Connect with us

Hi, what are you looking for?

News Story

ပြည်သူ့ လက်ဆောင်

ချောင်းဦးမြို့ဟာ စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပေါ်က အညာမြို့ငယ်လေးတမြို့ပါ။ သို့ပေသိ နွေဦးတော်လှန်ရေးမှာ ချောင်းဦးမြို့ရဲ့ တော်လှန်ရေးအပေါ်ခံယူချက်၊ ပေးဆပ်ရမှုတွေက မနည်းခဲ့ဘူး။ တော်လှန်ရေးခရီးအစ ၂၀၂၁ ခုနှစ် နိုဝင်ဘာလထဲမှာ စစ်ကောင်စီရဲ့ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတဲ့ ချောင်းဦး PDF လေး နှစ်ဦးရဲ့ “ချောင်းဦး PDF ပါခင်ဗျ။ ချောင်းဦး PDF ပါခင်ဗျ။”ဆိုတဲ့အသံက နယ်သူနယ်သားတွေနားထဲ အခုချိန်ထိ ကြားယောင်နေဆဲပဲ။

PDF များအတွက် လက်နက်ယူဆောင်ထွက်ပြေးလာသော ပြည်သူအား ဆုချီးမြှင့်နေစဥ်။ ဓာတ်ပုံ-ချောင်းဦး PDF

ဟာနာဆန်/People’s Spring

ချောင်းဦးမြို့ဟာ စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပေါ်က အညာမြို့ငယ်လေးတမြို့ပါ။ သို့ပေသိ နွေဦးတော်လှန်ရေးမှာ ချောင်းဦးမြို့ရဲ့ တော်လှန်ရေးအပေါ်ခံယူချက်၊ ပေးဆပ်ရမှုတွေက မနည်းခဲ့ဘူး။

တော်လှန်ရေးခရီးအစ ၂၀၂၁ ခုနှစ် နိုဝင်ဘာလထဲမှာ စစ်ကောင်စီရဲ့ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတဲ့ ချောင်းဦး PDF လေး နှစ်ဦးရဲ့ “ချောင်းဦး PDF ပါခင်ဗျ။ ချောင်းဦး PDF ပါခင်ဗျ။”ဆိုတဲ့အသံက နယ်သူနယ်သားတွေနားထဲ အခုချိန်ထိ ကြားယောင်နေဆဲပဲ။

အာဏာသိမ်းကာလ ၄ နှစ်ပြည့်ခဲ့ပြီ။ လေးနှစ်တာကာလအတွင်း ချောင်းဦးမှာ စစ်ကောင်စီစခန်းတွေ၊ ပျူရွာတွေ၊ ဂိတ်တွေ တိုက်ခိုက်ခံရတာ မနည်းမနောပဲ။ စစ်ကောင်စီကလည်း PDF တွေကိုကော၊ ပြည်သူတွေကိုပါ လေကြောင်းကနေကော မြေပြင်ကနေပါ ဖမ်းဆီးသတ်ဖြတ်တာတွေ အများအပြား ပြုလုပ်ခဲ့၊ ပြုလုပ်နေဆဲပဲ။ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေ ရှိနေဆဲမို့ ချောင်းဦးက ပြည်သူတွေ ငြိမ်ဝပ်ပိပြားသွားမလား။ အဖြေကတော့ နိုးပါ။ အဲဒီအတွက် ကြီးမားတဲ့သက်သေသာဓကတစ်ခု အခုပြောပြပါ့မယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းတုန်းကပါ။ ချောင်းဦး PDF ဆီ ပြည်သူတစ်ယောက် ဆက်သွယ်ပြီး ခိုလှုံလာပါတယ်။ ပြည်သူတစ်ယောက် PDF ဆီ လာရောက်ခိုလှုံတာ ဘာများဆန်းသလဲ။ စစ်ကောင်စီရဲ့ အကြမ်းဖက် ဖမ်း​ဆီးသတ်ဖြတ်မှုတွေကြောင့် ထွက်ပြေးလာသူတွေကို PDF တွေ ကူညီလေ့ရှိကြတာပဲ။ အခု ချောင်းဦး PDF ဆီ ရောက်ရှိလာသူက တခြားသူတွေနဲ့တော့မတူဘူး။

သူက ချောင်းဦးမြို့နယ်အတွင်းက စစ်ကောင်စီအထိုင်စခန်းတခုမှာ ဖမ်းဆီးခံခဲ့ရတဲ့ လူငယ်အမျိုးသားတစ်ဦးပါ။ သူဟာ စစ်ကောင်စီစခန်းတစ်ခုမှာ ဖမ်းဆီးခံထားရတာလည်း အချိန်တခုကြာခဲ့ပြီ။ သူက PDFလည်းမဟုတ်ဘဲ သာမန်ပြည်သူတစ်ဦးပါ။

တနေ့တော့ သူဟာ စခန်းကနေ ထွက်ပြေးဖို့ အခြေအနေတခုရလာခဲ့တယ်။ သူထွက်ပြေးဖို့ စီစဥ်တယ်။ အဲဒီအချိန်မှာ သူဟာ လူချည်းထွက်ပြေးဖို့ အခွင့်အရေးကရနေပြီ။ ဒါပေမယ့် သူ မပြေးသေးဘဲ စခန်းက လက်နက်တွေကို မြင်တယ်။ ဒါနဲ့ အတိုချုပ်ဆိုရရင် အဲဒီအမျိုးသားဟာ စစ်ကောင်စီစခန်းက G-3 ၂လက်၊ ကျည်ဘောက် ၄ဘောက်နဲ့ ၇.၆၂ကျည် ၁၀၀ကျော်ကိုပါ ယူဆောင်ပြီး ထွက်ပြေးလွတ်မြောက်လာခဲ့ပါတော့တယ်။

စစ်ကောင်စီစခန်းက ယူဆောင်လာတဲ့ လက်နက်နဲ့ကျည်တွေ ချောင်းဦး PDF ကို အကုန်အစင်အပ်နှံခဲ့တယ်။ ချောင်းဦး PDF က တာဝန်ရှိသူတွေက သူ့ကို ချီးကျူးကြပါတယ်။ ဒါ့အပြင် လအနည်းငယ်အကြာမှာ သူ့ကို CHU PDF (ချောင်းဦး PDF)ကနေ ဆုငွေ ကျပ်သိန်းတစ်ရာချီးမြင့်ခဲ့ပါတယ်။

“ယူလို့လည်းအခွင့်အခါကောင်းဖြစ်တာရယ်၊ တော်လှန်ရေးဘက်ကိုလည်း ကူညီချင်တဲ့ စိတ်ကြောင့်ဖြစ်မယ်။”လို့ ချောင်းဦး PDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သူအဖမ်းဆီးခံရတာနဲ့ ထွက်ပြေးလွတ်မြောက်ခဲ့ပုံတွေကတော့ သူ့ရဲ့လုံခြုံရေးအရ မထုတ်ပြန်သေးဖို့ ချောင်းဦး PDF ကို မေတ္တာရပ်ခံခဲ့တာကြောင့် ဖြစ်စဥ်အသေးစိတ်ကတော့ သိခွင့်မရခဲ့ပါဘူး။

ဘယ်လိုပဲ ဖြစ်ဖြစ် သူ့ရဲ့ တော်လှန်ရေးအပေါ်ထားတဲ့စိတ်ဓာတ်ကို ချောင်းဦး PDFက သဘောကျခဲ့ပါတယ်။ သူ့ကို အခုချိန်ထိ ချောင်းဦး PDF ရဲ့ စိုးမိုးနယ်မြေမှာ စောင့်ရှောက်ပေးထားပြီး အေးအေးချမ်းချမ်းနေခွင့်ရနေပါတယ်လို့ သိရတယ်။

“ပြည်သူတစ်ယောက်အနေနဲ့ ထိန်းသိမ်းခံထားခံရတာတောင် ရဲရဲရင့်ရင့်နဲ့ဗျာ ပူးပေါင်းပါဝင်တာ တော်တော်အားရတယ်။ ဒီလိုလူတွေများများရှိမယ်ဆိုရင် တော်လှန်ရေးအတွက် ပိုပြီးမြန်မယ်လို့ ယူဆရတယ်။”လို့ ချောင်းဦး PDF တာဝန်ရှိသူက ပြောလိုက်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်က အရာရှိအပါအဝင်​သေဆုံးဒဏ်ရာရသူ​တွေရှိ ၊ တိုက်ခိုက်ခံရတဲ့​နေရာကိုစစ်တပ်ဗုံးဆက်တိုက်ကြဲ​နေ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ ပြည်သူ့လွတ်မြောက် ရေးတပ်မ တော်(PLA )တပ်နဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးတပ် ပဋိပက္ခဖြစ်စဉ်မှာ PLAတပ်ဖွဲ့ တွေထောင်ထားတဲ့ မိုင်းကြောင့် PDF ၄ဦး ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ် ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်ထဲက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ အထိုင်စခန်း​တွေကို အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)လက်​အောက်ရှိ မြင်းခြံခရိုင် ကွပ်ကဲ​ရေးအဖွဲ့က အင်အား ၈၀ ခန့်ဖြင့် ဇွန် ၂၂ ရက်မှာ စီးနင်းခဲ့​ကြောင်း PLA ကထုတ်ပြန်ပါတယ် ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် Monywa Nightking တပ်ဖွဲ့က ရဲဘော် ၁ဦး စစ်တပ်နဲ့ပူးပေါင်းသွားပြီး ရဲဘော်တွေကို ဖမ်းဆီးခိုင်းနေလို့ သတိပြုကြဖို့ အဆိုပါတ​ပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။