Connect with us

Hi, what are you looking for?

သတင်း

အောင်ပွဲပြန် မုံရွာခရိုင်ရင်း(၃)က မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်းကျဆုံးခဲ့သည့် PDF ရဲဘော်များ၏ဓာတ်ပုံများ ကိုင်ဆောင်ဂုဏ်ပြု

ဒီဇင်ဘာ ၂၁ရက်တွင် မင်းတပ်မြို့ကို ချင်းညီနောင်နှင့်မဟာမိတ်များက အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ရာ အောင်ပွဲရ ရဲဘော်များကို သက်ဆိုင်ရာ ဒေသပြည်သူများက ကြိုဆိုခဲ့ကြသည်။

အောင်ပွဲပြန် မုံရွာခရိုင်ရင်း(၃)က မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်းကျဆုံးခဲ့သည့် PDF ရဲဘော်များ၏ဓာတ်ပုံများ ကိုင်ဆောင်ဂုဏ်ပြု
အောင်ပွဲပြန် မုံရွာခရိုင်ရင်း(၃)က မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်းကျဆုံးခဲ့သည့် PDF ရဲဘော်များ၏ဓာတ်ပုံများ ကိုင်ဆောင်ဂုဏ်ပြု

“ပြန်လာတဲ့ရဲဘော်တွေထဲမှာ မပါလာတော့လို့ ဝမ်းနည်းပူဆွေးပြီး သတိရပေမယ့် ဂုဏ်ယူမဆုံးလေးစားရတဲ့ အာဇာနည်တွေအဖြစ်သတ်မှတ်ပေးကြပါတယ်” – ရဲဘော်သစ်တော

ဟန်နွေ/People’s Spring

ချင်းပြည်နယ် မင်းတပ်မြို့သိမ်းတိုက်ပွဲတွင် ပါဝင်ခဲ့ကြသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မုံရွာခရိုင် တပ်ရင်း(၃)မှ ရဲဘော်များပြန်လာရာ ဒေသခံပြည်သူများက ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။

မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် ရဲဘော်များ၏ ဓာတ်ပုံများကို အောင်ပွဲခံ စစ်ကြောင်း၌ ကိုင်ဆောင်ဂုဏ်ပြုခဲ့ကြသည်ဟု မုံရွာခရိုင် တပ်ရင်း(၃) ဘဏ္ဍာရှာဖွေရေး တာဝန်ရှိသူ ရဲဘော်သစ်တောက ပြောသည်။

ဒီဇင်ဘာ ၂၁ရက်တွင် မင်းတပ်မြို့ကို ချင်းညီနောင်နှင့်မဟာမိတ်များက အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ရာ အောင်ပွဲရ ရဲဘော်များကို သက်ဆိုင်ရာ ဒေသပြည်သူများက ကြိုဆိုခဲ့ကြသည်။

Public Service Announcement

Public Service Announcement

မုံရွာခရိုင် PDF တပ်ရင်း(၃)မှ ရဲဘော်များအား ပြည်သူများက ကြိုဆိုသည့် မှတ်တမ်းကို ယနေ့ ဇန်နဝါရီ ၃ရက်တွင် ထုတ်ပြန်ခဲ့ရာ အောင်ပွဲရရဲဘော်များအား ပြည်သူများက အောင်သပြေပန်းနှင့် ကြိုဆိုခြင်း၊ ကော်ဖီမစ်၊ ဆေးလိပ်အပါအဝင် စားသောက်ဖွယ်ရာအချို့ ပေးဝေခြင်းများ ပြုလုပ်ခဲ့သည်။

အောင်ပွဲခံ PDF စစ်ကြောင်းတွင် မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် ရဲဘော် ၇ဦးတို့၏ ဓာတ်ပုံများကို PDF ရဲဘော်များက ကိုင်ဆောင်ခဲ့ကြသည်ကိုလည်းတွေ့ရသည်။ အဆိုပါရဲဘော်များကို ပြည်သူများက အောင်သပြေပန်း၊ ဆေးလိပ်၊ ကော်ဖီမစ်စသည်တို့ ပေးဝေရာတွင် ကိုင်ဆောင်သည့် ရဲဘော်အတွက်သာမကျ ကျဆုံးခဲ့သည့် ရဲဘော်အတွက်ပါ ပေးဝေခဲ့သည်ကိုလည်း တွေ့ရသည်။

ယင်းသို့ ကျဆုံးရဲဘော်များ၏ ဓာတ်ပုံများအား အောင်ပွဲခံ စစ်ကြောင်း၌ ကိုင်ဆောင်ခဲ့ရခြင်းမှာ တော်လှန်ရေးအတွက် အသက်ကိုပဓာန မထားဘဲ ပြည်သူလူထုအတွက် ရယူလိုမှုမရှိသည့် ပေးဆပ်မှုများနှင့် ကျဆုံးခဲ့ရသည့် အာဇာနည်ရဲဘော်များကို ဂုဏ်ပြုခြင်းဖြစ်သည်ဟု ရဲဘော် ကိုသစ်တောက ပြောသည်။

“အောင်ပွဲနဲ့ပြန်လာခဲ့တဲ့ ရဲဘော်တွေကလည်း ထပ်ထူဂုဏ်ပြုပေးတဲ့သဘောမျိုးရော လာရောက်ကြိုဆိုတဲ့ တော်လှန်မိဘပြည်သူများကလည်း သူတို့ရဲ့ ပေးဆပ်ခြင်းတွေကို အသိမှတ်ပြူလေးစားပြီးဂုဏ်ပြုပေးတဲ့ သဘောပါဗျ။ပြန်လာတဲ့ရဲဘော်တွေထဲမှာ မပါလာတော့လို့ ဝမ်းနည်းပူဆွေးပြီး သတိရပေမယ့် ဂုဏ်ယူမဆုံးလေးစားရတဲ့ အာဇာနည်တွေအဖြစ်သတ်မှတ်ပေးကြပါတယ်”ဟု ရဲဘော်သစ်တောက ပြောသည်။

PDF မုံရွာခရိုင် တပ်ရင်း(၃)သည် မုံရွာခရိုင်အတွင်း စစ်ရေးလှုပ်ရှားသည့် တပ်ဖွဲ့ဖြစ်သော်လည်း ၂၀၂၄ နိုဝင်ဘာ ၉ရက်မှ စတင်ပြီး ရက်ပေါင်း ၄၀ ကျော်ကြာမြင့်ခဲ့သည့် မင်းတပ်မြို့သိမ်းတိုက်ပွဲတွင် ပါဝင်ခဲ့ရာ အဆိုပါ တိုက်ပွဲအတွင်း မုံရွာခရိုင် တပ်ရင်း(၃)မှ ရဲဘော် ၇ဦးကျဆုံးခဲ့ရသည်။ထို့ပြင် ကိုယ်အင်္ဂါ ပြတ်တောက်ခဲ့ရသည့် ရဲဘော် ၂ဦး နှင့် ဒဏ်ရာ ပြင်းထန် ရဲဘော် ၃ဦး အပါအဝင် ၁၂ဦး ဒဏ်ရာရခဲ့ကြောင်း မုံရွာခရိုင်တပ်ရင်း(၃)က အသိပေးထားသည်။

အလားတူ မင်းတပ်မြို့သိမ်းတိုက်ပွဲအောင်ပွဲရ ချင်းဒေသကာကွယ်ရေးတပ်(CDF)-မင်းတပ် ရဲဘော်များကိုလည်း ဒေသခံများက ဂုဏ်ပြုအခမ်းအနားများ ပြုလုပ်ကြိုဆိုခဲ့ကြသည်။

မင်းတပ်မြို့သိမ်းစစ်ဆင်ရေးကို ချင်းညီနောင်၊ YDF၊ YA၊ မုံရွာခရိုင် တပ်ရင်း(၃) တို့ ပူးပေါင်းကာ ရက္ခိုင့်တပ်တော်(AA)က စစ်ရေး အကူအညီများ ပံ့ပိုးမှုဖြင့် အောင်မြင်ခဲ့ခြင်းဖြစ်သည်။ မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ စစ်သုံ့ပန်း ၁၆၀ ခန့် နှင့် လက်နက်ကြီး လက်နက်ငယ်များစွာ ခဲယမ်းများစွာ သိမ်းရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။