Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည် ပြည်သူနဲ့ ပြန်ဆုံဆည်းခွင့်ရရေး အလေးအနက်ထားကြိုးစားနေဟု NUG ယာယီသမ္မတ ပြော

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံးလွတ်မြောက်ရေးအတွက် အဘက်ဘက်ကနေ တာဝန်ယူကြိုးပမ်းနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားပါတယ်။

(ဇွန်လ ၁၉ရက်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်ကို ဖားကန့်လူထုသပိတ်စစ်ကြောင်းက ပြုလုပ်နေစဉ်။ ဓာတ်ပုံ - CJ)

ဇွန် ၂၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံးလွတ်မြောက်ရေးအတွက် အဘက်ဘက်ကနေ တာဝန်ယူကြိုးပမ်းနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားပါတယ်။

ဇွန်လ ၁၉ရက်က ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့ အခမ်းအနားမှာ ယာယီသမ္မတ ပြောကြားခဲ့တဲ့ အမှတ်တရစကားကောက်နုတ်ချက်ကို NUGက ဇွန်လ ၂၀ရက်မှာ ထပ်မံ ဖော်ပြခဲ့တာပါ။

“ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တာဝန်တွေထဲမှာ ပြည်သူ့အာဏာပြည်သူ့ထံ ပြန်လည်အပ်နှံရေးကိစ္စပါဝင်ပါတယ်။ ဒါ့အပြင် ပြည်သူလူထုတစ်ရပ်လုံး လိုလားမျှော်လင့်တဲ့ ပြည်သူ့ခေါင်းဆောင်ဟာ ပြည်သူနဲ့ ပြန်လည်ဆုံဆည်းခွင့်ရရေးကို ကျွန်တော်တို့အားလုံး အလေးအနက်ထားကြိုးစားနေပါတယ်။” လို့ ယာယီသမ္မတက ပြောကြားပါတယ်။

Public Service Announcement

Public Service Announcement

NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းရဲ့ မွေးနေ့ အမှတ်တရ စကားကိုလည်း ဖော်ပြခဲ့ရာ လူထုခေါင်းဆောင်ရဲ့ မဆုတ်မနစ်သော ဇွဲလုံ့လ၊ ပြည်သူ့အပေါ်ထားရှိတဲ့ သစ္စာတရားနဲ့ ခိုင်မာသော နိုင်ငံရေး ခံယူချက်တွေဟာ ယနေ့ နွေဦးတော်လှန်ရေးတွင် ပါဝင်ဆင်နွှဲနေကြသော ပြည်သူတရပ်လုံးအတွက် အစဉ်အမြဲ လေးစား ဂုဏ်ယူဖွယ်ရာ “စံပြမီးရှူးတန်ဆောင်”နဲ့ ကြီးမားသော စိတ်ခွန်အားတစ်ရပ်ဖြစ်ဟု ပြောပါတယ်။

အမှန်တရားအတွက် တိုက်ပွဲဝင်နေကြတဲ့ ပြည်သူများနဲ့ အမြဲအတူရှိသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိ ပြည်သူ့နွေဦးတော်လှန်ရေးနဲ့လည်း ထပ်တူထပ်မျှ ရပ်တည်လျက်ရှိဟု ခိုင်မာစွာ ယုံကြည်ကြောင်းလည်း ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြည်တွင်း၊ ပြည်ပ မြန်မာပြည်သူလူထုတွေ ပြည်သူ့ကာကွယ်ရေးတပ်မတော် ရဲဘော်တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေ အဖွဲ့အစည်းတွေ၊ ပြည်နယ်နဲ့တိုင်း လွှတ်တော်၊ အစိုးရတွေက မွေးနေ့ ဆုတောင်းတာ မွေးနေ့ပွဲ ကျင်းပတာတွေ ပြုလုပ်ခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆန္ဒပြုခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

သတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC) ကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ကြောင်း သတင်းတွေအပေါ် အလေးထား စောင့်ကြည့်သုံးသပ်နေပြီး ICRC ရဲ့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ကြိုးပမ်းမှုကို အသိအမှတ်ပြုတယ်လို့ NLD ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”