Connect with us

Hi, what are you looking for?

သတင်း

မြန်မာနိုင်ငံသားများ ဗီဇာအခက်အခဲအတွက် ကိုရီးယားလွှတ်တော်မှာရှိတဲ့ ဒီမိုကရက်ပါတီအမတ်​တွေ ပူးပေါင်းဆွေးနွေးမယ်

တောင်ကိုရီးယားမှာ မြန်မာနိုင်ငံသားတွေ ရင်ဆိုင်နေရတဲ့ ဗီဇာအခက်အခဲအတွက် ကိုရီးယားလွှတ်တော်မှာရှိတဲ့ ဒီမိုကရက်ပါတီက ပူးပေါင်းဆွေးနွေးမယ်လို့ ဝါရင့်အမတ်တစ်ဦးဖြစ်သူ အီယုန်ဆွန်းက ပြောပါတယ်။

ကိုရီးယားလွှတ်တော်မှာ နွေဦးတော်လှန်ရေး ၄နှစ်ပြည့် ဆွေးနွေးပွဲတရပ်ကိုဖေဖော်ဝါရီ ၃ရက်နေ့ကပြုလုပ်စဥ်။ဓါတ်ပုံ-​ပေးပို့

အီယိုရီ/People’s Spring

တောင်ကိုရီးယားမှာ မြန်မာနိုင်ငံသားတွေ ရင်ဆိုင်နေရတဲ့ ဗီဇာအခက်အခဲအတွက် ကိုရီးယားလွှတ်တော်မှာရှိတဲ့ ဒီမိုကရက်ပါတီက ပူးပေါင်းဆွေးနွေးမယ်လို့ ဝါရင့်အမတ်တစ်ဦးဖြစ်သူ အီယုန်ဆွန်းက ပြောပါတယ်။

ကိုရီးယားလွှတ်တော်မှာ နွေဦးတော်လှန်ရေး ၄နှစ်ပြည့် ဆွေးနွေးပွဲတရပ်ကို ဒီနေ့(ဖေဖော်ဝါရီ ၃ရက်)နေ့ခင်းပိုင်းက ကျင်းပခဲ့ရာ ဒီမိုကရက်ပါတီမှ ဝါရင့်အမတ်တစ်ဦးဖြစ်သူ အီယုန်ဆွန်းက ပြောကြားခဲ့တယ်လို့ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

အထက်ပါဆွေးနွေးပွဲမှာ ကိုရီးယားနိုင်ငံဆိုင်ရာ NUGကိုယ်စားလှယ် ဦးရန်နိုင်ထွန်းက နှုတ်ခွန်းဆက် စကားပြောကြားရာ ကိုရီးယားနိုင်ငံ ဒီမိုကရေစီရေးအတွက်သာမက မြန်မာ့ဒီမိုကရေစီရေးအတွက်ပါ ပူးတွဲဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင်ကြောင်း၊ နွေဦးတော်လှန်ရေးဟာ ပြည်သူ့ဘက်မှ အနိုင်ရဖို့ သေချာနေကြောင်းနဲ့ ကိုရီးယားနေ မြန်မာနိုင်ငံသားများကို ကူညီစောင့်ရှောက်ခြင်းက နွေဦးတော်လှန်ရေးကို အားပေးခြင်းပင်ဖြစ်ကြောင်း ထည့်သွင်းပြောကြားပါတယ်။

Public Service Announcement

Public Service Announcement

NUG ရုံးအဖွဲ့မှူး ဦးစိုးမိုးသူကလည်း လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေနဲ့ ကိုရီးယားဘက်မှ ကူညီပေးသင့်သည်များကို ရှင်းလင်းတင်ပြခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

အထူးသဖြင့် ကိုရီးယားနေ တော်လှန်ရေးလုပ်နေသူများကို ပတ်စပို့သက်တမ်းအခက်အခဲ၊ ယာယီနေထိုင်သူများ တရားဝင်အလုပ်လုပ်ခွင့် အခက်အခဲ၊ စစ်မှုထမ်းဥပဒေကြောင့် မပြန်ရဲတဲ့အခက်အခဲတို့ကို ဦးစိုးမိုးသူက မီးမောင်းထိုး တင်ပြခဲ့တယ်လို့ ဖော်ပြပါတယ်။

“စကစသံရုံးမှာ ပတ်စ်ပို့ သက်တမ်းတိုးဖို့ အခက်အခဲရှိတဲ့ တော်လှန်ရေးမှာ ပါဝင်နေကြသူတွေကို ပတ်စ်ပို့သက်တမ်းမကြည့်ဘဲ နေထိုင်ခွင့် ဗီဇာသက်တမ်းတိုးပေးဖို့၊ လဝကက ဆိုင်းငံ့နေထိုင်ခွင့်ဖြင့် နေထိုင်ကြတဲ့ ဗီဇာမဲ့နေထိုင်သူများအား နေထိုင်ခွင့်ပေးရုံတင်မက စားဝတ်နေရေးအတွက် တရားဝင် အလုပ်လုပ်ကိုင်ခွင့်ပြုဖို့၊ စစ်မှုထမ်းဥပဒေကြောင့် အခက်အခဲကြုံနေရတဲ့ မြန်မာနိုင်ငံသားများကို ကာကွယ်စောင့်ရှောက်ပေးဖို့ စတာတွေ တင်ပြတောင်းဆိုခဲ့ပါတယ်” လို့ ဦးစိုးမိုးသူက People’s Spring ကို ပြောပါတယ်။

အဲဒီတောင်းဆိုချက်တွေကို ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ ကိုရီးယားလွှတ်တော် ဒီမိုကရက်ပါတီမှ လွှတ်တော်အမတ်များက ကူညီပေးနိုင်ဖို့ လွှတ်တော်အမတ်များစုပေါင်းကာ နည်းလမ်းများကို ဆွေးနွေးသွားမယ်လို့ ပြန်လည်ဖြေကြားခဲ့ကြောင်း ဦးစိုးမိုးသူက ပြောပါတယ်။

NUG ကိုယ်စားလှယ်ရုံးဟာ တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေရဲ့ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးတာကို ပြီးခဲ့တဲ့နှစ် ၂၀၂၄ နှောင်းပိုင်းမှာ ပြုလုပ်ခဲ့ပေမယ့် အဲဒီလုပ်ဆောင်မှုကို ဆိုးလ်မြို့ရှိ အာဏာသိမ်းစစ်ကောင်စီသံရုံးက ကန့်ကွက်ခဲ့ကာ မြန်မာနိုင်ငံသားတွေ နိုင်ငံကူးလက်မှတ် တရားမဝင် သက်တမ်းတိုးတာတွေ မလုပ်ဖို့နဲ့ အမည်ပျက်စာရင်း သွင်းမယ့်အကြောင်း ကြေညာခဲ့ပါတယ်။

ဒါ့အပြင် အထက်ပါဆွေးနွေးပွဲမှာ လက်ရှိ စစ်ရေးအခြေအနေ၊ တရုတ်နိုင်ငံရဲ့ ဝင်ရောက်စွက်ဖက်မှု၊ စစ်ရှုံးနေတဲ့ စစ်တပ်က ရွေးကောက်ပွဲကိုသာ နိုင်ငံရေးထွက်ပေါက်အဖြစ် ကြိုးပမ်းနေမှု၊ အပြစ်မဲ့ပြည်သူတွေကို စစ်တပ်က ဗုံးကြဲသတ်ဖြတ်နေမှု၊ စစ်မှုထမ်းဥပဒေဖြင့် လူငယ်များအား ဒုက္ခပေးနေမှုများ၊ ပြည်ပရောက် မြန်မာများက တော်လှန်ရေးမှာ တက်ကြွစွာပါဝင်နေကာ ရန်ပုံငွေများစွာ ရှာဖွေပေးနေမှုများကို NUG ကိုယ်စားလှယ်ရုံး တာဝန်ရှိသူများက ကိုရီးယားလွှတ်တော်အမတ်များအား ပြောကြားခဲ့တယ်လို့ သိရပါတယ်။

“အားကျစရာ ဒီမိုကရေစီနိုင်ငံအဖြစ်ကနေ စိုးရိမ်စရာ နိုင်ငံအဖြစ် ကျဆင်းသွားရတဲ့အခြေအနေဖြစ်နေတာမို့ မြန်မာ့အရေးကို ပိုမိုခံစားနားလည် ကိုယ်ချင်းစာလာတာတွေတွေ့ရတယ်။ ပိုပြီး ဘဝတူလို ရဲဘော်ရဲဘက်လို ခံစားကြတာမြင်ရပါတယ်။ ဒီမိုကရေစီကိုတန်ဘိုးထားသူချင်း အချင်း

ချင်း ရိုင်းပင်းကူညီ ဝန်းရံကြတာကိုတွေ့ရတော့ ကြည်နူးမိ ကျေးဇူးတင်မိပါတယ်။ကျနော်တို့တိုင်းပြည်ဘက်ကလည်းတနေ့ကျရင်ဒီကျေးဇူးတွေကို မမေ့ဘဲ ပြန်ဆပ်ရပါမယ်”လို့ ဦးစိုးမိုးသူက ပြောပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ပြိုင်ပွဲကာလအတွင်း ဗီဇာ ပြဿနာတွေကို ထိထိရောက်ရောက် ပါဝင်ဖြေရှင်းနိုင်စွမ်း ကင်းမဲ့နေတာနဲ့ ပတ်သက်လို့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ရဲ့ ဥက္ကဋ္ဌက ကာကွယ် ပြောကြားသွားပါတယ်။

နိုင်ငံတကာ

နိုင်ငံခြားသားတွေကို ဆိုက်ရောက်ဗီဇာ ကင်းလွတ်ခွင့် ပေးထားမှုတွေကို သက်ဆိုင်ရာ နိုင်ငံအလိုက် ပြောင်းလဲ သတ်မှတ်သွားမယ်လို့ ထိုင်းအစိုးရက ကြေညာခဲ့ပါတယ်။

သတင်း

အမေရိကန်ဆီ ရွှေ့ပြောင်းဝင်ရောက်ခွင့် ဆိုင်းငံ့ခံရတဲ့ နိုင်ငံတွေ စာရင်းကို ၇၅ ခုထိ တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

သတင်း

အွန်လိုင်းကျားဖြန့်လိမ်လည်မှုလုပ်ငန်းတွေမှာမြန်မာစစ်တပ်ပါဝင်ပတ်သက်နေလို့ ပိတ်ဆို့အရေးယူပေးဖို့နိုင်ငံတကာကိုအမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကတောင်းဆိုလိုက်ပြီး ကမ္ဘောဒီးယား နိုင်ငံကကျားဖြန့်လုပ်ငန်းတွေမှာလည်း မြန်မာနိုင်ငံသားတွေလူကုန်ကူးခံနေရလို့ Online ကခေါ်တဲ့ အလုပ်တုတွေကို အထူးစိစစ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။