Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဆေးရုံ ၉ ရုံကို စစ်ကောင်စီဖိအား​ပေး ပိတ်သိမ်းခိုင်းဟုသတင်းထွက်​ပေါ်

အကြမ်းမဖက်အာဏာရှင်ဆန့်ကျင်ရေး(CDM) ကျန်းမာရေးဝန်ထမ်းများ လက်ခံခြင်း၊အခြားစည်းကမ်းချက်များ​ဖောက်ဖျက်သည်ဆို​သော စွပ်စွဲချက်များဖြင့် ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဆေးရုံ ကိုးခုကို စစ်ကောင်စီက အရေးယူလိုက်ကြောင်း သတင်းထွက်ပေါ်နေသည်။

ရန်ကုန်မြို့ရှိ OSCဆေးရုံအား တွေ့ရစဉ်။ ဓာတ်ပုံ - OSC

ရဲခေါင်/People’s Spring

အကြမ်းမဖက်အာဏာရှင်ဆန့်ကျင်ရေး(CDM) ကျန်းမာရေးဝန်ထမ်းများ လက်ခံခြင်း၊အခြားစည်းကမ်းချက်များ​ဖောက်ဖျက်သည်ဆို​သော စွပ်စွဲချက်များဖြင့် ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဆေးရုံ ကိုးခုကို စစ်ကောင်စီက အရေးယူလိုက်ကြောင်း သတင်းထွက်ပေါ်နေသည်။

စစ်ကောင်စီအရေးယူခဲ့သည့် ဆေးရုံကိုးခုတွင်ဂရန်းဟံသာ၊ဆာကူရာ၊OSC၊ ကောင်း၊သမိုင်း၊ချမ်းမြေ့၊ မြတ်တော်ဝင် ၊ချမ်းသာသုခ နှင့် ကောင်းစုအောင်ဆေးရုံတို့ပါရှိသည်ဟု ဆိုသည်။

ထိုအပြင် ချမ်းမြေ့၊မြတ်တော်ဝင် နှင့် ကျန်းမာသုခ ဆေးရုံတို့ကို အပြီးတိုင်ပိတ်သိမ်းပြီး ကျန်ရှိသော ဆေးရုံများမှာ (၃)လမှ (၂)နှစ်အထိ ယာယီပိတ်သိမ်းရမည်ဖြစ်ကြောင်းလည်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်များက ဖေဖော်ဝါရီ ၁၄ ရက်ကစ၍ လူမှုကွန်ရက်တွင် ဖြန့်ဝေနေသည်။

Public Service Announcement

Public Service Announcement

“ညွှန်ကြားစာ ရောက်လာတယ်ပဲ သိရတယ်။ဘယ်နေ့ကစ ပိတ်မလဲဆိုတာတေ့ မသိသေးဘူး”ဟု အင်းစိန်မြို့နယ် အောက်မင်္ဂလာဒုံလမ်းမကြီးပေါ်ရှိ ကောင်းဆေးရုံနှင့်နီးစပ်သူတစ်ဦးက လူထုနွေဦးသို့ပြောသည်။

ယာယီဆေးရုံပိတ်သိမ်းခံရမည့် စာရင်းပါရှိသော ဂရန်းဟံသာနှင့် ဆာကူလာဆေးရုံကို လူထုနွေဦးက ဆက်သွယ်မေးမြန်းရာတွင် ၂၄ နာရီဖွင့်လှစ်ထားဆဲဖြစ်ကြောင်း အကြောင်းပြန်သည်။

လူထုအခြေပြုနေရသည့် ပုဂ္ဂလိက ဆေးရုံများအား CDM ထောက်ပံ့ကူညီမှုစွပ်စွဲချက်များဖြင့် စစ်ကောင်စီသည် မကြာခဏ အရေးယူနေပြီး ၂၀၂၄ နှင့် ၂၀၂၃တို့တွင် ပင်လုံနှင့် အောင်ရတနာဆေးရုံတို့ကို လပိုင်းကြာ ပိတ်သိမ်းမှုပြုလုပ်ခဲ့သည်။

ယခု ဖေဖော်ဝါရီပထမပတ်အတွင်း မန္တလေးမြို့ရှိ ပန်းလှိုင်ဆေးရုံအပါအဝင် မြတ်ချယ်ရီ၊မြတ်ဝေလျှံ၊ မင်္ဂလာမျိုးဆက် ၊ လန်ဒန်၊ ဇီဝကနှင့် ငြိမ်းချမ်းဆေးရုံ​များကို CDMများနှင့် ဆက်စပ်မှုဖြင့် စစ်ကောင်စီက ပိတ်သိမ်းခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးချိန်ကစ၍ ကျန်းမာရေးဝန်ထမ်း ၁၃၀ ကျော်သေဆုံးသတ်ဖြတ်ခံခဲ့ရပြီး ဆေးရုံဆေးခန်း ၃၄၀ကျော်မှာလည်း ပစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ဖေဖော်ဝါရီ ၄ ရက်က ပြောထားသည်။

ထို့အပြင် နိုင်ငံတစ်ဝန်း ကျန်းမာရေးဝန်ထမ်း တစ်သိန်းအနက် CDM ပြုလုပ်ခဲ့သည့် ကျန်းမာရေးဝန်ထမ်း ၅၀,၀၀၀ ဝန်းကျင် ရှိကြောင်းလည်း သိရသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

BRICS ထိပ်သီးအစည်းအဝေးမှ ပေကျင်း အရေးပေါ်ဆေးရုံအထိ မေးခွန်းထုတ်စရာ သတင်းများ

အတွေးအမြင်

ဗုဒ္ဓဘာသာမှာ ကပ်ကြီး သုံးပါးဆိုတာ ရှိပါတယ်။ ဒုဗ္ဘိက္ခန္တရကပ်၊ သတ္ထန္တရကပ်၊ ရောဂန္တရကပ်တဲ့။ အဓိပ္ပါယ်ကတော့ အများသိပြီးသား ငတ်မွတ်ခေါင်းပါးခြင်းဆိုတဲ့ ဒုဗ္ဘိက္ခန္တရကပ်၊ စစ်မက်ဘေး၊ အချင်းချင်း သတ်ဖြတ်ခြင်းဆိုတဲ့ သတ္ထန္တရကပ်၊ ကူးစက်ရောဂါဘေးဆိုတဲ့ ရောဂန္တရကပ်တွေပါ။

အတွေးအမြင်

အသက် ၆၀ ဝန်းကျင်ရှိသူတွေ “ဘဲဥတခြမ်း” ဆိုတဲ့စကား ကြားလိုက်ရင် အတိတ်ကာလတစ်ခုကို ချက်ချင်းပြန်မြင်မိကြလိမ့်မှာပါ။

ဆောင်းပါး

ခွေးကိုက်ခံရတာက ကြောက်စရာကောင်းပါတယ်။ဒါပေမယ့် မြန်မာနိုင်ငံမှာ ခွေးကိုက်ခံရပြီးဆေးရုံရောက်သွားတဲ့အခါလိုအပ်တဲ့ ခွေးရူးကာကွယ်ဆေးကို အချိန်မီ မရနိုင်တာက ပိုပြီး ကြောက်စရာကောင်းလာနေပါတယ်။