Connect with us

Hi, what are you looking for?

News

စစ်ကောင်စီရဲ့ ကမ်းကုန်အောင် ရိုင်းစိုင်းနေမှုအပေါ် အမြန်ဆုံအရေးယူဖို့ လိုနေပြီလို့ အမေရိကန်ဆို

ဒါအပြင် ချင်းပြည်နယ်နဲ့စစ်ကိုင်းတိုင်း အပါအဝင် နိုင်ငံအတွင်းနေရာအနှံအပြားမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ဆင်ရေးအရှိန်မြှင့်တင်နေတာတွေနဲ့ပတ်သက်ပြီး စိုးရိမ်မိတယ်လို့လည်း ပြောထားပါတယ်။

Photo -The Chin Journal

ဘုရားကျောင်းတွေအပါအဝင် အိမ်ပေါင်း ၁၀၀ ကျော် မီးရှို့ဖျက်ဆီးတာနဲ့ ချင်းပြည်နယ် မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုအမေရိကန်က ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။

ပြည်သူလူထုရဲ့ အိုးအိမ်၊ ဝတ်ပြုဆုတောင်းရာ နေရာတွေကို ရက်ရက်စက်စက် လုပ်ပြတဲ့ လုပ်ရပ်နဲ့ မြန်မာပြည်သူတွေရဲ့ အသက်တွေ၊ လူမှုဘဝဖူလုံရေးကို လုံးဝဂရုမစိုက်တဲ့ စစ်အာဏာရှင် ရဲ့လုပ်ရပ် ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ကပြောပါတယ်။

ဒီလို စက်ဆုပ်ရွံရှာဖွယ် တိုက်ခိုက်မှုတွေက နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာစစ်တပ် ကိုလက်နက်တွေ လွှဲပြောင်းပေးနေမှု ပိတ်ပင်တားဆီးရေးအပါအဝင် ကမ်းကုန်အောင် ရိုင်းစိုင်းတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် အမြန်ဆုံးအရေးယူဖို့လိုအပ်နေတာကိုမီးမောင်းထိုးပြနေတာလို့ ဆိုပါတယ်။

ဒါအပြင် ချင်းပြည်နယ်နဲ့စစ်ကိုင်းတိုင်း အပါအဝင် နိုင်ငံအတွင်းနေရာအနှံအပြားမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ဆင်ရေးအရှိန်မြှင့်တင်နေတာတွေနဲ့ပတ်သက်ပြီး စိုးရိမ်မိတယ်လို့လည်း ပြောထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်အာဏာရှင် က မြန်မာပြည်သူတွေအပေါ် ကျုးလွန်ခဲ့တဲ့ ၊ဆက်လက်ကျုးလွန်နေတဲ့ကြောက်မက်ဖွယ်ရာအကြမ်းဖက်မှုတွေအတွက် တာဝန်ယူမှု ၊ တာဝန်ခံမှု ရှိစေဖို့ အတွက် အမေရိကန် အနေနဲ့ ဆက်လက်မြှင့်တင်ဆောင်ရွက်သွားမယ်လို့အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ကပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေအတွက် ယာယီ အကာအကွယ်ပေးမှု သတ်မှတ်ချက် (TPS)ကို အမေရိကန် အစိုးရ ရုပ်သိမ်းနိုင်ဖို့ အမေရိကန် တရားရုံး နှစ်ခုက လမ်းဖွင့်ပေးလိုက်ပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။