Connect with us

Hi, what are you looking for?

သတင်း

တရုတ်ဝမ်ပေါင်ကုမ္ပဏီသွားသည့် စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်ပြီး စစ်သား၅ဦး ဖမ်းမိဟု မုံရွာ ပအဖ အသိပေး

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်သား ၂ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိကာ ၅ဦး ဖမ်းဆီးရမိကြောင်း မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့က အသိပေးသည်။

(မုံရွာချင်းတွင်းမြစ်ဆိပ်သို့ ဆင်းလာသော စစ်ကောင်စီယာဥ်တန်းအား တွေ့ရစဥ်။ဓာတ်ပုံ-CJ)
(မုံရွာချင်းတွင်းမြစ်ဆိပ်သို့ ဆင်းလာသော စစ်ကောင်စီယာဥ်တန်းအား တွေ့ရစဥ်။ဓာတ်ပုံ-CJ)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာ​မြို့နယ်တွင် တရုတ် ဝမ်ပေါင်ကုမ္ပဏီသွားသည့် စစ်ကောင်စီယာဥ်တန်းအားတိုက်ခိုက်ပြီး စစ်သား ၅ဦး ဖမ်း​ဆီးရမိကြောင်း မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာ ၁၅ရက် ည‌နေ ၅ နာရီခွဲခန့်က မုံရွာ − မန္တလေးလမ်းမကြီးပေါ်တွင် ကြေးနီနှင့် အက်ဆစ်ကန်များတင်ဆောင်လာသော စစ်ကောင်စီယာဥ်တန်းအား မုံရွာမြို့အဝင် မအူစစ်ဆေးရေးဂိတ်အနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်သား ၂ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိကာ ၅ဦး ဖမ်းဆီးရမိကြောင်း မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

“ဝမ်ပေါင်ကိုလာမယ့် အက်ဆစ်တွဲကားတွေ ဂွေးပင်တောမှာလည်း မိုင်းဆွဲခံရတယ်။ ဖမ်းမိတာက မိုင်းဆွဲတဲ့အချိန် ကားပေါ်ကဆင်းပြေးတဲ့ကောင်တွေကို ဖမ်းမိတာလို့ပြောတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာမြို့နယ် ပလဖ၊မုံရွာမြို့နယ် ပကဖ၊BHA (Local အဖွဲ့)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် နှစ်ဘက်အပြန်အလှန်ပစ်ခတ်ခဲ့ရာ ရဲဘော်နှစ်ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း သိရသည်။

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ မုံရွာပလဖနှင့် BHA အဖွဲ့ထံ ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း ဆက်သွယ်၍ မရသေးပေ။

စစ်ကောင်စီယာဥ်တန်းများ မိုင်းဆွဲခံရ၍ ကားတန်းရပ်တန့်သွားရာမှ မုံရွာ-မန္တလေးလမ်းပေါ်တွင် အချိန်အနည်းငယ် လမ်းကြောပိတ်ဆို့မှုဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်ရှိ ဝမ်ပေါင်ကုမ္ပဏီအား လုံခြုံရေးယူပေးထားသော စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုအထိနာ၍ ဝမ်ပေါင်တဝိုက်ကျေးရွာများအား စစ်ကြောင်းထိုးမီးရှို့နေကြောင်း ဒေသခံများက ပြောသည်။

ဒီဇင်ဘာ ၁၃ရက် နံနက်ကလည်း ဝမ်ပေါင်ကုမ္ပဏီဝင်းအတွင်းမှထွက်လာသော စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

တိုက်ပွဲကြောင့် ဝမ်ပေါင်ကုမ္ပဏီအနီး ဆားလင်းကြီးမြို့နယ်မြောက်ခြမ်းရှိ ကျေးရွာ ၆ ရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ မုံရွာဘက်ခြမ်းမှလည်း လက်နက်ကြီးများဖြင့် ပစ်ကူပေးနေသည်ဟု ဆိုသည်။

ဒီဇင်ဘာ ဒုတိယပတ်အတွင်း မုံရွာ-မန္တလေးလမ်းပေါ်တွင် ကြေးနီတင်ယာဥ်များအပါအဝင် စစ်ကောင်စီယာဥ်တန်းများ ခပ်စိတ်စိတ်ဖြတ်သန်းသွားလာနေပြီး တော်လှန်ရေးအင်အားစုများကလည်း တိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။