Connect with us

Hi, what are you looking for?

News

နတ်မောက်နယ်မှ အုပ်ချုပ်ရေမှူးတစ်ဦး ပစ်ခတ်ခံရ၍သေဆုံး၊ ကျန်အုပ်ချုပ်ရေးမှူးများ နှစ်ပတ်အတွင်း နှုတ်ထွက်ရန် PDFသတိပေး

ယင်းဖြစ်စဉ်မှာ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မ တော်(PDF) ၏ လက်ချက်ဖြစ်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်သည်။

People's Spring
People's Spring

မကွေးတိုင်း နတ်မောက်မြို့နယ် သားမျှားကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းဆင့် ဆိုသူသည် ယနေ့ ညနေပိုင်း၌ ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း ဒေသခံက ပြောသည်။

စစ်ကောင်စီသတင်းပေး ဒလန်ဟုထင်ရှားသူ အဆိုပါ အုပ်ချုပ်ရေးမှူးကို နိုဝင်ဘာ ၁ရက် ညနေ ၅နာရီခန့်တွင် သေနတ်သမားက ရင်ဘက်သို့ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“အပစ်ခံရတာကတော ၅နာရီ ၁၀မိနစ်လောက်။ ဘယ်က လုပ်တယ်ဆိုတာ မသိရသေးဘူး” ဟုဒေသခံက ပြော သည်။

ပစ်ခတ်ခံရ၍သေဆုံးသူ၏ ရုပ်အလောင်းကို နတ်မောက်သို့ သယ်ဆောင်သွားပြီဟု သိရကြောင်း ဒေသခံက ပြော သည်။

Public Service Announcement

Public Service Announcement

ယင်းဖြစ်စဉ်မှာ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မ တော်(PDF) ၏ လက်ချက်ဖြစ်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်သည်။

ထို့အပြင် နတ်မောက်မြို့နယ်အတွင်းရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ အနေဖြင့် ယခုရက်မှစတင်ပြီး နှစ်ပတ်အတွင်း မိမိအသိစိတ်ဖြင့် နှုတ်ထွက်ကြရန်လည်း ဗိဿနိုး PDFက သတိပေးသည်။ နှုတ်ထွက်ခြင်းမရှိသော အုပ်ချုပ်ရေးမှူးများ၏ အသက်အိုးအိမ် စည်းစိမ်များအား လုံး၀ တာဝန်ယူမည် မဟုတ်ကြောင်းလည်း သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ