Connect with us

Hi, what are you looking for?

သတင်း

ဖလမ်းမြို့ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ မြို့အခြေစိုက်တပ်အား လေယာဉ်ဖြင့်လက်နက်ရိက္ခာထုပ်များ ချပေး

ချင်းညီနောင်အဖွဲ့ဝင် မင်းတပ်မြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF)ကလည်း မင်းတပ်မြို့သိမ်းတိုက်ပွဲ အောင်မြင်အောင် ဆင်နွှဲမည်ဟု အသိပေးထုတ်ပြန်ထားသည်။

(ဖလမ်းမြို့သိမ်းတိုက်ပွဲကြောင့် ဒေသခံများ နေရပ်စွန့်ခွာတိမ်းရှောင်နေကြသည်ကို ၂၀၂၄ ဇူလှိုင်က တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ဖလမ်းမြို့သိမ်းတိုက်ပွဲကြောင့် ဒေသခံများ နေရပ်စွန့်ခွာတိမ်းရှောင်နေကြသည်ကို ၂၀၂၄ ဇူလှိုင်က တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ဟန်နွေ/People’s Spring

ချင်းပြည်နယ် ဖလမ်းမြို့ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မြို့အခြေစိုက် ခလရ (၂၆၈)တပ်ရင်းထံ လက်နက်ခဲယမ်းထုပ်များကို လေယာဉ်ဖြင့်ချပေးခဲ့သည်ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။

ချင်းအမျိုးသားများကာကွယ်ရေးတပ်(CNDF) ပါဝင်သည့် ချင်းညီနောင်မဟာမိတ်များက နိုဝင်ဘာ ၉ရက်ကစ၍ ဖလမ်းမြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့ရာ လတ်တလောတွင် တိုက်ပွဲများ ငြိမ်သက်နေသော်လည်း စစ်ကောင်စီတပ်၏ လေကြောင်း တိုက်ခိုက်မှုများ ရှိနေသည်ဟု ဆိုသည်။

ဖလမ်းမြို့နယ်တွင် တိုက်ပွဲမဖြစ်သည်မှာ ၉ရက်ခန့်ရှိပြီဖြစ်ကြောင်း နှင့် ဒီဇင်ဘာ ၂ရက်နှင့် ၃ရက်တွင် စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

“ မနေ့ တစ်ရက်တည်းမှာပဲ ဂျက်ဖိုက်တာ တစ်စီးနဲ့ ပေါင် ၁၀၀၀ ပြင်းအား ရှိတဲ့ ဗုံးဖြင့် လေကြောင်း တိုက်ခိုက်မှုကတော့ နှစ်ကြိမ်လုပ်သွားတယ်လို့ ဒေသခံတွေက ပြောတယ်။ မြို့ထဲမှာပေါ့။ ထိခိုက်ဒဏ်ရာရတာတွေ လူနေအိမ်ပျက်စီးတာတွေ ရှိမရှိ က မြို့ထဲကိုဝင်လို့မရဘူးဆိုတော့ မသိရသေးဘူး”ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။

ထို့အပြင် ဒီဇင်ဘာ၂ရက် နံနက်က ခလရ(၂၆၈) တပ်စခန်းကုန်းကို Y12လေယာဉ်အသုံးပြုပြီး လက်နက်ခဲယမ်း ရိက္ခာထုပ်များအား လေထီးဖြင့် ချပေးသွားခဲ့သည်ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။

“အထုပ်က တော့ ၂၃ လုံး လေထီးကနေ ၂၆၈ တပ်စခန်းကို ချပေးတာတွေ့တယ်လို့ ဒေသခံတွေက ပြောတယ်” ဟု ၎င်းက ပြောသည်။

ထို့ပြင် ယနေ့ (ဒီဇင်ဘာ ၃ရက်)တွင် ဖလမ်းမြို့အနီး ဆူရ်ဘုန်လေဆိပ်ကို လေကြောင်းမှ ဗုံးကြဲခဲ့သည်ဟု သတင်းရင်းမြစ်က ပြောသည်။

“ ထိခိုက်ဒဏ်ရာရတွေတော့ အတိအကျ မသိနိုင်သေးဘူး။” ဟု သတင်းရင်းမြစ်က ဆူရ်ဘုန်လေဆိပ် လေကြောင်း တိုက်ခိုက်ခံရမှု နှင့်ပတ်သက်ပြီးပြောသည်။

ချင်းညီနောင်က စစ်ရေးအခြေအနေများနှင့်ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။ ချင်းညီနောင်သည် ဖလမ်းမြို့သိမ်းစတင်သည့်နေ့၌ပင် မင်းတပ်မြို့သိမ်းတိုက်ပွဲကို ဆင်နွှဲလျက်ရှိသည်။

မြို့သိမ်းစစ်ဆင်ရေးအတွင်း အောင်မြင်မှုများ ရရှိထားကြောင်း ချင်းညီနောင်အဖွဲ့ တာဝန်ရှိသူအချို့က ပြောကြားထားသည်။

ချင်းညီနောင်အဖွဲ့ဝင် မင်းတပ်မြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF)ကလည်း မင်းတပ်မြို့သိမ်းတိုက်ပွဲ အောင်မြင်အောင် ဆင်နွှဲမည်ဟု အသိပေးထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် မင်းတပ်မြို့တိုက်ပွဲတွင်လည်း လေကြောင်း ပစ်ကူ၊ လေကြောင်းမှ လက်နက်ခဲယမ်းဖြည့်တင်းမှုများ ပြုလုပ်ပြီးချင်းညီနောင်၏ ထိုးစစ်ကို ခုခံနေသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

နိုင်ငံတကာ

မလေးရှားက လေဆိပ်တစ်ခုကို ဆင်းသက်လာတဲ့ ခရီးသည်တင် လေယာဉ်ရဲ့ ဘီးအိမ်ထဲမှာ အမည်မသိ အလောင်းတစ်လောင်းကို ရှာတွေ့ခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။