Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စုနဲ့ထိ​တွေ့ဆက်ဆံတဲ့အာဆီယံနိုင်ငံ​တွေကိုကရင်နီလူ့အခွင့်အရေးအဖွဲ့ရှုတ်ချ

ထိုင်းအဆိုပြုတဲ့ ညှိနှိုင်းထိတွေ့ဆက်ဆံဗျူဟာအကျိုးမရှိဟု​ထောက်ပြ

(အာဏာသိမ်း​ခေါင်း​ဆောင် နဲ့ ထိုင်းဝန်ကြီးချုပ်။ဓါတ်ပုံ-Khaosod )

ဩဂုတ်-၁၀၊၂၀၂၆။ဇော်၀င်း/People’s Spring

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)အဖွဲ့ဝင်တွေအနေနဲ့ စစ်ကောင်စီအကြား ဆက်လက်ပြုလုပ်နေတဲ့ထိတွေ့ဆက်ဆံမှုတွေကို ပြင်းထန်စွာ ရှုတ်ချတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

ထိုင်းအစိုးရကစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ၂၀၂၆ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့ တွေ့ဆုံမှုအစားမတရားသဖြင့် မဲလိမ်ပြီး အာဏာခိုးယူထားတဲ့ စစ်ကောင်စီကိုအပြည်ပြည်ဆိုင်ရာဥပဒေတွေလိုက်နာဖို့ နဲ့ မတရားရယူထားတဲ့ အာဏာကို စွန့်လွှတ်ဖို့သာ ဖိအားပေးသင့်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံက အဆိုပြုထားတဲ့ ညှိနှိုင်းထိတွေ့ဆက်ဆံမှု(calibrated re-engagement) မဟာဗျူဟာ က မြန်မာနိုင်ငံရဲ့ရေရှည်ငြိမ်းချမ်းရေးအတွက် အကျိုးမရှိဘူးလို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

လက်တွေ့မြေပြင်မှာမြန်မာပြည်သူတွေအနေနဲ့ စစ်အုပ်စုကို ဘယ်လိုနည်းနဲ့မှ လက်မခံကြဘဲ၊နိုင်ငံခြားခေါင်းဆောင်တွေရဲ့ထိတွေ့ဆက်ဆံမှုတွေက မြန်မာနိုင်ငံကို ပုံမှန်အခြေအနေရောက်ရှိနေပြီဆိုတဲ့ အာရုံလွဲမှားမှု‌တွေကိုဖန်တီးပေးနေတာလို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ကရင်နီပြည်နယ်အပါအ၀င် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက်ဖြစ်ပွားနေချိန် ထိုင်းနိုင်ငံမှာ အာဏာသိမ်းစစ်ခေါင်းဆောင်ကိုတွေ့ဆုံမှုက အာဆီယံအစည်းအဝေးတွေမှာ စစ်ကောင်စီကိုတရားဝင်မှုပေးလာနိုင်တဲ့ ကြိုးပမ်းမှုတစ်ခုအဖြစ် KnHRG က သုံးသပ်ပါတယ်။

မင်းအောင်လှိုင် ထိုင်းနိုင်ငံကို မရောက်မီ ရက်ပိုင်းအလိုမှာပဲကရင်နီပြည်နယ်၊ ဖရူးဆိုမြို့နယ်က အပြစ်မဲ့ပြည်သူ ၅ ဦး (ကလေးငယ်တစ်ဦး အပါအဝင်)ဟာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ပါတယ်။

အဲဒီတိုက်ခိုက်တွေက အပြစ်မဲ့ပြည်သူတွေကို ပစ်မှတ် ထားဖို့ စစ်ခေါင်းဆောင်ရဲ့အမိန့်ပေးစေခိုင်းမှုကြောင့် ဖြစ်ပြီး ပြည်သူတွေအပေါ် ဒရုန်းတိုက်ခိုက်မှုတွေလည်း ပိုမိုများပြားလာနေတယ်လို့ ​​ဖော်ပြထားပါတယ်။

ဇူလိုင်လတစ်လတည်းမှာပဲလေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်မှုတွေ ကြောင့် အရပ်သား ၁၁ ဦးဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးသေဆုံးခဲ့တယ်လို့ KnHRG က အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ကရင်နီပြည်နယ်အတွင်းဒုက္ခသည်တွေဆက်လက်တိုးပွားလာပြီးအာဟာရချို့တဲ့မှုနှုန်း လျှင်မြန်စွာ မြင့်တက်နေကာ မြေပြင်လူထုက လုံခြုံမှုမရှိသလို ခံစားနေရတယ်လို့ အသိပေးပါတယ်။

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှုကို ဂရုမစိုက်ဘဲ ဝရမ်းထုတ်ခံထားရတဲ့ စစ်ရာဇဝတ်သားတစ်ဦးလို့ ဆိုပါတယ်။

တစ်နိုင်ငံလုံးရှိ လေယာဉ်တွေက နေအိမ်တွေမှာ ခိုလှုံနေကြတဲ့ အရပ်သားမိသားစုတွေကို နေ့စဉ်နဲ့အမျှ အဆက်မပြတ် ပစ်ခတ်နေပြီး လူသားဆန်မှုနဲ့ ငြိမ်းချမ်းစွာ နေထိုင်ခွင့်ကို ပိတ်ပင်ထားတယ်လို့ KnHRG က ပြောပါတယ်။

ကြားဖြတ်အစိုးရ၊ပေါ်ထွက်လာတဲ့ ဖက်ဒရယ်အဖွဲ့အစည်းတွေနဲ့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေက စစ်ကောင်စီကြောင့် ဖြစ်ပွားနေတဲ့ ပဋိပက္ခ တွေရဲ့ လက်တွေ့ဘဝကို ဖော်ထုတ်နေကြပြီး မြန်မာ နိုင်ငံတွင် စစ်မှန်တဲ့ တိုးတက်မှုတွေ ရရှိစေဖို့ ရှေ့တန်းက ဦးဆောင်ဆွေးနွေးနေတာလို့ အသိပေးပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ဆယ်စုနှစ်များစွာ အပြစ်ပေးခံရခြင်းမရှိဘဲ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် တာ ဝန်ယူမှုရှိစေဖို့လည်း အပြည်ပြည်ဆိုင်ရာ မိတ်ဖက်တွေနဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) ကို KnHRG က တောင်းဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မလေးရှားနိုင်ငံရောက် မြန်မာတိုင်းရင်းသားညွန့်ပေါင်းအဖွဲ့ COBEM နဲ့ NGO အဖွဲ့တွေ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ ပူးပေါင်းပြီး မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ့်အစီအစဉ်နဲ့ မလေးရှားဝန်ကြီးချုပ်က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်တွေ့ဆုံမယ့် အစီအစဉ်တွေကို ဒီကနေ့ (စက်တင်ဘာ ၂၄) ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

သတင်း

စက်တင်ဘာ-၂၄၊၂၀၂၆။People’s Spring တိုင်းမ်(Time )မဂ္ဂဇင်းနဲ့ အင်တာဗျူးအတွက် မြန်မာ စစ်အာဏာရှင်မင်းအောင်လှိုင်ရဲ့ဓာတ်ပုံကို နေပြည်တော်မှာကျွန်တော်သွားရိုက်ပေးခဲ့ပါတယ်။ အနောက်နိုင်ငံ အခြေစိုက် မီဒီယာ တစ်ခုအတွက် သူ့ကို အခုလို ဓာတ်ပုံရိုက်ခွင့်ရတာ ပထမဆုံး(စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ​နေပြည်​တော်ကိုသွားပြီးမင်း​အောင်လှိုင်ကိုဓါတ်ပုံရိုက်တာ)လည်း ဖြစ်နိုင်ပါတယ်။ သူ့လက်ထောက် တစ်ယောက်က ‘သမ္မတကို ဘယ်လိုပုံစံမျိုးနဲ့ ရှိစေချင်သလဲ’ဆိုပြီးကျွန်တော့်ကို လာမေးပါတယ်။...

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

သတင်း

မိခင်ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်​ပေးဖို့ ၊လွှတ်​ပေးဖို့ လန်ဒန်မြို့ မြန်မာသံရုံးက တစ်ဆင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဆီကိုစာရေးသားပေးပို့ခဲ့တယ်လို့ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက အသိပေးထားပါတယ်။

Facebook