Connect with us

Hi, what are you looking for?

သတင်း

နှစ်သစ်ကူးကာလပြင်ဦးလွင်မြို့မှာ စစ်ကောင်စီက မသင်္ကာတဲ့လူငယ်တွေကို ပစ်မိန့်ပေးထား

ပြင်ဦးလွင်မြို့ရဲ့ အရှေ့တောင်ဘက်မှာရှိတဲ့ နောင်ချိုမြို့နယ်က တောင်းခမ်းကျေးရွာမှာလည်း အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပါတယ်။

(ပြင်ဦးလွင်မြို့စျေးအနီးရှိ နာရီစင်အား တွေ့ရစဉ်။ ဓာတ်ပုံ − အေအပ်ပီ)
(ပြင်ဦးလွင်မြို့စျေးအနီးရှိ နာရီစင်အား တွေ့ရစဉ်။ ဓာတ်ပုံ − အေအပ်ပီ)

ရှိန်း/People’s Spring

စစ်တက္ကသိုလ်တွေရှိရာ ပြင်ဦးလွင်မြို့မှာ နှစ်သစ်ကူးကာလအတွင်း တော်လှန်ရေးရဲဘော်တွေ စိမ့်ဝင်လာပြီး ဖောက်ခွဲမှုတွေလုပ်မှာစိုးရိမ်လို့ဆိုပြီး ညလုံးပေါက် အရပ်ဝတ်နဲ့လုံခြုံရေးတွေချထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်တပ်အုပ်စိုးထားတဲ့ မြို့ဖြစ်တဲ့ ပြင်ဦးလွင်မြို့မှာ ပြီးခဲ့တဲ့တပတ်အတွင်း ရိုက်နှက်မှုနဲ့ ဆိုင်ကယ်လုယက်မှုတွေဖြစ်ပြီးတဲ့နောက် တပ်အရာရှိတွေကို နေရာအနှံ့မှာ အရပ်ဝတ်နဲ့လုံခြုံရေးတွေချထားတာလို့ မြို့ခံတွေဆီက သိရပါတယ်။

“ဒီနယူးရီးယားညမှာ ဟိုတယ်တွေအကုန်ပြည့်နေတာရော။ လူတွေကအခုထဲကစည်နေတာရောနဲ့ဆိုတော့ လုံခြုံရေးစိုးရိမ်ပြီး ပြီးခဲ့တဲ့တပတ်လောက်ကစပြီး နေရာတိုင်းမှာ အရပ်ဝတ်နဲ့ လုံခြုံရေးတွေချထားတယ်”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် စစ်တက္ကသိုလ်ကျောင်းဆင်းပွဲတွေပြုလုပ်စဥ်က ချထားတဲ့မြို့အဝင် လုံခြုံရေးဂိတ်တွေလည်းမဖြုတ်သေးဘူးလို့ သိရပါတယ်။

လူစုလူဝေးနဲ့လာတဲ့လူငယ်တွေကို အဓိကထားစောင့်ကြည့်ခိုင်းထားပြီး မသင်္ကာရင် ပစ်မိန့်ပါပေးထားတယ်လို့ သိရပါတယ်။

လုံခြုံရေးအဓိကချထားတဲ့အချိန်ဟာ ညနေ၆နာရီကနေ နောက်ရက်မနက်၁နာရီလောက်အထိဖြစ်တယ်လို့ လုံခြုံရေးတွေကိုမြင်တွေ့နေရတဲ့ ဒေသခံတွေက ပြောပါတယ်။

ပြင်ဦးလွင်မြို့အနီးမှာရှိတဲ့ နောင်ချိုမြို့နယ်မှာတိုက်ပွဲတွေဖြစ်ပွားနေပြီး အဲဒီကနေ တော်လှန်ရေးတပ်တွေ မြို့ထဲကို စိမ့်ဝင်လာမှာစိုးရိမ်လို့ လုံခြုံရေးတွေတင်းကြပ်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပြင်ဦးလွင်မြို့နဲ့ (၁၆)မိုင်ခန့်သာဝေးတဲ့ နောင်ချိုမြို့နယ် ဘန့်ဘွေးကျေးရွာအနီးမှာလည်း တိုက်ပွဲတွေဖြစ်နေပါတယ်။

ဒါ့အပြင် ပြင်ဦးလွင်မြို့ရဲ့ အရှေ့တောင်ဘက်မှာရှိတဲ့ နောင်ချိုမြို့နယ်က တောင်းခမ်းကျေးရွာမှာလည်း အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။