Connect with us

Hi, what are you looking for?

သတင်း

မန္တ​လေးမှာ စစ်​ကောင်စီတပ်သား​တွေက ဖွင့်၊ဖောက်၊စစ်အဖွဲ့ဆိုပြီး ပစ္စည်းပို့သူနဲ့ ကား​တွေကို​ငွေညှစ်​နေ

မန္တလေးမြို့၊စျေးချိုပတ်လည်အနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်​တွေကကဖွင့်၊ဖောက်၊စစ်အမည်နဲ့ အဖွဲ့ဖွဲ့ကာ ပစ္စည်းပို့သူတွေနဲ့ကားတွေကို ငွေကြေးအများအပြားတောင်းနေတယ်လို့ မြို့ခံတချို့က​ပြောတယ်။

၂၀၂၁ ခုနှစ်မှာငြိမ်းချမ်းစွာဆန္ဒပြ​နေ​တဲ့ ပြည်သူ​တွေကို အကြမ်းဖက်ဖြိုခွဲရန် ပြင်ဆင်​နေ​တဲ့ စစ်သား နဲ့ရဲ​တွေ

စိုင်းခမ်း/People’s Spring

မန္တလေးမြို့၊စျေးချိုပတ်လည်အနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်​တွေကကဖွင့်၊ဖောက်၊စစ်အမည်နဲ့ အဖွဲ့ဖွဲ့ကာ ပစ္စည်းပို့သူတွေနဲ့ကားတွေကို ငွေကြေးအများအပြားတောင်းနေတယ်လို့ မြို့ခံတချို့က​ပြောတယ်။

မန္တလေးစျေးချိုအနီး၈၂လမ်း၊၈၃လမ်း၊၈၄လမ်းနဲ့ ၂၆ကနေလမ်း၃၀ အနီးတွေမှာ ရှောင်တခင်ပုံစံမျိုးနဲ့ဖမ်းဆီးလေ့ရှိတယ်လို့ ကားသမားတဦးကပြောပါတယ်။

“တခါကဗျာ။ပို့တဲ့ပစ္စည်းအထုပ်ထဲ တို့ဆေးပါတယ်ဆိုပြီးကားရော၊လူရောဆွဲထည့်ထားတာ။ပါမပါလည်း ဘယ်သူမှမသိဘူး။သူတို့ကဒီအတိုင်းဖမ်းသွားတာ။သိန်း၂၀ နဲ့ လိုက်ရွေးလိုက်ရတယ်”လို့ ယာဥ်မောင်းတဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဲဒီအဖွဲ့ကို မည်သူတွေနဲ့ဖွဲ့စည်းထားမှန်းမသိပေမယ့် ရဲနဲ့စစ်သားတွေအဓိကပါဝင်တယ်လို့သိရပါတယ်။

ဒါ့အပြင် ဆိုင်ကယ်နဲ့ပစ္စည်းပို့ဆောင်တဲ့သူတွေကိုလည်း မကြာခဏတားစစ်ပြီး​တော့ ပါဆယ်ပစ္စည်းတွေထဲမှာ သန္ဓေတားဆေး၊sex ပစ္စည်း၊ဆေးဝါး၊အခွန်ရှောင်နာရီတွေပါတယ်ဆိုပြီး မကြာခဏဖမ်းဆီးလေ့ရှိတယ်လို့ ကုန်ပစ္စည်းပို့ဆောင်ရေးလုပ်ငန်းပိုင်ရှင်တဦးကလည်းပြောပါတယ်။

“တခါတလေဆို သူတို့ကိုယ်တိုင်မှာပြီးတောင် စီးဖမ်းသလားထင်ရတယ်ဗျာ။အတိအကျတွေဖမ်းတာ။Deliတကြောင်းကို ၁၅၀၀​လောက်နဲ့ပို့နေရတာ။သူတို့ဖမ်းလို့ဝန်ထမ်းကိုတခါရွေးရရင်သိန်းဂဏန်းနဲ့ရွေးရတာ”လို့အဲဒီလုပ်ငန်းရှင်ကပြောပါတယ်။

ပြီးခဲ့တဲ့တပတ်ကျော်လောက်ကလည်း စစ်ကောင်

စီအရာရှိတွေရှယ်ယာပါဝင်တဲ့ ကားဂိတ်တခုကိုဖမ်းဆီးခဲ့ပြီး အထက်ကိုပြန်တိုင်ပါက ကားသမားကို ထပ်မံဖမ်းဆီးမယ်လို့ခြိမ်းခြောက်ခဲ့သေးတယ်လို့စုံစမ်းသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က တပ်သား ၂ဦး အလင်းဝင်လာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အမှတ်(၂)စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန ၊ဗျူဟာ(၂၂)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ရေးအခြေအနေတွေကြောင့် ဟားခါးမြို့အနီးဝန်းကျင်ရှိ တောတောင်များ၊ စစ်ရေးလှုပ်ရှားမှုဖြစ်ပွားနိုင်တဲ့ နေရာတွေနဲ့ လူသွားလာမှုနည်းပါးတဲ့ ဒေသတွေကို မလိုအပ်ဘဲ သွားလာခြင်းမပြုကြဖို့ ချင်းဒေသကာကွယ်ရေးတပ်(CDF)- ဟားခါးက ပြည်သူတွေကို မေတ္တာရပ်ခံလိုက်ပါတယ်။