Connect with us

Hi, what are you looking for?

News

ဟင်္သာတ EPCရုံး ဗုံးခွဲတိုက်ခိုက်ခံရ

“EPC ရုံး ဗုံးခွဲခံရတာ။ ခြံစည်းရိုးနားမှာ ထောင်ထားခဲ့တာထင်တယ်။ ပျက်စီးမှုတော့ အသေးစိတ် မသိသေးဘူး”ဟု ဗုံးကွဲသည့် ရပ်ကွက်တွင် နေထိုင်သူတစ်ဦးကပြောသည်။

ဟသ်ာတမြို့တွင် ယမန်နေ့(အောက်တိုဘာ ၂၈)ညဦးပိုင်းတွင်ပြင်းထန်သော ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး မြို့နယ်လျှပ်စစ်မန်နေဂျာရုံး(EPC) ဗုံးဖောက်ခွဲခံရခြင်းဟု ဒေသခံများကပြောသည်။

မြို့ပေါ်နှင့် ငါးမိုင်ခန့်အကွာအဝေးရှိ ရပ်ကွက်နှင့် ကျေးရွာများအထိပါ ကြားလိုက်ရသော ပေါက်ကွဲမှုသည် အောက်တိုဘာ ၂၈ရက်ည ၈နာရီခွဲတွင် ဖြစ်ခဲ့ခြင်းဖြစ်သည်။

“EPC ရုံး ဗုံးခွဲခံရတာ။ ခြံစည်းရိုးနားမှာ ထောင်ထားခဲ့တာထင်တယ်။ ပျက်စီးမှုတော့ အသေးစိတ် မသိသေးဘူး”ဟု ဗုံးကွဲသည့် ရပ်ကွက်တွင် နေထိုင်သူတစ်ဦးကပြောသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း စစ်ကောင်စီအား ခုခံတော်လှန်ရေး ခပ်စိတ်စိတ်ဖြစ်လာပြီး ယမန်နေ့ နံနက်ပိုင်းကလည်း ပုသိမ်မြို့မှ ယာဥ်ထိန်းရဲ နှစ်ဦးနှင့် ဘိုကလေးမြို့မှ ဒလန်တစ်ဦး အသတ်ခံခဲ့ရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ဟင်္သာတမြို့က ပါဆယ်လမ်းမှာရှိတဲ့ ခြောက်ခန်းတွဲ မီးရထားတန်းလျား မီးလောင်မှုဖြစ်ပြီး တန်းလျားတစ်ခုလုံးမီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

လေမျက်နှာ နှင့်​ ​ရေကြည်မြို့နယ်တွင်တိုက်ပွဲများဖြစ်ပွား​နေ

သတင်း

အာရက္ခတပ်​တော်(AA) ကအပစ်ရပ်ကြေညာချက်ဖြင့် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၌ ထိုးစစ်ရပ်တန့်ထားသော်လည်း စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲနေပြီး ဟင်္သာတမြို့အဝင်တနေရာတွင် လက်နက်ကြီးတပ်ဆင်ရန်စီစဉ်နေကြောင်း သတင်းရရှိသည်။

သတင်း

ရန်ကုန်မြို့၊ တာမွေမြို့နယ်ရဲစခန်းကို ဗုံးသုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိနိုင်ကြောင်း မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူက ပြောသည်။