Connect with us

Hi, what are you looking for?

သတင်း

AA အပစ်ရပ်ထား​သော်လည်း စစ်တပ်က လေးမျက်နှာမြို့နယ်ကိုဗုံးကြဲ၊ ဟင်္သာတမြို့အနီး လက်နက်ကြီးတပ်ဆင်

အာရက္ခတပ်​တော်(AA) ကအပစ်ရပ်ကြေညာချက်ဖြင့် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၌ ထိုးစစ်ရပ်တန့်ထားသော်လည်း စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲနေပြီး ဟင်္သာတမြို့အဝင်တနေရာတွင် လက်နက်ကြီးတပ်ဆင်ရန်စီစဉ်နေကြောင်း သတင်းရရှိသည်။

အာရက္ခတပ်​တော်(AA) ကအပစ်ရပ်ကြေညာချက်ဖြင့် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၌ ထိုးစစ်ရပ်တန့်ထားသော်လည်း စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲနေပြီး ဟင်္သာတမြို့အဝင်တနေရာတွင် လက်နက်ကြီးတပ်ဆင်ရန်စီစဉ်နေကြောင်း သတင်းရရှိသည်။

​မေ-၅၊၂၀၂၅။ဧရာ/People’s Spring

အာရက္ခတပ်​တော်(AA) ကအပစ်ရပ်ကြေညာချက်ဖြင့် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၌ ထိုးစစ်ရပ်တန့်ထားသော်လည်း စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲနေပြီး ဟင်္သာတမြို့အဝင်တနေရာတွင် လက်နက်ကြီးတပ်ဆင်ရန်စီစဉ်နေကြောင်း သတင်းရရှိသည်။

လေးမျက်နှာမြို့နယ်၊ မကျည်းပင်ကွင်းကျေးရွာကို စစ်ကောင်စီတပ်က မေလ ၄ရက် ည ၇နာရီခန့်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခြင်းဖြစ်သည်။အရပ်သားတစ်ဦး ဒဏ်ရာရပြီးအိမ် ၇ လုံးပျက်စီးသွားခဲ့သည်ဟု မြို့ခံတစ်ဦးကပြောသည်။

“ဒီရက်တိုက်ပွဲတွေ ဖြစ်မနေပါဘူး။ ဒါပေမယ့် ဒီတကြောမှာ AAနဲ့ PDF တွေ ရှိတယ်ဆိုပြီး ဗုံးကြဲနေတာ။ ဒေသခံတချို့က ရှောင်နေကြရပြီ။ ရှောင်ဖို့အခက်အခဲရှိတဲ့သူတွေက ဘယ်လိုနေကြရမှာလဲ။ တကယ်တမ်းက AAရော PDF ရော လှုပ်ရှားတာ‌မတွေ့ဘူး”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် လေးမျက်နှာမြို့တွင် လေကြောင်းတိုက်ခိုက်နေသလို ကွင်းကောက်၊ ဟင်္သာတမြို့တို့တွင်လည်း အင်အားတိုးထားသည်။

ပုသိမ်-ဟင်္သာတကားလမ်း၏ ဟင်္သာတမြို့အဝင် ပြာကတပ်ရွာတွင် အမြောက်များတပ်ဆင်နေသည်ဟု သတင်းရရှိသည်။ပြာကတပ်ရွာသည်ဟင်္သာတမြို့အဝင် နတ်မော်ရွာရှိ အမှတ် (၁၈)ခြေလျင်တပ်ရင်း (ခလရ၁၈) နှင့် ၄မိုင်ခန့်သာဝေးပြီး ဟင်္သာတမြို့နှင့် ၁၀မိုင်ခန့်သာဝေးသည်။ ဟင်္သာတမြို့သည် လက်ရှိစစ်ကောင်စီကလေကြောင်းတိုက်ခိုက်နေသည့် လေးမျက်နှာမြို့နယ်နှင့် မိုင်၂၀ခန့်သာဝေးသည်။

စစ်ကောင်စီတပ်ကထိုသို့ စစ်ရေးလှုပ်ရှားမှုများကြောင့် ဒေသခံများသည် စိုး ရိမ်နေကြသည်။

ဧရာဝတီတိုင်းအတွင်း ဖြစ်ပွားနေသောတိုက်ပွဲများ ဟင်္သာတခရိုင်အတွင်းရောက်ရှိနေပြီဖြစ်ပြီး စစ်ရေးသတိဖြင့် ပြင်ဆင်ထားကြရန် ၊ ရောက်ရှိလာသောစစ်ဘေးရှောင်များအားကူညီကြရန် မြို့ခံများနှင့် ဟင်္သာတမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က က ဧပြီလ ၁၉ရက်၌ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလကဧရာဝတီတိုင်းရွှေသောင်ယံမြို့၊ သာပေါင်းမြို့နယ်တို့တွင်စတင်ခဲ့သော တိုက်ပွဲများသည် မတ်လမှစတင်ကာရေကြည်၊ လေးမျက်နှာ နှင့် အင်္ဂပူမြို့နယ်ကြား ပုသိမ်-မုံရွာလမ်းကြောသို့ ရောက်ရှိလာသည်။ ဟင်္သာတခရိုင်၊ လေး‌မျက်နှာမြို့နယ်၊ပန်းတောကြီးရွာကို အာရက္ခတပ်တော်(AA)နှင့်ပူးပေါင်းတပ်များကဧပြီလ ၁၇ရက်တွင် သိမ်းယူလိုက်ရာ စစ်ကောင်စီတပ်က လေကြောင်းမှ နေစဉ် ဗုံးကြဲတိုက်ခိုက်နေသည်။

AA၊ TNLA နှင့် MNDAA ပါဝင်သည့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က စစ်ကိုင်းငလျင်နောက်ဆက်တွဲ လုပ်ငန်းများနှင့်ဆက်စပ်၍ တိုက်တာအဆောက်အအုံများရှင်းလင်းရေးနှင့်လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးတို့အတွက် တစ်ဖက်သတ်အပစ်ရပ်ကာလအား ​မေလတစ်လလုံးကိုနောက်ထပ် (၁) လ သက်တမ်းထပ်တိုးကြောင်း မေလ ၁ရက်တွင် ကြေညာထားသည်။

ငလျင်လှုပ်ခဲ့သည့် မတ်လ၂၈ ရက်မှ မေ၂ ရက်အထိ ၃၆ ရက်အတွင်း စစ်ကောင်စီက လေ ကြောင်းတိုက်ခိုက်မှု၂၈၂ ကြိမ်ပြုလုပ်ခဲ့ပြီး ပြည်သူ၂၇၆ ဦး သေဆုံးကာ ၄၅၆ ဦးဒဏ်ရာရခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ ကျပ်သိန်း ၃၀၀ နီးပါးတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး Ice တွေနဲ့အတူ သုံးစွဲ၊ ရောင်းချ နေသူသုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးဆိုင်ရာဥပဒေပုဒ်မ သုံးခုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ အာရက္ခတပ်တော် (AA)ရဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။