Connect with us

Hi, what are you looking for?

သတင်း

ညောင်လေးပင်မြို့နယ်စီးနင်းတိုက်ခိုက်မှု ပူးပေါင်းပါဝင်ပြီး စစ်ဗျူဟာစနစ်တကျပုံဖော်ရန် အတွေ့အကြုံယူနေဟု မအူပင်ပကဖ ပြော

ဧရာဝတီအတွင်း စစ်ဗျူဟာစနစ်တကျ ပုံဖော်ဆောင်ရွက်နိုင်ရန် ရည်မှန်းချက်ဖြင့် ရဲစွမ်းသတ္တိပြည့်ဝစွာ ထမ်းဆောင်နေကြောင်းလည်း အသိပေးထုတ်ပြန်သည်။

(စစ်တပ်ဂိတ်စခန်းအား မီးရှို့ဖျက်ဆီးခဲ့ပြီး သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများတွေ့ရစဥ်။ ဓာတ်ပုံ - မအူပင်ပကဖ)
(စစ်တပ်ဂိတ်စခန်းအား မီးရှို့ဖျက်ဆီးခဲ့ပြီး သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများတွေ့ရစဥ်။ ဓာတ်ပုံ - မအူပင်ပကဖ)

ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်အတွင်း စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်တစ်ခုနှင့် ပျူစောထီးခေါင်းဆောင်နေအိမ်အား စီးနင်းတိုက်ခိုက်မှုတွင် မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ပူးပေါင်းပါဝင်ခဲ့ကြောင်း မအူပင်မြို့ နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တာဝန်ခံက ပြောသည်။

ဒီဇင်ဘာ ၂၂ ရက်နံနက် ၁ နာရီက ညောင်လေးပင်မြို့၊ ဂျောင်းတာကျေးရွာထိပ်ရှိ စစ်ကောင်စီဂိတ်စခန်းနှင့် ကျောင်းစုရွာမှ ပျူခေါင်းဆောင် အောင်စိုးမိုး၏ နေအိမ်ကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ပဲခူးခရိုင်ပကဖ ဦးဆောင်သည့် ပူးပေါင်းအဖွဲ့က စီးနင်းတိုက်ခိုက်စဥ် မအူပင် ပကဖ မြေပြင်လှုပ်ရှားတပ်ဖွဲ့မှ ပါဝင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

(စစ်တပ်ဂိတ်စခန်းအား မီးရှို့ဖျက်ဆီးခဲ့ပြီး သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများတွေ့ရစဥ်။ ဓာတ်ပုံ - မအူပင်ပကဖ)
(စစ်တပ်ဂိတ်စခန်းအား မီးရှို့ဖျက်ဆီးခဲ့ပြီး သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများတွေ့ရစဥ်။ ဓာတ်ပုံ – မအူပင်ပကဖ)

တိုက်ခိုက်မှုများအနက် ဂျောင်တာရွာ ဂိတ်စခန်းအား ဝင်ရောက်စီးနင်းချိန်၌ ဂိတ်အတွင်း စစ်ကောင်စီတပ်သား (၈)ဦးရှိနေပြီး တော်လှန်ရေးပူးပေါင်းတပ်များမှ အင်အားအလုံးအရင်းဖြင့် လက်ဦးမှုယူ တိုက်ခိုက်ခဲ့ရာ ပြန်လည်ခုခံချိန်မရဘဲ ဂိတ်စခန်းစွန့်ထွက်ပြေးသွားကြောင်း မအူပင် ပကဖ တာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

“စကစတွေ ထွက်ပြေးသွားပါတယ်။ (ဂိတ်စခန်း)မျှော်စင်ပေါ် က MA3(သေနတ်)ရရှိတာပါ။ မျှော်စင်ပေါ်မှ တစ်ဦးတော့ ထိခိုက်ဒဏ် ရာရနိုင်ပါတယ်။ သွေးစက်တွေကျန်ခဲ့တယ်”ဟု ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီဂိတ်စခန်းမှ MA3 သေနတ်တစ်လက်၊ ရှေ့ထွက်မိုင်းတစ်လုံး၊ အီနာကာဗုံးသီးနှစ်လုံးနှင့် ပြည်သူထံမှ ငွေကောက်ခံထားသော စာရွက်စာတမ်းများရရှိခဲ့ပြီး ဂိတ်စခန်းကို မီးရှို့နိုင်ခဲ့ကြောင်း ပူးပေါင်းတပ်ဖွဲ့များက အသိပေးသည်။

အလားတူ ဂိတ်စခန်းတည်ရှိရာ ဂျောင်းတာအုပ်စုအတွင်း ပျူစောထီးအင်အားစု​ဆောင်း၍ စစ်သင်တန်းပေးနေသော ပျူစောထီးခေါင်းဆောင် အုပ်ကြီးအောင်စိုးမိုး၏နေအိမ် ဝင်ရောက်ပစ်ခတ်စဥ် လက်လုပ်ကိုးလုံးသေနတ် နှစ်လက်၊ လက်လုပ်သေနတ်အတုနှစ်လက် သိမ်းဆည်းရရှိခဲ့သည်ဟု ထုတ်ပြန်သည်။

(စစ်တပ်ဂိတ်စခန်းအား မီးရှို့ဖျက်ဆီးခဲ့ပြီး သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများတွေ့ရစဥ်။ ဓာတ်ပုံ - မအူပင်ပကဖ)
(စစ်တပ်ဂိတ်စခန်းအား မီးရှို့ဖျက်ဆီးခဲ့ပြီး သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများတွေ့ရစဥ်။ ဓာတ်ပုံ – မအူပင်ပကဖ)

စစ်ရေးတိုက်ခိုက်မှုများအတွင်း ရန်သူထိခိုက်သေဆုံးမှုကို စုံစမ်းလျှက်ရှိပြီး မိမိတို့ ပူး ပေါင်းတပ်ဖွဲ့များဘက်မှ တစုံတရာ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကြောင်း အသိပေးထားသည်။

ဧရာဝတီတပ်ဖွဲ့များသည် စစ်မြေပြင်အတွေ့ အကြုံများ ရယူနိုင်ရေးနှင့် တိုက်ရည်ခိုက်ရည်မြင့်မားရေးအတွက် မဟာမိတ်အဖွဲ့များနှင့်အတူ နေရာအနှံ့အပြား၌ ပါဝင်လျှက်ရှိကြောင်း မအူပင်မြို့နယ် ပကဖ က အသိပေးသည်။

“ဟုတ်ကဲ့ပါ အဲ့အတွက် ကြိုးစားးနေတာပါ”ဟု မအူပင် ပကဖ တာဝန်ခံက ပြောသည်။

ဧရာဝတီအတွင်း စစ်ဗျူဟာစနစ်တကျ ပုံဖော်ဆောင်ရွက်နိုင်ရန် ရည်မှန်းချက်ဖြင့် ရဲစွမ်းသတ္တိပြည့်ဝစွာ ထမ်းဆောင်နေကြောင်းလည်း အသိပေးထုတ်ပြန်သည်။

လက်ရှိအခြေအနေတွင် တိုင်းဒေသကြီးများအနက် ဧရာဝတီတိုင်းသည် စစ်ကောင်စီတပ် စိုးမိုးအားကောင်းသည့် ဒေသတစ်ခုဖြစ်ပြီး စစ်အုပ်စုအာဏာသိမ်းသည့် ၄ နှစ်တာကာလအတွင်း စစ်ရေးတိုက်ခိုက်မှုအနည်းငယ်သာ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်က ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုး မီးလောင်ဗုံးတွေသုံး မီးရှို့နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း ၊ညောင်လေးပင်မြို့နယ်အတွင်းက ရေတွင်းကုန်း ၊ ခရုကုန်းနဲ့ကျောင်းကုန်း ကျေးရွာတွေဆီ မတ်လ ၅ ရက်က စစ်ကောင်စီ တပ် စစ်ကြောင်းဝင်ရောက်စီးနင်းရာမှာ အရပ်သား ၄၀ ကျော် သတ်ဖြတ်ခံရတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

သတင်း

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်အတွင်း စစ်တပ်က ပြည်သူလူထုကို အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်ရာမှာ ကလေးငယ် အပါအဝင် ၃ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ၂၅ဦးဟာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့ရတာဖြစ်တယ်လို့ ဒေသခံတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးအပါအဝင် တာဝန်ရှိသူတွေက ဒီကနေ့ ပြုလုပ်တဲ့...

သတင်း

စစ်တပ်စစ်ကြောင်းထိုးပြီး ပြည်သူ​တွေကိုဖမ်းဆီးသတ်ဖြတ်​နေတာကြောင့် ထွက်​ပြေးတိမ်းရှောင်နေရတဲ့ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်က ဒေသခံတွေအတွက် အရေးပေါ် စားနပ်ရိက္ခာ အကူအညီလိုအပ်နေတယ်လို့ ကူညီသူတွေက​ပြောပါတယ်။