Connect with us

Hi, what are you looking for?

သတင်း

ညောင်လေးပင်မြို့နယ်၌ စစ်ကောင်စီဂိတ်စခန်းနှင့် ပျူစောထီးခေါင်းဆောင်နေအိမ်ကို တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်

ရန်သူထိခိုက်သေဆုံးမှုကို စုံစမ်းလျှက်ရှိပြီး ပူးပေါင်းတပ်ဖွဲ့များမှ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကြောင်းဖော်ပြသည်။

(စစ်ကောင်စီဂိတ်စခန်းနှင့် ပျူခေါင်းဆောင် နေအိမ်မှ သိမ်းဆည်းရရှိသော လက်နက်များ။ဓာတ်ပုံ - ပဲခူးခရိုင် ပကဖ)
(စစ်ကောင်စီဂိတ်စခန်းနှင့် ပျူခေါင်းဆောင် နေအိမ်မှ သိမ်းဆည်းရရှိသော လက်နက်များ။ဓာတ်ပုံ - ပဲခူးခရိုင် ပကဖ)

ရဲခေါင်/People’s Spring

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ရှိ စစ်ကောင်စီ၏ ဂိတ်စခန်းနှင့် ပျူစောထီးခေါင်းဆောင် နေအိမ်ကို ဝင်ရောက်တိုက်ခိုက်ရာ လက်နက်များရရှိကြောင်း ပဲခူးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ယနေ့ (ဒိဇင်ဘာ ၂၃ရက်) ထုတ်ပြန်သည်။

ဒီဇင်ဘာ ၂၂ ရက် နံနက် ၁နာရီခန့်က ဂျောင်းတာကျေးရွာထိပ်ရှိ စစ်ကောင်စီ၏ ဂိတ်စခန်း နှင့် ပျူစောထီးခေါင်းဆောင် အောင်စိုးမိုး(ကျောင်းစု)၏ နေအိမ်ကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA)နှင့် ပဲခူးခရိုင်ပကဖ ဦးဆောင်၍ ဒိုက်ဦးမြို့ နယ်ပကဖ၊ ကဝမြို့နယ် ပကဖ၊ရန်ကုန်တိုင်းတိုက်ခိုက်ရေးတပ်ဖွဲ့ (၅)၊မအူပင်ခရိုင် ပကဖ၊ဝေါမြို့နယ်ဆေးတပ်ဖွဲ့ တို့ပူးပေါင်း၍ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီဂိတ်စခန်းမှ MA 3 သေနတ်တစ်လက်၊ ရှေ့ထွက်မိုင်းတစ်လုံး၊ အီနာကာဗုံးသီးနှစ်လုံးနှင့် ပြည်သူထံမှ ငွေကောက်ခံထားသော စာရွက်စာတမ်းများ ရရှိခဲ့သည်ဟု ဆိုသည်။ ထို့အပြင် ဂိတ်စခန်းမီးရှို့နိုင်ခဲ့ပြီး ဂျောင်းတာအုပ်စုအတွင်း ပျူစောထီးများအား စစ်သင်တန်းပေးနေသော ပျူခေါင်းဆောင် နေအိမ်ကိုလည်း ဝင်ရောက်ပစ်ခက်ခဲ့ရာ လက်လုပ်ကိုးလုံးသေနတ်နှစ်လက်၊ လက် လုပ်သေနတ်အတု နှစ်လက်သိမ်းဆည်းရမိကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ရန်သူထိခိုက်သေဆုံးမှုကို စုံစမ်းလျှက်ရှိပြီး ပူးပေါင်းတပ်ဖွဲ့များမှ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကြောင်းဖော်ပြသည်။

ယခုနှစ်အောက်တိုဘာ နောက်ဆုံးပတ်ကလည်း ဝေါမြို့နယ်ရှိ စစ်ကောင်စီ၏ ရေတံခါးဂိတ်စခန်း တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရာ စစ်သားနှင့် ပျူစောထီး ငါးဦးထက်မနည်းသေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ဇာဒီပျူ​စောထီးရွာမှာ ကင်းစောင့် နေတဲ့ ပျူစောထီးတဦးကို ကွမ်ယာ​ကြွေးဟန်ပြုပြီး အနီးကပ်ပစ်ခတ်ကာG3 တလက်သိမ်းနိုင်ခဲ့တယ်လို့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှား​ရေးတပ်ရင်းက ဒုတပ်ရင်းမှူးဗိုလ်ပိုင်ချဲက ပြောပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။