Connect with us

Hi, what are you looking for?

LuduNwayOo

News

ထီးချိုင့်နှင့် ဒိုးပင်ကြား၌ စစ်ကောင်စီတပ်ကို PDFအဖွဲ့များ ပူးပေါင်းတိုက်ခိုက်၊ စစ်သား၁၀ဦးထက်မနည်း သေဆုံးဟုဆို

ယနေ့ နံနက်၄ေနာရီ အချိန်တွင် စစ်ကြောင်းချီတက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်အပြားအများကို ထီးချိုင့် PDF နှင့် ပူးပေါင်းမဟာမိတ်အဖွဲ့က မိုင်းသုံးလုံးခွဲ၍ တိုက်ခိုက်ခဲ့သည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်း ကသာခရိုင် ထီးချိုင့် နှင့် ဒိုးပင်ကြား၌ အကြမ်းဖက်စစ်ကောင်စီတပ်ကို ပြည်သူ့တော်လှန်ရေးတပ်များက ယနေ့(အောက်တိုဘာလ ၃၁ရက်) နံနက်ပိုင်းတွင် မိုင်းခွဲတိုက်ခဲ့ရာ စစ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း Tigyaing Revolution က ထုတ်ပြန် သည်။

ယနေ့ နံနက်၄ေနာရီ အချိန်တွင် စစ်ကြောင်းချီတက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်အပြားအများကို ထီးချိုင့် PDF နှင့် ပူးပေါင်းမဟာမိတ်အဖွဲ့က မိုင်းသုံးလုံးခွဲ၍ တိုက်ခိုက်ခဲ့သည်။

“မိုင်း၃ လုံးကို တစ်လုံးပြီးတစ်လုံးခွဲပြီးတိုက်ခိုက်ခဲ့တာ လမ်းလျှောက်လာတဲ့သူတွေ ခန့်မှန်း ၁၀ဦးထက်မနည်း သေဆုံးနိုင်ပါတယ် “ဟု PDF တပ်ဖွဲ့ဝင် တစ်ဦးက People’s Springသို့ ပြောသည်။

မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် လက်နက်ကြီးသမားများက မဲဇာတံတား ဒိုးပင်ပေါ်သို့ တက်ရောက်လာခဲ့ရာ PDFများက တံတားကိုမိုင်းခွဲတိုက်ခိုက်ခဲ့၍ စစ်သား အများအပြား ထပ်မံ ထိခိုက်သေဆုံးမှုများရှိနိုင်ကြောင်း ၎င်းက ခန့်မှန်းသည်။

Public Service Announcement

Public Service Announcement

ထို့နောက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အလောင်းများပုံထားပြီး သေနတ်နှင့် ရမ်းပစ်ခဲ့ကြောင်း နှင့် PDF များမှာ ထိခိုက်မှု မရှိဘဲ ပြန်ဆုတ်ခွာနိုင်ခဲ့သည်ဟု ၎င်းကဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။