Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်း လုံခြုံရေးအတွက် ဥရောပ အစောင့်အရှောက်တပ်တစ်ခု ထူထောင်ဖို့ ဗြိတိန်နဲ့ ပြင်သစ် ကြိုးစားနေ

ယူကရိန်းရဲ့ လုံခြုံရေး ကဏ္ဍကို ကူညီ အားဖြည့်ပေးနိုင်မယ့် ဥရောပ အစောင့်အရှောက် တပ်တစ်ခုကို ဖွဲ့စည်းဖို့ ဗြိတိန်နဲ့ ပြင်သစ် အစိုးရတွေ ဦးဆောင်ပြီး ကြိုးစားနေကြောင်း သိရပါတယ်။

ယူကရိန်းရဲ့ လုံခြုံရေး ကဏ္ဍကို ကူညီ အားဖြည့်ပေးနိုင်မယ့် ဥရောပ အစောင့်အရှောက် တပ်တစ်ခုကို ဖွဲ့စည်းဖို့ ဗြိတိန်နဲ့ ပြင်သစ် အစိုးရတွေ ဦးဆောင်ပြီး ကြိုးစားနေကြောင်း သိရပါတယ်။

အမေရိကန် အစိုးရက ရုရှားနဲ့ တိုက်ရိုက် ဆက်သွယ်ပြီး ယူကရိန်း စစ်ပွဲ ရပ်ဆိုင်းရေးကိစ္စ ဆွေးနွေးမှုတွေ အရှိန်မြှင့်တင်လာချိန်မှာ ဥရောပ နိုင်ငံတွေဖက်ကလည်း အခုလို တုံ့ပြန် လှုပ်ရှားလာတာ ဖြစ်ပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဥရောပ မဟာမိတ်တွေနဲ့ ယူကရိန်း အစိုးရကို လုံးဝဥဿုံ မျက်ကွယ်ပြုပြီး သူ့သဘောအတိုင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကို တိုက်ရိုက်ချိတ်ဆက် စကားပြောခဲ့တာ ဖြစ်ပါတယ်။

Reassurance Forceလို့ သုံးနှုန်းရည်ညွှန်းတဲ့ အဲဒီ လျာထားတပ်ဖွဲ့ဟာ ယူကရိန်းရဲ့ မြို့ကြီးတွေ၊ ဆိပ်ကမ်းတွေနဲ့ အခြေခံ အဆောက်အအုံတွေကို ရုရှားက နောက်ထပ် တိုက်ခိုက်လာနိုင်ခြေတွေကနေ တားဆီးဖို့ ရည်ရွယ်ထားတာပါ။

အဲဒီတပ်ဖွဲ့မှာ ဥရောပ နိုင်ငံတွေ စုပေါင်း ဖြန့်ကျက်ပေးမယ့် တပ်အင်အား ၃၀၀၀၀ လောက် ပါဝင်မှာဖြစ်ပြီး ရေတပ်နဲ့ လေတပ်တွေကို အဓိကထား ဖြည့်တင်းသွားဖွယ် ရှိပါတယ်။ ခြေလျင် တပ်တွေကတော့ အချိုးအစား အနည်းဆုံးနဲ့ ပါဝင်မှာဖြစ်ပြီး ယူကရိန်းရဲ့ ရှေ့တန်းစစ်မြေပြင်တွေ အနီးမှာတော့ ဖြန့်ကျက်ဖို့ မရှိပါဘူး။ တစ်နည်းအားဖြင့် အဲဒီ တပ်ဟာ ရေပြင်နဲ့ ဝေဟင်ကနေ တိုက်ခိုက်လာမယ့် ရုရှား စစ်လက်နက်တွေကို ကြားဖြတ် ဟန့်တားတဲ့ ကာကွယ်ရေး ကဏ္ဍကို အဓိက အာရုံစိုက်သွားမယ့် သဘောပါပဲ။

Public Service Announcement

Public Service Announcement

ပြီးတော့ နောက်ထပ် ရည်မှန်းချက် တစ်ခုအဖြစ် ယူကရိန်း လေပိုင်နက်ကို အရပ်ဖက် လေကြောင်းလိုင်းတွေ လုံလုံခြုံခြုံ ပျံသန်း ပြေးဆွဲနိုင်အောင် ပြန်ဖွင့်ဖို့နဲ့ မြေထဲပင်လယ်ရဲ့ သယ်ယူပို့ဆောင်ရေး ရေလမ်းကြောင်းတွေမှာ လုံခြုံရေး ထောက်ပံ့ပေးနိုင်ဖို့လည်း ရည်ရွယ်ထားပါတယ်။

သုံးနှစ်တာ စစ်ပွဲအတွင်း ရုရှားဟာ ယူကရိန်းရဲ့ ဓာတ်အားပေး စက်ရုံတွေ၊ ဆိပ်ကမ်းတွေနဲ့ တခြား အခြေခံ အဆောက်အအုံတွေကို အကြိမ်ကြိမ် ဗုံးကြဲ တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

စစ်ရေး သုတေသီတွေကတော့ Reassurance Force စီမံကိန်း အမှန်တကယ် ရုပ်လုံးပေါ်လာရင်တောင်မှ ယူကရိန်းကို ဘယ်လောက် ထိထိရောက်ရောက် အထောက်အပံ့ ပေးနိုင်မလဲ ဆိုတဲ့အပေါ် မေးခွန်းထုတ်နေကြပါတယ်။ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ ရုရှားကျူးကျော်မှုကို တွန်းလှန်ဖို့ဆိုရင် အမေရိကန်ပါ ပါဝင်ပြီး တပ်အင်အား ၁ သိန်းကနေ ၁ သိန်းခွဲကြားလောက် ဖြန့်ကျက်ထားဖို့ လိုမယ်လို့ ပြောကြားဖူးပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဆက်သ်က ယူကရိန်းမှာ အမေရိကန်တပ်တွေ လုံးဝ ဖြန့်ကျက်ထားမှာ မဟုတ်ကြောင်း အတိအလင်း ကြေညာသွားပါတယ်။

သတင်းတွေအရ ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာနဲ့ ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်တို့ဟာ ဝါရှင်တန်ကို သီးခြားစီ သွားရောက်ပြီး Reassurance Force ထူထောင်ရေးမှာ ထောက်ခံမှု ရရှိဖို့နဲ့ အနာဂတ်မှာ အဲဒီတပ်ကို ရုရှားက ထိပ်တိုက် ရင်ဆိုင် စိန်ခေါ်တာမျိုး မရှိလာအောင် ဖိအားပေးနိုင်ဖို့ ထရမ့်ကို တောင်းဆိုသွားဖွယ် ရှိနေကြောင်း သိရပါတယ်။

ရုရှားကတော့ ယူကရိန်းမြေမှာ NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေရဲ့ တပ်တွေ ဖြန့်ကျက်မယ့် ကိစ္စတိုင်းကို ပြင်းပြင်းထန်ထန် ဆန့်ကျင် ကန့်ကွက်မှာဖြစ်ကြောင်း အတိအလင်း သတိပေး ပြောဆိုထားပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်းသက်သေပြပေးဖို့အတွက် "Proof of life" လှုပ်ရှားမှုကို ဇူလိုင် ၂၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ပြင်သစ်နိုင်ငံရဲ့ မြို့ကြီးတစ်မြို့နဲ့ အရမ်းနီးကပ်တဲ့ နေရာထိ တောမီးတွေ ကူးစက်လာနေကြောင်း သိရပါတယ်။

ဆောင်းပါး

ဗြိတိန်နိုင်ငံရေးလောကမှာ အချိန်အတော်ကြာ လူသိများခဲ့တဲ့ နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ အင်ဒီ ဘန်းဟမ်း (Andy Burnham) ဟာ အခုအခါမှာတော့ နိုင်ငံရဲ့အမြင့်ဆုံးရာထူးဖြစ်တဲ့ ဝန်ကြီးချုပ် နေရာကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။