Connect with us

Hi, what are you looking for?

သတင်း

နပခ စစ်တိုင်းဌာနချုပ် AAသိမ်းပိုက်နိုင်မှု NUG ယာယီသမ္မတ ဝမ်းမြောက်ကြောင်းသဝဏ်လွှာပို့

တိုင်းတိုင်းစစ်ဌာနချုပ်ကြီး (၂)ခုကို တော်လှန်ရေးတပ်ဖွဲ့များကခြေမှုန်းနိုင်ခြင်းသည် စစ်ကောင်စီ၏ အဆုံးသတ်နေဝင်ချိန် မကြာခင်ရောက်ရှိလာတော့မည်ဆိုသည်ကို ပြသလိုက်ခြင်းဖြစ်

နပခ စစ်တိုင်းဌာနချုပ် AAသိမ်းပိုက်နိုင်မှု NUG ယာယီသမ္မတ ဝမ်းမြောက်ကြောင်းသဝဏ်လွှာပို့
နပခ စစ်တိုင်းဌာနချုပ် AAသိမ်းပိုက်နိုင်မှု NUG ယာယီသမ္မတ ဝမ်းမြောက်ကြောင်းသဝဏ်လွှာပို့

▪️တော်လှန်ရေးစိတ်ဓါတ်ခွန်အားကို အမြင့်မားဆုံးရောက်ရှိစေသည့် အောင်ပွဲဖြစ်ဟု ဖော်ပြ

ထားမြတ်/People’s Spring

အာရက္ခတပ်တော်(AA)က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို အပြီးသတ်သိမ်းပိုက်နိုင် ခြင်းအောင်ပွဲအတွက် ဂုဏ်ယူဝမ်းမြောက် ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူးဝါလရှီးလက AA ထံ သဝဏ်လွှာပေးပို့သည်။

ဒီဇင်ဘာ၂၀ရကတွင် နပခ စစ်တိုင်းအပါအဝင်ရခိုင်ပြည်နယ်အမ်းမြို့နယ်တစ်ခုလုံးကို AAက အလုံးစုံ သိမ်းပိုက်ပြီးနောက် ယာယီသမ္မတကဒီဇင်ဘာ ၂၁ရက်နေ့စွဲဖြင့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်သည်။

အာရက္ခတပ်တော်ခေါင်းဆောင်များ၏ ဦးဆောင်မှုနှင့်အတူ ရဲဘော်ရဲဘက်များ၏ ရဲစွမ်းသတ္တိ အပြည့်ဖြင့် ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်မှုများကြောင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ ယခုအောင်ပွဲသည် အာရက္ခပြည်သူများ၏ အောင်ပွဲဖြစ်သည်သာကမ စစ်အာဏာရှင် စစ်ကောင်စီဆန့်ကျင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေး တော်လှန်တိုက်ပွဲဝင် နေကြသည့် မြန်မာပြည်သူတရပ်လုံးနှင့် နိုင်ငံတဝန်းရှိ တော်လှန်ရေးအင်အားစုများအားလုံး၏ အောင်ပွဲဖြစ် ကြောင်းယာယီသမ္မတက ပြောကြားသည်။

ထို့ပြင် တော်လှန်ရေးစိတ်ဓါတ်ခွန်အားကို အမြင့်မားဆုံးရောက်ရှိစေသည့် အောင်ပွဲဖြစ်သည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ယခုကဲ့သို့ ကြီးမားသည့် အောင်ပွဲရရှိဖို့ရာအတွက် အာရက္ခတပ်တော်ခေါင်းဆောင်များ၏ ဦးဆောင်မှု၊ ရဲဘော်၊ရဲဘက်များ၏ အသက်နဲ့ကိုယ်လက်ခန္ဓာ ပေးဆပ်စွန့်လွှတ်အနစ်နာခံမှု၊ အာရက္ခ ပြည်သူများ၏ ဆင်းရဲဒုက္ခအမျိုးမျိုးကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်မှု၊ စည်းလုံးညီညွတ်မှုများကို မှတ်တမ်းတင် ဂုဏ်ပြု၍ အလေးအမြတ်ပြုသည်ဟုလည်းရေးသားထားသည်။

၂၀၂၄ (၁)နှစ်တာအတွင်း မြန်မာစစ်တပ်၏ တိုင်းစစ်ဌာနချုပ်ကြီး (၂)ခုကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခြေမှုန်းနိုင်လိုက်သည့် ဖြစ်ရပ်သည် သမိုင်းဝင်အောင်ပွဲများဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ၏ အဆုံးသတ်နေဝင်ချိန် မကြာခင်ရောက်ရှိလာတော့မည်ဆိုသည်ကို ပြသလိုက်ခြင်းဖြစ် ကြောင်းလည်း ယာယီသမ္မတက ပြောသည်။

အာရက္ခတပ်တော်ခေါင်းဆောင်များ၏ ဦးဆောင်မှုနှင့်အတူ ရခိုင်ပြည်နယ်တခုလုံး စစ်အာဏာရှင် လက်အောက်မှ မကြာမီ လွတ်မြောက်မည်ကို အပြည့်အ၀ ယုံကြည်ပြီး၊ မြန်မာတပြည်လုံးနှင့် ပြည်သူတရပ်လုံး လွတ်မြောက်ရေးအတွက် စစ်အာဏာရှင် စနစ်နှင့် စစ်အုပ်စု အဆုံးသတ် ပြုတ်ကျရေး အတူတကွ လက်တွဲတိုက်ပွဲဝင် သွားမည်ဖြစ်ကြောင်း သန္နိဋ္ဌာန်ပြု၍ ဤဝမ်းမြောက်ကြောင်း သဝဏ်လွှာကို ပေးပို့အပ်ပါသည်ဟု ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

နွေဦးတော်လှန်ရေးအတွင်းမှာ ပေါ်ပေါက်လာတဲ့ စစ်ရေးရည်မှန်းချက်တွေကို အကောင်အထည် ဖော်နိုင်ဖို့ အမိန့်ပေးကွပ်ကဲမှု တစ်ခုတည်းအောက်မှာ စစ်ဒေသအလိုက် ဦးစီးကွပ်ကဲဖို့ ကြိုးစားနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) နဲ့ ကိုးကန့်တပ်မတော်(MNDAA)တို့ရဲ့နှစ်ဖက်တွေ့ဆုံဆွေးနွေးမှု အောင်မြင်ပါစေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ယာယီသမ္မတ ဒူဝါလရှီးလ က ဆုတောင်းပေးခဲ့ပြီးတော်လှန်ရေးအကျိုး မထိခိုက်စေသော ညှိနှိုင်းဖြေရှင်းမှု ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်းဖော်ပြပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီ ဦးဆောင်ကောင်စီ စုဖွဲ့မှု ဖြစ်မြောက်လာရေး တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အချိန်များစွာ ရင်းနှီးမြှုပ်နှံတာ၊ ယုံကြည်မှု တည်ဆောက်တာ တွေ ပါဝင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောပြခဲ့ပြီး ပြည်ထောင်စုလွှတ်တော်အနေနဲ့လည်း ဒီစုဖွဲ့မှု ဖြစ်မြောက်ရေး ၀ိုင်းဝန်း ပံ့ပိုးပေးစေလိုဟု မေတ္တာရပ်ခံခဲ့ပါတယ်။