Connect with us

Hi, what are you looking for?

သတင်း

ညောင်လေးပင်မြို့နယ်၌ စစ်ကောင်စီဂိတ်စခန်းနှင့် ပျူစောထီးခေါင်းဆောင်နေအိမ်ကို တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်

ရန်သူထိခိုက်သေဆုံးမှုကို စုံစမ်းလျှက်ရှိပြီး ပူးပေါင်းတပ်ဖွဲ့များမှ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကြောင်းဖော်ပြသည်။

(စစ်ကောင်စီဂိတ်စခန်းနှင့် ပျူခေါင်းဆောင် နေအိမ်မှ သိမ်းဆည်းရရှိသော လက်နက်များ။ဓာတ်ပုံ - ပဲခူးခရိုင် ပကဖ)
(စစ်ကောင်စီဂိတ်စခန်းနှင့် ပျူခေါင်းဆောင် နေအိမ်မှ သိမ်းဆည်းရရှိသော လက်နက်များ။ဓာတ်ပုံ - ပဲခူးခရိုင် ပကဖ)

ရဲခေါင်/People’s Spring

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ရှိ စစ်ကောင်စီ၏ ဂိတ်စခန်းနှင့် ပျူစောထီးခေါင်းဆောင် နေအိမ်ကို ဝင်ရောက်တိုက်ခိုက်ရာ လက်နက်များရရှိကြောင်း ပဲခူးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ယနေ့ (ဒိဇင်ဘာ ၂၃ရက်) ထုတ်ပြန်သည်။

ဒီဇင်ဘာ ၂၂ ရက် နံနက် ၁နာရီခန့်က ဂျောင်းတာကျေးရွာထိပ်ရှိ စစ်ကောင်စီ၏ ဂိတ်စခန်း နှင့် ပျူစောထီးခေါင်းဆောင် အောင်စိုးမိုး(ကျောင်းစု)၏ နေအိမ်ကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA)နှင့် ပဲခူးခရိုင်ပကဖ ဦးဆောင်၍ ဒိုက်ဦးမြို့ နယ်ပကဖ၊ ကဝမြို့နယ် ပကဖ၊ရန်ကုန်တိုင်းတိုက်ခိုက်ရေးတပ်ဖွဲ့ (၅)၊မအူပင်ခရိုင် ပကဖ၊ဝေါမြို့နယ်ဆေးတပ်ဖွဲ့ တို့ပူးပေါင်း၍ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီဂိတ်စခန်းမှ MA 3 သေနတ်တစ်လက်၊ ရှေ့ထွက်မိုင်းတစ်လုံး၊ အီနာကာဗုံးသီးနှစ်လုံးနှင့် ပြည်သူထံမှ ငွေကောက်ခံထားသော စာရွက်စာတမ်းများ ရရှိခဲ့သည်ဟု ဆိုသည်။ ထို့အပြင် ဂိတ်စခန်းမီးရှို့နိုင်ခဲ့ပြီး ဂျောင်းတာအုပ်စုအတွင်း ပျူစောထီးများအား စစ်သင်တန်းပေးနေသော ပျူခေါင်းဆောင် နေအိမ်ကိုလည်း ဝင်ရောက်ပစ်ခက်ခဲ့ရာ လက်လုပ်ကိုးလုံးသေနတ်နှစ်လက်၊ လက် လုပ်သေနတ်အတု နှစ်လက်သိမ်းဆည်းရမိကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ရန်သူထိခိုက်သေဆုံးမှုကို စုံစမ်းလျှက်ရှိပြီး ပူးပေါင်းတပ်ဖွဲ့များမှ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကြောင်းဖော်ပြသည်။

ယခုနှစ်အောက်တိုဘာ နောက်ဆုံးပတ်ကလည်း ဝေါမြို့နယ်ရှိ စစ်ကောင်စီ၏ ရေတံခါးဂိတ်စခန်း တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရာ စစ်သားနှင့် ပျူစောထီး ငါးဦးထက်မနည်းသေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်ခြင်း၊ ပြုန်းတီးနေသည့် စစ်အင်အားများဖြည့်တင်းရန် လူသစ်စုဆောင်းခြင်း အပါအဝင် စစ်ကောင်စီကြောင့် ပြည်သူများ နည်းမျိုးစုံစိတ်ဒုက္ခကြုံနေရ၍ တော်လှန်ရေးကို မီးကုန်ယမ်းကုန်အားဖြည့်လုပ်ဆောင်နိုင်ရန် လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

ဆောင်းပါး

"အဲ့ဒါ အဲ့ဒါ ကျတော့်သမီးလေး။ သူ အသက်ရှိနေအုံးမှာ။ ကျတော်ကိုယ်တိုင် ဆွဲထုတ်ပါရစေဗျာ"

သတင်း

ဇန်နဝါရီ ၁၄ ရက်တွင်လည်းမ​ပေါက်ကွဲ​သေး​သော​ပေါင် ၅၀၀ ဗုံး​တွေ့

Infographics

အာဏာသိမ်းစစ်ကောင်စီတပ်က ဒီဇင်ဘာ ၃၀ ရက်မှ ဇန်နဝါရီလပထမနှစ်ပတ်အတွင်း ပြည်နယ် ၅ခုနှင့် တိုင်း ၅တိုင်းကို လေကြောင်းမှ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူအနည်းဆုံး ၉၀ သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

Facebook