Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဖုန်း message ကနေ ငွေလိမ်တဲ့သူနဲ့ ကြုံခဲ့ပုံကို ထိုင်းဝန်ကြီးချုပ် ဖောက်သည်ချ

ဖုန်းmessage ပေးပို့ပြီး လိမ်ညာတဲ့ မသမာသူတွေဟာ သူ့ကိုလည်း ချမ်းသာမပေးခဲ့ဘူးလို့ ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝပ်ထရာက ဖွင့်ဟခဲ့ပါတယ်။

ဖုန်းmessage ပေးပို့ပြီး လိမ်ညာတဲ့ မသမာသူတွေဟာ သူ့ကိုလည်း ချမ်းသာမပေးခဲ့ဘူးလို့ ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝပ်ထရာက ဖွင့်ဟခဲ့ပါတယ်။

ဉာဏ်ရည်တု နည်းပညာ (AI)ကို အသုံးပြုပြီး ပြုပြင်ပြောင်းလဲထားတဲ့ နိုင်ငံခြား အစိုးရ ခေါင်းဆောင် တစ်ဦးရဲ့ အသံနဲ့ သူ့ကို လှည့်စားပြီး ဖုန်းmessage ပေးပို့တာမျိုး ကြုံခဲ့တယ်လို့ ဖေထောင်ထန်က ဇန်နဝါရီ ၁၅ ရက်နေ့မှာ ထုတ်ပြောခဲ့ပါတယ်။

သူဟာ အဲဒီ လှည့်ကွက်ထဲ ကျလုဆဲဆဲ ဖြစ်ခဲ့ပေမယ့်လည်း ကံအားလျော်စွာနဲ့ အခြေအနေမှန်ကို သတိထားမိခဲ့တယ်လို့ ဖေထောင်ထန်က ဆိုပါတယ်။ သူဟာ လူသိများတဲ့ နိုင်ငံခေါင်းဆောင် တစ်ဦးဆီက အသံဖိုင် ဖုန်းmessageကို လက်ခံရရှိခဲ့တာလို့ ထိုင်းဝန်ကြီးချုပ်က ပြောခဲ့ပေမယ့် အသံပိုင်ရှင် ဘယ်သူလဲ ဆိုတာကိုတော့ ထိမ်ချန်ထားခဲ့ပါတယ်။

အဲဒီ အသံmessageထဲမှာ တစ်ဖက်က ပုဂ္ဂိုလ်က လူချင်းတွေ့ချင်တဲ့အကြောင်းနဲ့ အတူလက်တွဲ အလုပ်လုပ်ချင်ကြောင်း ပြောဆိုထားခဲ့တယ်လို့ ဖေထောင်ထန်က ဆိုပါတယ်။ ဖေထောင်ထန်ဟာ တူညီတဲ့ ဖုန်းနံပါတ်ဆီက ခေါ်ဆိုမှု တစ်ခုကို လွတ်သွားခဲ့ပေမယ့် နောက်တစ်ညမှာ အဲဒီနံပါတ်ဆီကပဲ ထပ်ရောက်လာတဲ့ messageကို ကြားရချိန်မှာ မူမမှန်တာကို စတင် ခံစားမိလာခဲ့တယ်လို့ ရှင်းပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အသံရှင်က ထိုင်းဟာ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) အဖွဲ့ထဲမှာ အလှူအတန်း မရှိတဲ့ တစ်ခုတည်းသော နိုင်ငံလို့ စွပ်စွဲထားပြီး အဲဒီအချက်က သူ့မသင်္ကာမှုကို ကြီးထွားစေခဲ့တယ်လို့ ဖေထောင်ထန်က ဆိုပါတယ်။

နောက်တော့ ထိုင်းနိုင်ငံ ပြင်ပမှာရှိတဲ့ ဘဏ်တစ်ခုဆီ ငွေလွှဲပေးဖို့ text messageတစ်စောင် ရောက်လာတဲ့အခါ ဝန်ကြီးချုပ်ရဲ့ သံသယက သေချာသွားခဲ့ပါတယ်။ ဖေထောင်ထန်က အဲဒီ messageကို ဘယ်အချိန်မှာ လက်ခံရရှိခဲ့သလဲ ဆိုတာကိုတော့ ထုတ်မပြောခဲ့ပါဘူး။

သူက သူ့နာမည်နဲ့ ဖုန်းဆက်ပြီး အလှူခံတာမျိုးတွေ ရှိလာရင်လည်း လုံးဝ ငွေကြေး မထည့်ဝင်ကြဖို့ ထိုင်းပြည်သူတွေကို သတိပေး တိုက်တွန်းခဲ့ပါတယ်။

ထိုင်းမှာတော့ call centre scamsလို့ ခေါ်ဝေါ်လေ့ရှိတဲ့ ဖုန်းဆက်ပြီး၊ အသံmessage ပေးပို့ပြီး လိမ်လည်မှုတွေက ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပါတယ်။ ဖုန်းဆက် လိမ်လည်သူတွေဟာ ရဲတွေ၊ အစိုးရ အရာရှိတွေ၊ ဘဏ်ဝန်ထမ်းတွေအဖြစ် အယောင်ဆောင်ပြီး လိမ်လည်မှုတွေ ကျူးလွန်လေ့ ရှိကြောင်းလည်း သိရပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းမှာကိုယ်ပိုင်သင်္ချိုင်းနေရာရချင်နေတဲ့နိုင်ငံခြားသားတွေကိုယ့်နိုင်ငံကိုယ်ပြန်သေကြလို့ ထိုင်းဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။

သတင်း

စစ်တပ်ကို တရားဝင်မှုပေးနိုင်တဲ့လုပ်ရပ်တွေ ရှောင်ရှားဖို့နဲ့ ဒုက္ခသည်တွေကို အဓမ္မပြန်လည်ပို့ဆောင်တာတွေကနေကာကွယ်ပေးဖို့ ထိုင်းဝန်ကြီးချုပ်ဆီကို တောင်းဆိုတဲ့လှုပ်ရှားမှုကို ပြည်ပရောက် မြန်မာတွေက ဒီနေ့(စက်တင်ဘာ၂) သက်ဆိုင်ရာ ထိုင်းနိုင်ငံသံရုံးတွေရှေ့မှာ တပြိုင်နက်လုပ်ဆောင်ခဲ့ကြပါတယ်။

သတင်း

ထိုင်းအဆိုပြုတဲ့ ညှိနှိုင်းထိတွေ့ဆက်ဆံဗျူဟာအကျိုးမရှိဟု​ထောက်ပြ

သတင်း

ဆိုက်ဘာငွေလိမ်လုပ်ငန်းတွေက စစ်တပ်လက်အောက်ခံ တပ်တွေရဲ့ ချုပ်ကိုင်မှုအောက်မှာရှိနေတာကြောင့် စစ်တပ်ကို ဖျက်သိမ်းမှသာ ရပ်တန့်မယ်လို့ Justice For Myanmar-JFM က သဘောထားထုတ်ပြန်လိုက်ပါတယ်။

Facebook