Connect with us

Hi, what are you looking for?

News

ထီးချိုင့်နှင့် ဒိုးပင်ကြား၌ စစ်ကောင်စီတပ်ကို PDFအဖွဲ့များ ပူးပေါင်းတိုက်ခိုက်၊ စစ်သား၁၀ဦးထက်မနည်း သေဆုံးဟုဆို

ယနေ့ နံနက်၄ေနာရီ အချိန်တွင် စစ်ကြောင်းချီတက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်အပြားအများကို ထီးချိုင့် PDF နှင့် ပူးပေါင်းမဟာမိတ်အဖွဲ့က မိုင်းသုံးလုံးခွဲ၍ တိုက်ခိုက်ခဲ့သည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်း ကသာခရိုင် ထီးချိုင့် နှင့် ဒိုးပင်ကြား၌ အကြမ်းဖက်စစ်ကောင်စီတပ်ကို ပြည်သူ့တော်လှန်ရေးတပ်များက ယနေ့(အောက်တိုဘာလ ၃၁ရက်) နံနက်ပိုင်းတွင် မိုင်းခွဲတိုက်ခဲ့ရာ စစ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း Tigyaing Revolution က ထုတ်ပြန် သည်။

ယနေ့ နံနက်၄ေနာရီ အချိန်တွင် စစ်ကြောင်းချီတက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်အပြားအများကို ထီးချိုင့် PDF နှင့် ပူးပေါင်းမဟာမိတ်အဖွဲ့က မိုင်းသုံးလုံးခွဲ၍ တိုက်ခိုက်ခဲ့သည်။

“မိုင်း၃ လုံးကို တစ်လုံးပြီးတစ်လုံးခွဲပြီးတိုက်ခိုက်ခဲ့တာ လမ်းလျှောက်လာတဲ့သူတွေ ခန့်မှန်း ၁၀ဦးထက်မနည်း သေဆုံးနိုင်ပါတယ် “ဟု PDF တပ်ဖွဲ့ဝင် တစ်ဦးက People’s Springသို့ ပြောသည်။

မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် လက်နက်ကြီးသမားများက မဲဇာတံတား ဒိုးပင်ပေါ်သို့ တက်ရောက်လာခဲ့ရာ PDFများက တံတားကိုမိုင်းခွဲတိုက်ခိုက်ခဲ့၍ စစ်သား အများအပြား ထပ်မံ ထိခိုက်သေဆုံးမှုများရှိနိုင်ကြောင်း ၎င်းက ခန့်မှန်းသည်။

Public Service Announcement

Public Service Announcement

ထို့နောက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အလောင်းများပုံထားပြီး သေနတ်နှင့် ရမ်းပစ်ခဲ့ကြောင်း နှင့် PDF များမှာ ထိခိုက်မှု မရှိဘဲ ပြန်ဆုတ်ခွာနိုင်ခဲ့သည်ဟု ၎င်းကဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

Facebook