Connect with us

Hi, what are you looking for?

သတင်း

ဧရာဝတီ-ရခိုင် ထိစပ်ရိုးမတလျှောက် စစ်ကောင်စီ မိုင်းထောင်၊ ဂွမြို့သိမ်းတိုက်ပွဲ ပြင်းထန်နေ

AAသည် ဂွမြို့ကို သိမ်းပိုက်ပြီးပါက ဧရာဝတီတိုင်းအတွင်းသို့ မဟာမိတ်များနှင့်အတူ စစ်ဆင်ရေးစတင်နိုင်ကြောင်း ခန့်မှန်းသုံးသပ်မှုများလည်းရှိနေသည်။

(ဂွမြို့နယ်၊ သံခဲချိုင်ရွာအနီးတိုက်ပွဲ၌စစ်ကူလာ​သော စစ်သားများထံမှAAသိမ်းဆည်းရရှိခဲ့​သောလက်နက်ခဲယမ်းများ နှင့် ရခိုင်ပြည်နယ်စစ်​ရေးအ​ခြေအ​နေပြအင်ဖိုဂရပ်။ဓါတ်ပုံ-AA Info Desk)
(ဂွမြို့နယ်၊ သံခဲချိုင်ရွာအနီးတိုက်ပွဲ၌စစ်ကူလာ​သော စစ်သားများထံမှAAသိမ်းဆည်းရရှိခဲ့​သောလက်နက်ခဲယမ်းများ နှင့် ရခိုင်ပြည်နယ်စစ်​ရေးအ​ခြေအ​နေပြအင်ဖိုဂရပ်။ဓါတ်ပုံ-AA Info Desk)

အိမ်သွင်/People’s Spring

အာရက္ခတပ်တော်(AA) ၏ ဂွမြို့သိမ်းတိုက်ပွဲပိုပြင်းထန်လာချိန်တွင် စစ်ကောင်စီက ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းနယ်စပ် ရခိုင်ရိုးမနေရာအများစုတွင် မြေမြုပ်မိုင်းအများအပြားထောင်နေသည်။

ဂွမြို့နှင့် ဧရာဝတီတိုင်းမှ ရေကြည်၊ ငါးသိုင်းချောင်း၊ လေးမျက်နှာ၊ သာပေါင်းမြို့တို့ ဆက်စပ်နေရာများ၌ မိုင်း အလုံးရေထောင်ချီ၍ ထောင်ထားသည့်သတင်းအတိအကျရထားသည်ဟုဒေသခံပြည်သူတစ်ဦးကပြောသည်။

“တော်လှန်ရေးရဲဘော်တွေက သိတယ်။ မသိတာက ဒေသခံပြည်သူတွေ။ တောထဲမှာ သစ်ခုတ်၊ ဝါးခုတ်သူတွေ ရှိတယ်လေ။ သူတို့တွေက မသိနိုင်ကြဘူး။ အဲ့ဒါက စိုးရိမ်စရာကောင်းတယ်” ဟု သာပေါင်းမြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

(ဂွမြို့နယ်၊ သံခဲချိုင်ရွာအနီးတိုက်ပွဲ၌စစ်ကူလာ​သော စစ်သားများထံမှAAသိမ်းဆည်းရရှိခဲ့​သောလက်နက်ခဲယမ်းများ နှင့် ရခိုင်ပြည်နယ်စစ်​ရေးအ​ခြေအ​နေပြအင်ဖိုဂရပ်။ဓါတ်ပုံ-AA Info Desk)
(ဂွမြို့နယ်၊ သံခဲချိုင်ရွာအနီးတိုက်ပွဲ၌စစ်ကူလာ​သော စစ်သားများထံမှAAသိမ်းဆည်းရရှိခဲ့​သောလက်နက်ခဲယမ်းများ နှင့် ရခိုင်ပြည်နယ်စစ်​ရေးအ​ခြေအ​နေပြအင်ဖိုဂရပ်။ဓါတ်ပုံ-AA Info Desk)

ဂွမြို့သည် ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းနယ်စပ်ဖြစ်သည်။ ထို့ကြောင့် စစ်ကောင်စီက ဧရာဝတီတိုင်းဘက်မှမြို့နယ်များတွင် စစ်ဆေးမှုများ ပိုမိုပြုလုပ်နေပြီး ရခိုင်ပြည်နယ်ဘက်မှထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင်များကိုလက်မခံရန်လည်း ဒေသခံများအားဖိအားပေးနေသည်။

ထို့အပြင် စစ်သားများက ရိုးမတစ်လျှောက်၌ မိုင်းထောင်နေခြင်းမှာ ဒေသခံအရပ်သားများအတွက်စိုးရိမ်စရာဖြစ်နေသည်။ ရခိုင်ရိုးမနှင့် ပတ်ဝန်းကျင်မှ ကျေးရွာများသည် သစ်ခုတ်၊ ဝါးခုတ်ခြင်းဖြင့် အသက်မွေးနေကြရသည်။ ထို့ကြောင့်မိုင်းအန္တရာယ်သတိပေးမှုများကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ပေးရန် ဒေသခံအချို့က တိုက်တွန်း​နေသည်။

ဂွမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအပြားသေဆုံးသလို ငါးသိုင်းချောင်း-ဂွလမ်းမှတဆင့် စစ်ကူပို့သည့် စစ်ကောင်စီစစ်ကြောင်းကိုလည်း AAက ပိတ်ဆို့တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများပြားနေသည်။

(ဂွမြို့နယ်၊ သံခဲချိုင်ရွာအနီးတိုက်ပွဲ၌စစ်ကူလာ​သော စစ်သားများထံမှAAသိမ်းဆည်းရရှိခဲ့​သောလက်နက်ခဲယမ်းများ နှင့် ရခိုင်ပြည်နယ်စစ်​ရေးအ​ခြေအ​နေပြအင်ဖိုဂရပ်။ဓါတ်ပုံ-AA Info Desk)
(ဂွမြို့နယ်၊ သံခဲချိုင်ရွာအနီးတိုက်ပွဲ၌စစ်ကူလာ​သော စစ်သားများထံမှAAသိမ်းဆည်းရရှိခဲ့​သောလက်နက်ခဲယမ်းများ နှင့် ရခိုင်ပြည်နယ်စစ်​ရေးအ​ခြေအ​နေပြအင်ဖိုဂရပ်။ဓါတ်ပုံ-AA Info Desk)

ဂွမြို့သို့ စစ်ကူပို့ခံရသည် ဟင်္သာတမြို့အခြေစိုက် ခလရ (၁၈) တပ်ရင်း၊အိမ်မဲမြို့အခြေစိုက် ခလရ (၆၃)၊ ခလရ (၅၁) နှင့် ရန်ကုန်၊ လှိုင်သာယာအခြေစိုက် ခမရ (၅၃၂)မှ စစ်ကောင်စီအင်အား ၂၀၀ နီးပါးကို ဂွမြို့နယ်၊သံခဲချိုင်ကျေးရွာကမ်းခြေအနီး နှင့်ကင်းပုံကျေးရွာအနီးတွင် နိုဝင်ဘာလ ၂၄ရက်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၁၂၀ ကျော်သေဆုံးပြီး စစ်သုံ့ပန်းအချို့ဖမ်းဆီးရမိသည်ဟု AAက သတင်းထုတ်ပြန်ထားသည်။

ဂွမြို့တွင်းတိုက်ပွဲဆက်လက်ပြင်းထန်လျက်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်ရုပ်အလောင်းများ၊လက်နက်ခဲယမ်း အမြောက်အမြားတို့ကို ထပ်မံသိမ်းဆည်းရမိထားကြောင်း AAက ဒီဇင်ဘာလ၁၈ရက်ည၌ ထုတ်ပြန်ထားသည်။

AAသည် ဂွမြို့ကို သိမ်းပိုက်ပြီးပါက ဧရာဝတီတိုင်းအတွင်းသို့ မဟာမိတ်များနှင့်အတူ စစ်ဆင်ရေးစတင်နိုင်ကြောင်း ခန့်မှန်းသုံးသပ်မှုများလည်းရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

အာဏာသိမ်းစစ်တပ်က ဩဂုတ်လ ၂၁ ရက်(ဝါတွင်းဥပုဒ်နေ့) မနက်အစောပိုင်းမှာ ရခိုင်ပြည်နယ် ၊ဂွမြို့နယ် ညောင်ချောင်းကျေးရွာ နဲ့ သံတွဲမြို့နယ် ငပလီကမ်းခြေတလျှောက်နေရာတွေကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးအလုံးရေဆယ်ချီကြဲချခဲ့တာကြောင့် စစ်ဘေးရှောင်တွေအပါအဝင် အရပ်သားလေးဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။