Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နိုင်ငံတဝိုက်မှာ တရုတ် လေယာဉ်တင်သင်္ဘောရဲ့ လှုပ်ရှားမှုကို ထိုင်ဝမ် စောင့်ကြည့်နေ

နိုင်ငံရဲ့ ကမ်းလွန်ရေပြင်မှာ တရုတ် လေယာဉ်တင် သင်္ဘောတစ်စီးရဲ့ လှုပ်ရှားမှုတွေကို မျက်ခြေမပြတ် စောင့်ကြည့်နေတယ်လို ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

နိုင်ငံတဝိုက်မှာ တရုတ် လေယာဉ်တင်သင်္ဘောရဲ့ လှုပ်ရှားမှုကို ထိုင်ဝမ် စောင့်ကြည့်နေ
နိုင်ငံတဝိုက်မှာ တရုတ် လေယာဉ်တင်သင်္ဘောရဲ့ လှုပ်ရှားမှုကို ထိုင်ဝမ် စောင့်ကြည့်နေ

လျောင်နင်း လေယာဉ်တင် သင်္ဘော ဦးဆောင်တဲ့ ရေတပ် တိုက်ခိုက်ရေး ရေယာဉ်အဖွဲ ဘယ်လိုဘယ်ပုံ လှုပ်ရှားနေတယ် ဆိုတာကို အထူးအလေးထား စောင့်ကြည့်နေပြီး အခုသီတင်းပတ်ကုန် မတိုင်ခင် တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့မြင်လာရမယ်လို ခန့်မှန်းထားကြောင်း ထိုင်ဝမ်ဖက်က ဆိုပါတယ်။

တရုတ်ဟာ ဒီမိုကရေစီ ထွန်းကားပြီး ကိုယ်ပိုင် အုပ်ချုပ်မှုစနစ် ပိုင်ဆိုင်ထားတဲ့ ထိုင်ဝမ်ကို ပိုင်နက်နယ်မြေအဖြစ် သတ်မှတ်ထားပြီး လိုအပ်လာရင် စစ်ရေးအရ တိုက်ခိုက်သိမ်းယူမယ်လို မကြာခဏ ခြိမ်းခြောက်ထားဖူးပါတယ်။

လတ်တလောမှာတော့ ထိုင်ဝမ်သမ္မတ လိုင်ချင်တေးဟာ ပစိဖိတ် ဒေသတွင်း နိုင်ငံငယ် တချိုဆီ သံတမန်ရေး ခရီးစဉ် သွားရောက်နေသလို အမေရိကန်မှာလည်း ခရီးတထောက် ရပ်နားတဲ့ ကိစ္စတွေ စီစဉ်ခဲ့တာကြောင့် တရုတ်ရဲ့ အမျက်ဒေါသနဲ့ ကြုံနေရပါတယ်။

တရုတ်ဟာ ထိုင်ဝမ်ဖက်က ဖီဆန်တဲ့ အပြုအမူတွေ တွေ့ရတိုင်း ထိုင်ဝမ်ကျွန်း တဝိုက်မှာ ရေတပ်၊ လေတပ်တွေ ဝန်းရံပြီး အင်အားပြ စစ်ရေးလေ့ကျင့်လေ့ ရှိတာကြောင့် အခုလို လိုင်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီးလည်း နည်းလမ်းဟောင်းနဲ့ ခြိမ်းခြောက်လာမယ်လို ယုံကြည်ရပါတယ်။ ဒီနှစ်ထဲမှာတင် တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို ပတ်ပတ်လည်ဝိုင်းပြီး အင်အား အလုံးအရင်းနဲ့ စစ်ရေးလေ့ကျင့်မှု နှစ်ကြိမ် လုပ်ဆောင်ပြခဲ့ပြီးပါပြီ။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာ ၃ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ဆွန်လိဖန်က တရုတ်ရေတပ်ရဲ့ လျောင်နင်း လေယာဉ်တင်သင်္ဘော ဘယ်နေရာမှာ ရှိသလဲဆိုတာ ထိုင်ဝမ်က သိထားတယ်လို ထုတ်ပြောသွားပေမယ့် အသေးစိတ်ကိုတော့ မှတ်ချက် မပေးခဲ့ပါဘူး။ ဒါပေမဲ့ ထိုင်ဝမ်အပေါ် ရန်လိုတဲ့ လှုပ်ရှားမှုတိုင်းကို အလေးထား စောင့်ကြည့်နေမှာ ဖြစ်သလို လိုအပ်တဲ့ ပြင်ဆင်မှုတွေကိုလည်း တိတိကျကျ လုပ်ဆောင်ထားတယ်လို သူက ဆိုပါတယ်။

တရုတ်ကတော့ လျောင်နင်း လေယာဉ်တင် သင်္ဘောက ထိုင်ဝမ်နား ရှိနေသလား ဆိုတာကို မှတ်ချက်ပေးဖို ငြင်းဆိုထားပါတယ်။ တရုတ်ဟာ လိုင်ရဲ့ ခရီးစဉ် အတောအတွင်း အမေရိကန်ကို လည်ပတ်ဖို ခွင့်ပြုခဲ့တဲ့ အမေရိကန် အစိုးရကို အတိအလင်း ဝေဖန်ရှုတ်ချထားပါတယ်။

လျောင်နင်းဟာ တရုတ်ရေတပ်ရဲ့ လေယာဉ်တင် သင်္ဘော ၃ စီးထဲမှာ သက်တမ်းအအိုဟောင်းဆုံး၊ နည်းပညာပိုင်း အားအနည်းဆုံး တစ်စီးဖြစ်ပြီး အောက်တိုဘာလတုန်းက ထိုင်ဝမ်ကျွန်းကိုပတ်ပြီး တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေမှာ ပါဝင်ခဲ့ဖူးပါတယ်။ ယူကရိန်းဆီက ဝယ်ယူထားတဲ့ ဆိုဗီယက်ခေတ်သုံး ရေယာဉ် ကိုယ်ထည် အဟောင်းကြီးကို မွမ်းမံ တည်ဆောက်ထားတဲ့ လျောင်နင်းဟာ ၂၀၁၂ မှာ တရုတ် ရေတပ်ကို တပ်တော်ဝင်ခဲ့ပြီး J-15 တိုက်လေယာဉ် ၂၄ စီးနဲ့ ရဟတ်ယာဉ် ၈ စီးထိ အခြေစိုက်နိုင်တယ်လို သိရပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။