Connect with us

Hi, what are you looking for?

သတင်း

ငဖဲမြို့အနီးတွင် တိုက်ပွဲဖြစ်

မကွေးတိုင်း၊ ငဖဲမြို့အနီးတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တို့ကြား ယနေ့(ဇန်နဝါရီ ၃ရက်) တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

တာရာ/People’s Spring

မကွေးတိုင်း၊ ငဖဲမြို့အနီးတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တို့ကြား ယနေ့(ဇန်နဝါရီ ၃ရက်) တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ငဖဲမြို့မှ စေတုတ္တရာမြို့ဘက်လာသည့် စစ်ကောင်စီယာဉ်တန်းသည် ငဖဲမြို့မှ (၂)မိုင်ခန့်ကွာဝေးသည့် ပင်ဦးကျေးရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ငဖဲဒေသခံတစ်ဦးက ပြောသည်။

“မနက် ၇နာရီကျော်လောက် အသံတွေကြားရတာပါပဲ၊ တခါမှ မကြားဖူးတော့ လူတွေက လန့်နေကြတာ”ဟု ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၅ ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုလည်း အခြားဒေသခံတစ်ဦးက ပြောသည်။

“စကစဘက်က အထိနာသွားလို့ လူနာတင်ကားတွေနဲ့ တက်သွားတာတွေ့ လိုက်ရတယ်။ ညနေပိုင်းမှာ စစ်တပ်က အင်အားထပ်တိုးထားတာကိုလည်း တွေ့ရတယ်”ဟု ၎င်းက ပြောသည်။

ငဖဲမြို့တောင်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် တော်လှန်တပ်များတိုက်ပွဲများဖြစ်ပွားမှု ဆက်တိုက်ဖြစ်နေသော်လည်း ငဖဲမြို့မြောက်ပိုင်းတွင် ယခုအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်သည်ဟု ဒေသခံများကဆိုသည်။

တိုက်ခိုက်မှုကို မည်သည့်အဖွဲ့က ဆောင်ရွက်သည်ကို ထုတ်ပြန်ခြင်းမရှိသေးပေ။

ငဖဲမြို့သည် လက်တလော တိုက်ပွဲများဖြစ်နေသည့် မန်းရွှေစက်တော်ရာဘုရားနှင့် မိုင်းအနည်းငယ်သာ ကွာဝေးသည်။

မင်းဘူးမြို့နယ်ရှိ မန်းရွှေစက်တော်ရာဘုရားအနီးတွင် ဒီဇင်ဘာနောက်ဆုံးပတ်က တိုက်ပွဲများဖြစ်ပွားနေသည်။ မန်းရွှေစက်တော်ရာဘုရားအနီးအနားရှိ ကျေးရွာများကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၂ ရက်က စတင်ပြီးစစ်ကြောင်းထိုးကာ နယ်မြေရှင်းလင်းရေးများဆောင်ရွက်နေသည်ဟု ဒေသခံများကပြောသည်။

မင်းဘူးမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေသော်လည်း စစ်ကောင်စီက မန်းရွှေစက်တော်ရာဘုရားပွဲကို ၂၀၂၅ ဖေဖော်ဝါရီ ၂ ရက်မှ ဧပြီ ၁၇ ရက်အထိ ကျင်းပမည်ဟု ထုတ်ပြန်ထားပြီး ဘုရားပွဲတော်အတွင်း ဈေးဆိုင်များနှင့် အခြားလုပ်ငန်းများအတွက် တင်ဒါလုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။ တင်ဒါလျှောက်လွှာများကို ဒီဇင်ဘာ ၂၀ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိရောင်းချမည်ဟုလည်း စစ်ကောင်စီက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

မတရားဖမ်းဆီး အကျဥ်းချခံထားရတဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်နိုင်ဖို့ ရည်မှန်းပြီးပြည်သူ့စစ်မဟာဗျူဟာနဲ့ စစ်ဆင်ရေးဖော်ဆောင်ပြီး စစ်တပ်စခန်းတွေ၊ ပျူစောထီးရွာတွေ နဲ့ စစ်တပ်အရာရှိယာဉ်တွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်ပြည့် မွေးနေ့အကြို နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၈)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။