Connect with us

Hi, what are you looking for?

သတင်း

မြန််မာပြည်သူများနှင့်အတူ ရပ်တည်​ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး​ပြောကြား

မြန်မာစစ်တပ်၏ စီမံခန့်ခွဲမှုလွဲမှားခြင်းများကို ပြည်သူများ၏ နေ့စဥ်ဘဝတွင် တွေ့ကြုံနေကြရကြောင်း ဗြိတိန်သံရုံးအကြီးအကဲပြော

အ​မေရိကန် နိုင်ငံခြား​ရေးဝန်ကြီး အန်တိုနီဘလင်ကန်။ဓါတ်ပုံ-Getty Images

အီယိုရီ/People’s Spring

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက မြန်မာပြည်သူများနှင့် အတူရပ်တည်​ကြောင်း ​ပြောကြားပြီး ၊ စစ်ကောင်စီအနေဖြင့် အကြမ်းဖက်မှုများကို အဆုံးသတ်ရန် ယနေ့(ဇန်နဝါရီ ၄ရက်)ထပ်မံတောင်းဆိုလိုက်သည်။

ယနေ့ ကျရောက်သော ၇၇ကြိမ်မြောက် မြန်မာနိုင်ငံ၏လွတ်လပ်ရေးနေ့အခါသမယတွင် မြန်မာပြည်သူများအပေါ်ထားရှိသည့် အမေရိကန်ပြည်ထောင်စု၏ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုကြောင်း နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ထုတ်ပြန်သည်။

အကြမ်းဖက်မှုများကို အဆုံးသတ်ရန်၊ မတရားဖမ်းဆီးထိန်းသိမ်းထားသူများကို လွှတ်ပေးရန်၊ လူသားချင်းစာနာထောက်ထားမှုအကူအညီများ အဟန့်အတားမရှိပေးအပ်ခွင့်ပြုရန်နှင့် တိုင်းပြည်ကို အားလုံးပါဝင်နိုင်သည့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ပို့ဆောင်ရန် စစ်အာဏာရှင်အဖွဲ့အစည်းကို အမေရိကန်ပြည်ထောင်စုက ဆက်လက်တောင်းဆိုသည်။

Public Service Announcement

Public Service Announcement

အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံနှင့် မိမိတို့၏ အနာဂါတ်ကို ကိုယ်တိုင်ပုံဖော်လိုကြသည့် မြန်မာပြည်သူများ၏ အခွင့်အရေးကို အစောဆုံးအသိအမှတ်ပြုသည့် နိုင်ငံများထဲတွင် ပါဝင်ခဲ့သည်ဟု ဖော်ပြသည်။

ဒီမိုကရေစီ၊ တည်ငြိမ်အေးချမ်းမှု၊ စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုနှင့် လူ့အခွင့်အရေးများကို ခံစားခွင့်ရရှိရေးအတွက် ကြိုးပမ်းအားထုတ်ရာတွင် မြန်မာပြည်သူများနှင့်အတူတသားတည်း ရပ်တည်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

ရန်ကုန်မြို့ ဗြိတိန်သံရုံးအကြီးအကဲ Ken O’Flaherty ကလည်း မကြာသေးမီက နှစ်သစ်စကားပြောကြားရာ ဗြိတိန်အစိုးရသည် မြန်မာပြည်သူအားလုံးနှင့်အတူ ရပ်တည်ပြီး မြန်မာပြည်သူအားလုံးနှင့်ထိုက်တန်သော ငြိမ်းချမ်းသာ ဒီမိုကရေစီအနာဂတ်အတွက် ကြိုးပမ်းမှုများတွင် အတူတကွလက်တွဲလုပ်ဆောင်သွားမည်ဟု ကတိပြုသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်က မြန်မာပြည်သူပြည်သူများအတွက် အခက်အခဲများ ပိုမိုရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် နှစ်တစ်နှစ်ဖြစ်ခဲ့ကြောင်း ဗြိတိန်သံရုံးအကြီးအကဲက ပြောသည်။

အာဏာသိမ်းစစ်တပ်သည် စစ်မှုထမ်းခြင်းဥပဒေကို ရက်စက်စွာစတင်ကျင့်သုံးခြင်းမှအစ နေ့စဉ်သုံးကုန်ပစ္စည်းစျေးနှုန်းများ သိသိသာသာ မြင့်တက်လာခြင်းနှင့် အသက်အိုးအိမ်ထိခိုက်စေသည့် ရေကြီးရေလျှံမှုများအပါအဝင် မြန်မာစစ်တပ်၏ စီမံခန့်ခွဲမှုလွဲမှားခြင်းများကို ပြည်သူများ၏ နေ့စဥ်ဘဝတွင် တွေ့ကြုံနေကြရကြောင်း ဗြိတိန်သံရုံးအကြီးအကဲက ပြောသည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် နိုင်ငံတဝန်း စစ်ရေးရှုံးနိမ့်မှုများကို ပိုမိုကြုံတွေ့ခဲ့ရသည့် အာဏာသိမ်းစစ်တပ်သည် အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ ပိုမို ပြုလုပ်ခဲ့သည်။ သြဂုတ်နှင့် အောက်တိုဘာလအတွင်း စစ်တပ်၏ ပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများမှာ စစ်တပ်အာဏာသိမ်းကတည်းက အမြင့်ဆုံးအရေအတွက်ကို ရောက်ရှိခဲ့ကြောင်း ဗြိတိန်သံရုံးအကြီးအကဲက ဆိုသည်။

ဗြိတိန်အစိုးရသည် ကုလသမဂ္ဂတွင် ရှင်းလင်းစွာ ပြောကြားခဲ့သည့်အတိုင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်ခြင်းများကို ပြတ်သားစွာရှုတ်ချကြောင်း အထက်ပါ သံရုံးအကြီးအကဲက ထပ်လောင်းပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်ဟာ အမေရိကန်ရဲ့ အဓိက ပြိုင်ဘက် ဖြစ်သလို အမေရိကန်က ဆက်ဆံရေး တည်ဆောက်ဖို့ အရေးအကြီးဆုံး လိုအပ်တဲ့ နိုင်ငံလည်း ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုက ပြောကြားခဲ့ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများနှင့်ပတ်သက်၍ ကုလသမဂ္ဂ ခေါင်းဆောင်များထံသို့ အစီရင်ခံစာပေးပို့ခဲ့ရာ အာဏာသိမ်းစစ်ကောင်စီတပ်၏ ပြည်သူများအပေါ် စစ်ရာဝတ်မှု ဆက်လက်ကျူးလွန်နေသည့် လုပ်ရပ်များကို တင်ပြခဲ့သည်။

သတင်း

မြန်မာ့ငွေကြေးဖောင်းပွမှု ၃၄ ရာခိုင်နှုန်းထိရှိပြီး ပြည်သူများပိုမိုကြပ်တည်းလာကြောင်း ကမ္ဘာ့ဘဏ် ၏ စီးပွားရေးအစီရင်ခံစာသစ်တွင် ဖော်ပြသည်။

သတင်း

မြန်မာပြည်သူများ၏ ဆန္ဒနှင့် အကျိုးစီးပွားကို ဗဟိုမပြုသော မည်သည့်ဖြေရှင်းနည်းလမ်းမဆို အကောင်းဆုံးအဖြစ် ခဏတာကုစားမှုကိုသာရရှိနိုင်ပြီး အဆိုးဆုံးအဖြစ် ရေရှည်ကျရှုံးမှုဆီ ဦးတည်သွားနိုင်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက သတိပေးပြောကြားသည်။