘာ ၁၇ ရက်ကလည်း ရွှေစင်​တော်ဘုရားအနီး ဘုရားရွာတွင်တပ်စွံထား​သော စစ်ကောင်စီတပ်သားများအား မင်းဘူးခရိုင် အမှတ်(၆)တပ်ရင်းက တိုက်ခိုက်ခဲ့သေးသည်။

မင်းဘူးမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှု ပြင်းထန်လာနိုင်သဖြင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်များ၊ရဲများနှင့်ဝေးရာ နေထိုင်ကြရန်လည်း မင်းဘူးခရိုင် အမှတ်(၆)တပ်ရင်းက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။