Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မြို့သိမ်းတိုက်ပွဲ အောင်ပွဲရ CDFနှင့် PDFများကို ဒေသခံပြည်သူများ ကြိုဆို

မင်းတပ်မြို့သိမ်းတိုက်ပွဲကို ရက်ပေါင်း ၄၀ကျော်ကြာ ဆင်နွှဲခဲ့ရာ မုံရွာခရိုင် တပ်ရင်း ၃က ရဲဘော် ၇ဦးကျဆုံးခဲ့သည်။ အခြား CDF တပ်နှင့်မဟာမိတ်များမှ ရဲဘော်များလည်း ကျဆုံးထိခိုက်ရှိခဲ့သည်။

(အောင်ပွဲရ CDFမင်းတပ်ရဲဘော်များအား ပြည်သူများက ကြိုဆိုနေကြစဥ်။ ဓာတ်ပုံ - Salai Naing Hung)
(အောင်ပွဲရ CDFမင်းတပ်ရဲဘော်များအား ပြည်သူများက ကြိုဆိုနေကြစဥ်။ ဓာတ်ပုံ - Salai Naing Hung)

ဟန်နွေ/People’s Spring

ချင်းပြည်နယ် မင်းတပ်မြို့သိမ်းတိုက်ပွဲ အောင်မြင်မှုရရှိခဲ့သည့် ချင်းဒေသကာကွယ်ရေးတပ်(CDF)-မင်းတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)မုံရွာခရိုင် တပ်ရင်း(၃)တို့မှ ရဲဘော်များကို သက်ဆိုင်ရာဒေသရှိ ဒေသခံပြည်သူများက ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။

မင်းတပ်မြို့ကို ချင်းညီနောင်နှင့် မဟာမိတ်များက ဒီဇင်ဘာ ၂၁ရက်တွင် အပြီးသတ်သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

မြို့သိမ်းတိုက်ပွဲအပြီး တိုက်ပွဲဝင် တပ်ဖွဲ့များက မူရင်းဒေသများသို့ ပြန်လာခဲ့ရာ အောင်ပွဲရ ရဲဘော်များကို ဂုဏ်ပြုကြိုဆိုပွဲများပြုလုပ်ခဲ့ကြောင်း မင်းတပ်ဒေသ သတင်းရင်းမြစ်နှင့် မုံရွာခရိုင် တပ်ရင်း(၃)တို့က ဓာတ်ပုံနှင့် ရုပ်သံမှတ်တမ်းများ ဖော်ပြအသိပေးသည်။

Public Service Announcement

Public Service Announcement

အောင်ပွဲရတပ်ဖွဲ့များအနက် CDF တပ်ရင်း(၃)ရဲဘော်များအား ပြည်သူများက ကြိုဆိုသည့် အခမ်းအနားကို ဇန်နဝါရီ ၂ရက်က ပြုလုပ်ခဲ့သည်ကို မင်းတပ်ဒေသ သတင်းရင်းမြစ်နှင့် CDF-မင်းတပ် စစ်ဦးစီးချုပ် ဆလိုင်းထန်းချွန်းဖေတို့က ဓာတ်ပုံမှတ်တမ်းများ ဖော်ပြသည်။

အလားတူ မင်းတပ်မြို့သိမ်းတိုက်ပွဲတွင်ပါဝင်ခဲ့သည့် PDF မုံရွာခရိုင် တပ်ရင်း(၃) ရဲဘော်များ ကြိုဆိုသည့် ရုပ်သံကိုလည်း မုံရွာခရိုင် တပ်ရင်း(၃)က ယနေ့ ဇန်နဝါရီ ၃ရက်တွင် ဖော်ပြခဲ့သည်။

အောင်ပွဲရ ရဲဘော်များအား တော်လှန် မိဘပြည်သူများက အောင်သပြေနှင့် ကြိုဆိုခဲ့ကြောင်း မုံရွာခရိုင် တပ်ရင်း(၃)က ထုတ်ပြန်ခဲ့သည်။

မင်းတပ်မြို့သိမ်းတိုက်ပွဲကို ရက်ပေါင်း ၄၀ကျော်ကြာ ဆင်နွှဲခဲ့ရာ မုံရွာခရိုင် တပ်ရင်း ၃က ရဲဘော် ၇ဦးကျဆုံးခဲ့သည်။ အခြား CDF တပ်နှင့်မဟာမိတ်များမှ ရဲဘော်များလည်း ကျဆုံးထိခိုက်ရှိခဲ့သည်။

စစ်ကောင်စီဘက်ကလည်း သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပမ်းများစွာနှင့်လက်နက်ခဲယမ်းများ သိမ်းရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ