Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီရဲ့ ကမ်းကုန်အောင် ရိုင်းစိုင်းနေမှုအပေါ် အမြန်ဆုံအရေးယူဖို့ လိုနေပြီလို့ အမေရိကန်ဆို

ဒါအပြင် ချင်းပြည်နယ်နဲ့စစ်ကိုင်းတိုင်း အပါအဝင် နိုင်ငံအတွင်းနေရာအနှံအပြားမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ဆင်ရေးအရှိန်မြှင့်တင်နေတာတွေနဲ့ပတ်သက်ပြီး စိုးရိမ်မိတယ်လို့လည်း ပြောထားပါတယ်။

Photo -The Chin Journal

ဘုရားကျောင်းတွေအပါအဝင် အိမ်ပေါင်း ၁၀၀ ကျော် မီးရှို့ဖျက်ဆီးတာနဲ့ ချင်းပြည်နယ် မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုအမေရိကန်က ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။

ပြည်သူလူထုရဲ့ အိုးအိမ်၊ ဝတ်ပြုဆုတောင်းရာ နေရာတွေကို ရက်ရက်စက်စက် လုပ်ပြတဲ့ လုပ်ရပ်နဲ့ မြန်မာပြည်သူတွေရဲ့ အသက်တွေ၊ လူမှုဘဝဖူလုံရေးကို လုံးဝဂရုမစိုက်တဲ့ စစ်အာဏာရှင် ရဲ့လုပ်ရပ် ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ကပြောပါတယ်။

ဒီလို စက်ဆုပ်ရွံရှာဖွယ် တိုက်ခိုက်မှုတွေက နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာစစ်တပ် ကိုလက်နက်တွေ လွှဲပြောင်းပေးနေမှု ပိတ်ပင်တားဆီးရေးအပါအဝင် ကမ်းကုန်အောင် ရိုင်းစိုင်းတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် အမြန်ဆုံးအရေးယူဖို့လိုအပ်နေတာကိုမီးမောင်းထိုးပြနေတာလို့ ဆိုပါတယ်။

ဒါအပြင် ချင်းပြည်နယ်နဲ့စစ်ကိုင်းတိုင်း အပါအဝင် နိုင်ငံအတွင်းနေရာအနှံအပြားမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ဆင်ရေးအရှိန်မြှင့်တင်နေတာတွေနဲ့ပတ်သက်ပြီး စိုးရိမ်မိတယ်လို့လည်း ပြောထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်အာဏာရှင် က မြန်မာပြည်သူတွေအပေါ် ကျုးလွန်ခဲ့တဲ့ ၊ဆက်လက်ကျုးလွန်နေတဲ့ကြောက်မက်ဖွယ်ရာအကြမ်းဖက်မှုတွေအတွက် တာဝန်ယူမှု ၊ တာဝန်ခံမှု ရှိစေဖို့ အတွက် အမေရိကန် အနေနဲ့ ဆက်လက်မြှင့်တင်ဆောင်ရွက်သွားမယ်လို့အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ကပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။