Connect with us

Hi, what are you looking for?

News

ထန်တလန်မြို့ကို ဖျက်စီးသည့် စစ်ကောင်စီ၏ လုပ်ရပ် ဖုံးကွယ်၍မရဟု KIO ထုတ်ပြန်

ထန်တလန်မြို့ ဖျက်ဆီးခြင်းနှင့် ပတ်သက်၍ စစ်ကောင်စီက မည်ကဲ့သို့ ဖြေရှင်းချက် ပြုလုပ်သော်လည်း အမှန်တရားကို ဖုံးကွယ်၍ မရနိုင်ကြောင်း ထုတ်ပြန် ကြေညာလိုက်သည်ဟု KIO ၏ကြေညာချက်၌ ဖော်ပြထားသည်။

—မြောက်ပိုင်းသုံးဖွဲ့ကလည်း သဘောထားထုတ်ပြန်

ချင်းပြည်နယ် ထန်တလန်မြို့ကို စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိဖြင့် အကြမ်းဖက်တိုက်ခိုက် ပစ်ခတ်ခြင်းကြောင့် အရပ်သားများ၏ နေအိမ်အဆောက်အအုံများနှင့် ခရစ်ယာန်ဘာသာရေး ဘုရားကျောင်းများ မီးလောင်ပျက်စီးခဲ့ရသည်ကို ဝမ်းနည်းကြေကွဲစွာ မြင်တွေ့ရပြီး ထန်တလန်မြို့သူမြို့သားများ ညီနောင်ချင်းလူမျိုးများနှင့်အတူ ဝမ်းနည်းကြေကွဲရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO)က ထုတ်ပြန်သည်။

ထန်တလန်မြို့ ဖျက်ဆီးခြင်းနှင့် ပတ်သက်၍ စစ်ကောင်စီက မည်ကဲ့သို့ ဖြေရှင်းချက် ပြုလုပ်သော်လည်း အမှန်တရားကို ဖုံးကွယ်၍ မရနိုင်ကြောင်း ထုတ်ပြန် ကြေညာလိုက်သည်ဟု KIO ၏ကြေညာချက်၌ ဖော်ပြထားသည်။

စစ်ကောင်စီသည် နိုင်ငံအနှံ့ ထိုးစစ်ဆင် အကြမ်းဖက် တိုက်ခိုက်ခြင်းကို စစ်ရေးရည်မှန်းချက် ချမှတ်ကာ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်လာသည်ကို တွေ့ရကြောင်းလည်း ကြေညာချက်၌ ပါရှိသည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းပိုက်ထားသော စစ်ကောင်စီကို ထောက်ခံသည့်အင်အားစု အစုအဖွဲ့များကလည်း စစ်ကောင်စီတပ်၏ အကြမ်းဖက်သတ်ဖြတ်တိုက်ခိုက်မှုများကို အထောက်အကူပြု အကာအကွယ် ပေးနေခြင်းကြောင့် မြန်မာ့သမိုင်းတွင် မကြုံခဲ့ဘူးသည့် အပြင်းထန်ဆုံးပြည်တွင်းစစ်ကို အရပ်သား ပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရပြီဖြစ်ကြောင်း KIOက ထုတ်ပြန်ခဲ့သည်။

ထို့အပြင် ကိုးကန့်လက်နက်ကိုင်အဖွဲ့(MNDAA)၊ တအာင်းလက်နက်ကိုင်အဖွဲ့(TNLA)နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့(AA)တို့ကလည်း ထန်တလန်ဖြစ်စဉ်နှင့်ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီ၏ လုပ်ရပ် များကို ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ပြီး အဖိနှိပ်ခံ ညီနောင်သွေးချင်း များအားလုံးနှင့် တသွေးတည်း တသားတည်းရှိကြောင်း သဘောထားထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီတပ်၏ ယခုကဲ့သို့ ထိုးစစ်ဆင်တိုက်ခိုက်မှုမျိုးကို လွန်ခဲ့သည့် နှစ်ကာလများ၌ ကိုးကန့်၊ တအာင်း၊ ရခိုင်ဒေသများ၌ ကြိမ်ဖန်များစွာ ပြုလုပ်ထားခဲ့ပြီးဖြစ်ကြောင်း၊ ထန်တလန်ဖြစ်စဉ်အပေါ် ကိုယ်ချင်းစာ တရားအပြည့်ဖြင့်ထပ်တူခံစားရကြောင်း ဖော်ပြထားသည်။

ဓာတ်ပုံ – ထန်တလန် CDF

ဆက်စပ်သတင်းများ

သတင်း

လူစုလူဝေးမလုပ်ဖို့၊ အိမ်တိုင်း ကတုတ်ကျင်းတူးဖို့၊ အရေးကြီးကိစ္စမရှိရင် ခရီးမသွားဖို့၊ လေကြောင်းသတင်း အချင်းချင်း အချိန်မီ သတင်းပေးကြဖို့ သတိပေးထား

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook