Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်ဟာ ပြိုင်ဘက်ဖြစ်သလို အလေးထားရမယ့် မိတ်ဖက်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးပြော

တရုတ်ဟာ အမေရိကန်ရဲ့ အဓိက ပြိုင်ဘက် ဖြစ်သလို အမေရိကန်က ဆက်ဆံရေး တည်ဆောက်ဖို့ အရေးအကြီးဆုံး လိုအပ်တဲ့ နိုင်ငံလည်း ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုက ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ- Getty Images

တရုတ်ဟာ အမေရိကန်ရဲ့ အဓိက ပြိုင်ဘက် ဖြစ်သလို အမေရိကန်က ဆက်ဆံရေး တည်ဆောက်ဖို့ အရေးအကြီးဆုံး လိုအပ်တဲ့ နိုင်ငံလည်း ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုက ပြောကြားခဲ့ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ တရုတ်နိုင်ငံ ခရီးစဉ်ကို အကြောင်းပြုပြီး Fox သတင်းဌာနနဲ့ အင်တာဗျူးမှာ ရူဘီရိုက တရုတ်ဆိုတာ အမေရိကန်ရဲ့ အဓိက ပထဝီဝင် နိုင်ငံရေး ပြိုင်ဘက် ဖြစ်သလို ဆက်ဆံရေး တည်ဆောက်နိုင်အောင် အမေရိကန်က အရေးအကြီးဆုံး စီမံကိုင်တွယ်ရမယ့် နိုင်ငံလည်း ဖြစ်တယ်လို့ မှတ်ချက်ပေးသွားခဲ့တာ ဖြစ်ပါတယ်။

လူတွေက တရုတ်ဟာ အမေရိကန်ရဲ့ ပထဝီဝင် နိုင်ငံရေး အဓိက ရန်သူအဖြစ် ရှုမြင်ကြကြောင်း၊ အဲဒါက မမှားကြောင်း၊ တရုတ်ဟာ ပထဝီဝင် နိုင်ငံရေးအရ အမေရိကန်အတွက် အကြီးဆုံး စိန်ခေါ်မှု ဖြစ်နေသလို တခြားတစ်ဖက်မှာလည်း အမေရိကန် သေချာစီမံ ခန့်ခွဲရမယ့် ဆက်ဆံရေး ကဏ္ဍအတွက် အရေးအကြီးဆုံး နိုင်ငံ ဖြစ်နေပြန်ကြောင်း ရူဘီရိုက ဆိုပါတယ်။

တရုတ်ဟာ လှပပြီး ကြီးမားတဲ့ နိုင်ငံတစ်ခု၊ ဆက်ပြီး ကြီးထွား တိုးတက်လာမယ့် နိုင်ငံတစ်ခုဖြစ်ကြောင်း၊ တစ်ချိန်တည်းမှာပဲ အမေရိကန်ရဲ့ အကျိုးစီးပွားနဲ့ တရုတ်ရဲ့ အကျိုးစီးပွားကြားမှာ ရှုပ်ထွေးမှုတွေ ရှိလာနိုင်ကြောင်း၊ စစ်ပွဲတွေကို ရှောင်ပြီး ကမ္ဘာကြီး တည်ငြိမ်မှုကို ဆက်လက် ထိန်းသိမ်းဖို့အတွက် အဲဒီလို ပွတ်တိုက်မှုတွေကိုတော့ ရှောင်ရှားဖို့လိုကြောင်း ရူဘီရိုက မှတ်ချက်ပေးသွားပါတယ်။

Public Service Announcement

Public Service Announcement

တစ်ချိန်တည်းမှာပဲ တရုတ်နဲ့ အမေရိကန်ကြား ပူးပေါင်း ဆောင်ရွက်နိုင်မယ့် အခန်းကဏ္ဍတွေလည်း ရှိနိုင်ပြီး အဲဒီ အခြေအနေတွေကို မျက်ကွယ်ပြုလိုက်မိတာမျိုး မဖြစ်အောင် သေချာလုပ်ဆောင်ဖို့ အရေးကြီးကြောင်းလည်း ရူဘီရိုက ပြောပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်း တိုက်ခိုက်မှုအပြီး အီရန်က ဟောမုဇ် ရေလက်ကြားကို ပိတ်ထားလိုက်ပါတယ်။ ရူဘီရိုကတော့ အဲဒီ မဟာဗျူဟာ ရေလမ်းကြောင်း ပြန်ဖွင့်နိုင်ရေးအတွက် တရုတ်ဆီက ပိုပြီး တက်ကြွတဲ့ ပူးပေါင်းပါဝင်မှုမျိုးမျှော်လင့်ထားကြောင်း ဆိုပါတယ်။

ဒီကိစ္စကို ဖြေရှင်းနိုင်ရေးဟာ တရုတ်ရဲ့ အကျိုးစီးပွားနဲ့လည်း ဆက်နွှယ်နေကြောင်း၊ ပါရှန်း ပင်လယ်ကွေ့ တဝိုက်မှာ အီရန်က လောလောဆယ် လုပ်ထားတဲ့ ကိစ္စတွေကို ပြန်ရုပ်သိမ်းသွားအောင် တရုတ်က ညှိနှိုင်း စည်းရုံးပေးနိုင်ဖို့ အမေရိကန်က လိုလားကြောင်း ရူဘီရိုက ဆက်ပြောပါတယ်။ တရုတ်ဟာ အီရန်နဲ့ နွေးထွေးတဲ့ ဆက်ဆံရေးမျိုး ရှိနေပြီး အီရန်ရေနံတွေကို အများဆုံး ဝယ်ယူနေတဲ့ မိတ်ဖက်နိုင်ငံလည်း ဖြစ်ပါတယ်။

ဟောမုဇ် ရေလက်ကြား အပိတ်ခံထားရတဲ့အတွက် အထိအနာဆုံးက အာရှတိုက်ဖြစ်ကြောင်း၊ ဘာကြောင့်လဲဆိုတော့ အာရှတိုက်ဟာ စွမ်းအင်ကဏ္ဍအတွက် အဲဒီ ရေလက်ကြားအပေါ် ကြီးကြီးမားမား မှီခိုနေရလို့ဖြစ်ကြောင်း ရူဘီရိုက ထောက်ပြသွားပါတယ်။

ကိုးကား: Fox

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ဆီက အပြည့်အဝ လက်နက် စွန့်လွှတ်ဖို့ သဘောတူ ကတိကို ရရှိခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် တပ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖို့ ကြိုးစားခဲ့တဲ့ အီရန်ရဲ့ လုပ်ရပ်ကို အပြင်းအထန် တိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောပါတယ်။

နိုင်ငံတကာ

လူတူစက်ရုပ်တွေ တင်သွင်းမှုကို ပိတ်ပင်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ တရုတ် နည်းပညာ ကုမ္ပဏီတွေကို ဖိနှိပ်တဲ့ အစီအစဉ် တစ်ခုလို့ တရုတ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ အင်အားအကြီးဆုံး လက်နက်ကိုင် တပ်ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)နဲ့ ဆက်စပ်တဲ့ သတင်းဌာန တစ်ခုက အမေရိကန် သမ္မတရဲ့ ဇနီးနဲ့သားကို လုပ်ကြံဖို့ တိုက်တွန်းထားတဲ့ ဗီဒီယိုတစ်ခု ဖြန့်ဝေခဲ့တာကို အမေရိကန် သမ္မတ လုံခြုံရေး တာဝန်ယူထားတဲ့ လျှို့ဝှက် ထောက်လှမ်းရေး...